Movies   Blu-ray   Web-DL   

Ambulance (2022)

ဂုဏ်ထူးဆောင်စစ်ပြန်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဝီလ်ရှာ့ပ်ဟာ သူ့ဇနီးဆေးကုသစရိတ်ကို အသည်းအသန်လိုအပ်နေခဲ့ပါတယ်။ နည်းလမ်းပေါင်းစုံစဉ်းစားမရတဲ့အဆုံး ကာလကြာကွဲကွာနေခဲ့တဲ့ သူ့မွေးစားအစ်ကို ဒန်နီဆီမှာသွားပြီး အကူအညီတောင်းခဲ့ရပါတယ်။ ဒန်နီက သူတောင်းဆိုလာတဲ့ အကူအညီအစား အယ်လ်အေသမိုင်းတစ်လျှောက်အကြီးဆုံးဖြစ်လာမယ့် ဘဏ်ဓားပြမှုကြီးမှာပါဝင်ဖို့သူ့ကိုဆွယ်တဲ့အဆုံး ဝီလ်မငြင်းနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ သူတို့ရဲ့ထွက်ပြေးလွတ်မြောက်ဖို့ အစီအစဉ်တလွဲတချော်ဖြစ်သွားတဲ့နောက်မှာတော့ ဒဏ်ရာရနေတဲ့ ရဲတစ်ယောက်ဆေးဘက်အကူမိန်းကလေးတစ်ယောက်တို့ကိုပါ ဓားစာခံအဖြစ် ခေါ်သွားပြီး ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်။ သူတို့ နောက်ကိုလဲ မြို့ပေါ်က ဥပဒေစိုးမိုးရေးအဖွဲ့မှန်သမျှက ရှိသမျှ အင်အားအကုန်သုံးပြီးတော့ လိုက်လံဖမ်းဆီးတော့မှာပါ။ မိုက်ကယ်ဘေးရဲ့ထုံးစံ အမိုက်စားရိုက်ချက်တွေ Car Chase အလန်းစားတွေနဲ့ တစ်ကားလုံးဝုန်းဒိုင်းကြဲနေအောင်ကြမ်းမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အက်ရှင်ကားကောင်းကြိုက်သူတွေလက်လွတ်မခံသင့်တဲ့ကားပါ။ Format……….: .mp4 & .mkv Quality………..: Blu-ray, Web-DL Resolution….: 4K (Web-DL), 1080p 5.1CH, 1080p FHD, 720p, 480p Duration……..: 2h 16m […]
  • 4k
  • 4 weeks ago
Movies   Blu-ray   

The Batman (2022)

2022ရဲ့ Hit Movieတစ်ကားဖြစ်တဲ့ The Batmanဟာဆိုရင်ဖြင့် IMDb 8.1/10 နဲ့ပွဲထွက်လာပြီး ဆုတွေလည်းရဖို့ရှိနေပါတယ်။ Twilightထဲကမင်းသားချော Robert Pattinsonက ဆြာဘတ်နေရာမှာ ပါဝင်သရုပ်ဆောင်ထားလို့ ပိုပြီးသဘောကျစရာပါ။ ဇာတ်လမ်းကတော့ ဂေါ့သမ်မြို့မှာ ရစ်ဒလာတစ်ယောက်မွှေနေတာကို ဘတ်မန်းကအဖြေရှာဖြေရှင်းပုံကို ရိုက်ပြထားတာပါပဲ။ ဇာတ်ကားက ၃နာရီကြာမြင့်ပေမဲ့ ပဟေဠိတွေနဲ့လှည့်ကွက်တွေက အချိန်ကုန်မှန်းမသိအောင် ထိန်းပေးသွားပါတယ်။ လူတိုင်းသိပြီးသား ဇာတ်လမ်းဖြစ်တာကြောင့် သိပ်မspoilတော့ပါဘူး။ ကိုယ့်ဟာကိုယ်ပဲ ကြည့်ရှုလိုက်ကြပါဦး။ Robert Pattinsonတစ်ယောက် သွေးစုပ်ဖုတ်ကောင်ဘဝကနေ လင်းနို့ဖြစ်လာဖို့ ၁၅နှစ်ကြာခဲ့တာကြောင့် လင်းနို့ဘဝမှာရော ဘာတွေလုပ်ပြနိုင်ဦးမလဲကို ကြည့်လိုက်ရအောင်ပါနော်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K, 1080p 5.1CH, 1080p TrueHD, 720p, 480p Duration……..: 2h 56m Translator…..: […]
  • 4k
  • 4 weeks ago
Movies   Blu-ray   

Doctor Strange in the Multiverse of Madness (2022)

