Barbarian (2022)

Barbarian (2022)

0 502
Barbarian (2022)
Barbarian (2022)
102 min|Horror, Thriller|09 Sep 2022
7.1Rating: 7.1 / 10 from 66,504 usersMetascore: 78
A woman staying at an Airbnb discovers that the house she has rented is not what it seems.
YouTube video

တက်စ်ဆိုတဲ့ကောင်မလေးဟာ ဒတ်ထရွိုက်မြို့ကိုအလုပ်အင်တာဗျူးအတွက်ရောက်လာခဲ့ပြီး အွန်လိုင်းကနေအငှားတင်ထားတဲ့အိမ်တစ်လုံးမှာတည်းဖို့သွားခဲ့ပါတယ်၊ မိုးတွေရွာနေတဲ့ည၊မြို့လယ်ခေါင်နဲ့ဝေးလွန်းတဲ့ရပ်ကွက်တစ်ခုရဲ့အိမ်တစ်လုံးမှာသူ့ထက်အရင် ကိတ်သ်ဆိုတဲ့လူက ရောက်နှင့်နေပြီး အဲ့ဒီလူကလဲ အွန်လိုင်းကနေငှားခဲ့တာဖြစ်တဲ့အကြောင်းသိလိုက်ရပါတယ်။

အငှားဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီရဲ့အမှားဖြစ်ပေမယ့် ညနက်နေပြီဖြစ်တဲ့အတွက် တက်စ်မှာရွေးချယ်ခွင့်မရှိပဲအဲ့ဒီနေရာမှာပဲတည်းဖို့ဖြစ်လာပါတော့တယ်။အဲ့ဒီညမှာ တက်စ်ဟာ ညသန်းခေါင်အသံတစ်ခုကြောင့်လန့်နိုးလာခဲ့ပြီး သူ့အခန်းတံခါးပွင့်နေတဲ့အပြင် ဧည့်ခန်းမှာအိပ်ပျော်နေတဲ့ကိတ်သ်ကလဲအိမ်မက်ဆိုးမက်ပြီးယောင်ယမ်းနေတာကိုတွေ့ခဲ့ရပါတယ်။ နောက်တစ်နေ့မှာတော့ တက်စ်တစ်ယောက်မတော်တဆမြေအောက်ခန်းကိုဆင်းမိရင်းလျှို့ဝှက်အခန်းတစ်ခန်းကိုရှာတွေ့တဲ့အချိန်မှာတော့ ဇာတ်လမ်းစပါတော့တယ်၊ အဲ့ဒီအခန်းက ဘာလဲ? ဘယ်လိုလျှို့ဝှက်ချက်တွေ ခြောက်ခြားစရာတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကိုဆက်လက်ရှုစားကြပါ။

Babarian ဟာရုံတင်စမှာ ပုံမှန်ပဲသွားခဲ့ပေမယ့် နောက်ပိုင်းမှာတော့တစ်ဆင့်စကားနဲ့ညွှန်းကြရင်း ၄.၅ မီလျံဘတ်ဂျက်ကနေ ၄၂ မီလျံပြန်ရှာနိုင်တဲ့အထိပေါက်ခဲ့ပါတယ်။ ဇာတ်ကားနမူနာထဲမှာ Horror ဆိုတာကလွဲပြီး ဘာကားမှန်းမသိရအောင်လုပ်သွားတဲ့အပြင် အဲ့ဒီလိုဘာကားမှန်းမသိပဲကြည့်ရတဲ့အရသာကိုက မိုက်နေတာမျိုးပါ။ ဇာတ်လမ်း၊ တင်ဆက်ပုံ၊ Twist တွေကအစလုံးဝရှယ်တွေချည်းဖြစ်တဲ့အပြင်သုံးသွားတဲ့သရုပ်ဆောင်တွေကလဲ ကွက်တိပါပဲ၊ IMDB, RT, Metacritic တို့မှာလဲအမြင့်စား Rating တွေချည်းရထားတဲ့အတွက်၊ ဒီနှစ်အတွင်းအကောင်းဆုံး Horror တွေထဲကတစ်ကားဖြစ်ပြီး ကြည့်ဖြစ်အောင်ကြည့်ကြစေချင်ပါတယ်။

  • Format……….: .mp4 & .mkv
  • Quality………..: WEB-DL
  • Resolution….: 4k 5.1CH, 1080p 5.1CH, 720p, 480p
  • Duration……..: 1h 42m
  • Translator…..: Dreamy
  • Encoder………: MZM
Subscribe
Notify of
Barbarian (2022)
0 Comments
Inline Feedbacks
View all comments