Movies Web-DL
Carter (2022)
ကာတာဟာ အတိတ်မှတ်ဉာဏ်တွေကိုမေ့ပျောက်နေရာကနေနိုးထလာခဲ့ချိန် အနားမှာရန်သူတွေ ဝိုင်းနေပါတယ်။ အဲ့ဒီအချိန်မှာပဲဖုန်းသံမြည်လာခဲ့ပြီး ဖုန်းထဲကအသံဟာ သူ့ကိုဝိုင်းနေတဲ့အထဲကတစ်ယောက်ကို ဖုန်းပေးခိုင်းတဲ့အတွက်ညွှန်ကြားတဲ့အတိုင်းပေးလိုက်ချိန်မှာတော့ ဖုန်းပေါက်ကွဲသွားပြီး အားလုံးလဲကျသွားချိန်မှာသူထွက်ပြေးရပါတော့တယ်၊ အဲ့ဒီကစလို့ ဘာကိုမှ မမှတ်မိတဲ့သူ့အနေနဲ့ ဖုန်းထဲက ညွှန်ကြားတဲ့အသံအတိုင်းလိုက်လုပ်ရဖို့ဖြစ်လာခဲ့သလိုသွားလေရာမှာလဲရန်သူတွေ ဝိုင်းနေတာပါပဲ၊ သေချာတာတစ်ခုက သူ့နားထဲကအသံရော၊ သူ့ဘေးကလူတွေရော ချဉ်းကပ်လာသူမှန်သမျှ ဘယ်သူ့ကိုမှမယုံရဘူးဆိုတာပါပဲ။ အစကနေအဆုံးအထိကြမ်းချက်က မနားတမ်းဖြစ်တဲ့အတွက် ပရိသတ်အသက်ရှုချိန်တောင်မရတဲ့အထိပါပဲ၊ တစ်ကားလုံးနီးပါးကို One shot ပုံစံမျိုးနဲ့ရိုက်ထားတာဖြစ်ပြီး လက်ကိုင်ကင်မရာရိုက်ချက်ဆန်ဆန်တွေ ဂိမ်းမြင်ကွင်းပုံစံတွေမျိုးတွေကိုပါ ဆန်းဆန်းပြားပြားတွေ့မြင်ရပါလိမ့်မယ်။ The villainess နဲ့ Hardcore Henary တို့ကိုရောမွှေထားတဲ့ပုံစံမျိုးဖြစ်ပြီး Non-stop အက်ရှင်စစ်စစ်ဖြစ်တဲ့အတွက် အက်ရှင်ပရိသတ်တွေအတွက်ရွှေပါပဲ။ ဝေဖန်ရေးဆရာတွေကတော့ အက်ရှင်ခန်းတွေများလွန်းတာ၊ကြမ်းလွန်းတာကို ချေးများကြပေမယ့်လဲ ပေါ့ပေါ့ပါးပါးဖျော်ဖြေရေးအတွက်ဆိုရင်တော့ရင်သပ်ရှုမော ရိုက်ချက်တွေ စတန့်ခန်းတွေ ခမ်းနားလှပသေသပ်တဲ့ ကိုယ်ခံပညာဇာတ်ဝင်ခန်းတွေက တန်လွန်းမကတန်ပါလိမ့်မယ်။ (ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတစ်ချို့နဲ့ကြမ်းတမ်းရက်စက်တဲ့သတ်ဖြတ်ခန်းတွေကြောင့်တော့ မိသားစုကြည့်ဖို့မသင့်ပါ) Format……….: .mp4 & .mkv […]