A Man of Action (2022)

A Man of Action (2022)

0 1487
A Man of Action (2022)
A Man of Action (2022)
111 min|Biography, Crime, Drama|30 Nov 2022
6.3Rating: 6.3 / 10 from 1,857 usersMetascore: N/A
In this drama inspired by the life of Lucio Urtubia, an anarchist targets one of the world's biggest banks with an ingenious counterfeiting operations.
YouTube video

ဒီဇာတ်ကားလေးကတော့ဖိနှိပ်အုပ်ချုပ်မှုကိုမကြိုက်တဲ့မင်းမဲ့ဝါဒီသမားတစ်ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

လူစီယိုဆိုတဲ့လူတစ်ယောက်ဟာငယ်ငယ်လေးတည်းကမတရားမှုတွေဖိနှိပ်မှုတွေကိုမုန်းတီးခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီထဲမှာသူအမုန်းတီးဆုံးကတော့ဘဏ်တွေပဲဖြစ်ပါတယ်။အဲ့ဒီခေတ်အခါကဘဏ်တွေဟာပြည်သူတွေရဲ့ဂုတ်သွေးကိုစုပ်ပြီးတော့ပြည်သူတွေကိုအဖိနှိပ်ဆုံးအရာဖြစ်ပါတယ်။ အဲ့ဒီလိုနဲ့လူစီယိုဟာသူ့ဘဝတစ်သက်လုံးလုပ်သွားမဲ့စီမံကိန်းတစ်ခုကိုစတင်ခဲ့ပါတော့တယ်။ အဲ့ဒါကဘဏ်တွေကိုတိုက်ခိုက်ဖို့အတွက်ပါပဲ။

သူကဆောက်လုပ်ရေးအလုပ်ကြမ်းသမားပန်းရံသမားတစ်ယောက်အဖြစ်အလုပ်လုပ်နေခဲ့ရပြီးဘဏ်တွေကိုဓားပြတိုက်တဲ့နာမည်ကြီးတစ်ယောက်နဲ့တွေ့တဲ့အခါမှာသူ့ဘဝကစတင်ပြောင်းလဲသွားခဲ့ပါတယ်။ တစ်ခါမှဘဏ်ဓားပြမတိုက်ဖူးတဲ့လူစီယိုဟာပထမဆုံးဓားပြတိုက်တဲ့အခါမှာအလွဲတွေများစွာလုပ်ခဲ့ပါတယ်။ ဒါပေမယ့်သူကအရည်အချင်းရှိတဲ့သူစိတ်ဓာတ်ပြင်းပြတဲ့သူဆိုတာကိုသိတဲ့အတွက်သူ့ရဲ့စံပြပုဂ္ဂိုလ်နဲ့အတူတူဘဏ်တွေအများကြီးကိုဓားပြထပ်တိုက်ခဲ့ပါတယ်။ ဒါပေမယ့်အကြောင်းအခွင့်မသင့်လို့သူတို့လမ်းခွဲရပြီးနောက်မှာဘဏ်တွေကိုဓားပြတိုက်ဖို့အတွက်လက်နက်ကိုင်ပြီးတိုက်ခိုက်တာထက်ပိုကောင်းတဲ့နည်းလမ်းတွေရှိသေးတယ်ဆိုတာကိုလူစီယိုတစ်ယောက်သိသွားခဲ့ပါတယ်။ ဒီလိုနဲ့တဖြည်းဖြည်းသူ့ရဲ့ပစ်မှတ်ကအဲ့ဒီအချိန်မှာကမ္ဘာကြီးပေါ်မှာအကောင်းဆုံးဘဏ်တစ်ခုဖြစ်တဲ့ City Bank ဖြစ်လာခဲ့ပါတယ်။

လူစီယိုတစ်ယောက်သူ့ရဲ့တစ်သက်တာစီမံခဲ့ရတဲ့ဘဏ်တွေကိုဖြုတ်ချဖို့ဆိုတဲ့စီမံကိန်းကိုအကောင်အထည်ဖော်ဖို့အတွက်ဘာတွေကိုပေးဆပ်ရမယ် ဘယ်လိုတွေစီမံသွားမယ် ဘယ်လိုတွေကြိုးစားအားထုတ်သွားတယ်ဆိုတာကိုကြည့်ရှူရမဲ့ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

  • Format……….: .mp4 & .mkv
  • Quality………..: WEB-DL
  • Resolution….: 1080p 5.1CH, 720p, 480p
  • Duration……..: 1h 51m
  • Translator…..: Saw Lay
  • Encoder………: MZM
Subscribe
Notify of
A Man of Action (2022)
0 Comments
Inline Feedbacks
View all comments