Doctor Strange ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ wandavision အဖြစ်အပျက်တွေအပြီးအချိန်ကိုဇာတ်အိမ်တည်ထားပါတယ်။ Doctor Strange ဟာသူ့အိမ်မက်တွေထဲမှာတွေ့တွေ့နေတဲ့ စကြာဝဠာတွေကိုကျော်ဖြတ်ခရီးသွားနိုင်တယ်ဆိုတဲ့ ရှားပါးတဲ့အစွမ်းပိုင်ရှင် ကောင်မလေးကို ဧရာမရေဘဝဲကြီးရန်ကနေကယ်ဆယ်ခဲ့ပြီးနောက် ပြဿနာက ဒီမှာတင်မပြီးတာကိုသိခဲ့ရပါတယ်။ ကောင်မလေးရဲ့အစွမ်းကိုအသည်းအသန်လိုချင်နေတဲ့ရန်သူနဲ့တကွဲခြိမ်းခြောက်မှုအန္တရာယ်အမျိုးမျိုးအကြောင်းသိလာချိန်မှာ သူတစ်ဦးတည်း မလုံလောက်နိုင်တော့လို့ စကားလက်ဝှစ်ချ်နဲ့ ဝေါင် တို့ကိုပါ အကူအညီတောင်းခဲ့ပေမယ့်..၊ စောင့်မျှော်ရကျိုးနပ်သလို ပရိသတ်ကျေနပ်အားရစေမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K SDR, 1080p 5.1CH, 1080p FHD, 720p, 480p Duration……..: 2h 6m Translator…..: Dreamy Encoder………: MZM Update တွေကြည့်ရအောင် Telegram ကို Join ထားပါ ShweFlix လင့်သေနေတာရှိရင် အောက်ကကွန်းမန့်မှာ ရေးခဲ့ပေးပါ။
  • 4k
  • 4 weeks ago
Movies   Blu-ray   

Uncharted (2022)

ရတနာသိုက်ရှာမုဆိုး ဗစ်တာဟာ သူလိုချင်တဲ့အရည်အချင်းတွေရှိနေတဲ့ နေသန်ဆိုတဲ့ကောင်လေးကို နှစ် ငါးရာကျော်လောက်ပျောက်ဆုံးနေတဲ့ရွှေသိုက်ကြီးကိုကူညီရှာဖွေဖို့စည်းရုံးခဲ့ပါတယ်။ သူပေးတဲ့မက်လုံးကတော့ နေသန်နဲ့ငယ်စဉ်ကတည်းက ကွဲကွာသွားတဲ့ သူ့လိုပဲ ရတနာသိုက်ရှာဖွေရာမှာ ဝါသနာထုံတဲ့အစ်ကိုဖြစ်သူကို ပြန်တွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ဒါပေမယ့် ရတနာသိုက်ကိုလိုက်လံရှာဖွေတဲ့ စွန့်စားခန်းတွေ ပဟေဠိတွေ တစ်ဖက်ကပြိုင်ဘက်တွေကြားမှာမှ ဗစ်တာဟာ ဘယ်လိုမှယုံစားလို့မရတဲ့ သူလိုချင်တာ ရဖို့ဘာမဆိုချနင်းမယ့်လူတစ်ယောက်ဆိုတာ တစ်ဖြည်းဖြည်းသဘောပေါက်လာခဲ့ပါတယ်။ နာမည်ကျော် ဂိမ်းကိုပြန်အသက်သွင်းထားတဲ့ Game Adaptation ရုပ်ရှင်ကားဖြစ်ပြီး ဂိမ်းပရိသတ်တွေပါ သဘောကျကြတဲ့၊အက်ရှင် storytelling သရုပ်ဆောင်တွေပါ ပြည့်စုံကောင်းမွန်တဲ့ Action, Adventure ကားကောင်းတစ်ကားပါ။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K, 1080p 5.1CH, 720p, 480p Duration……..: 1h 56m Translator…..: Dreamy Encoder………: MZM […]
  • 4k
  • 4 weeks ago
Movies   Blu-ray   Web-DL   

The Outfit (2022)

ဇာတ်လမ်းခိုင်မာပြီး အနှစ်အရသာရှိတဲ့ Crime, Drama ကားမျိုးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီကားကကွက်တိပါပဲ။ အပ်ချုပ်သမားတစ်ယောက်ဆိုရင် သူ့ဘဝကြီးကိုအေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေမယ်လို့ပဲ လူတိုင်းစိတ်ကူးမိကြမှာပါ။ ဒါပေမဲ့ ချီကာဂိုမြို့တစ်နေရာက အနောက်တိုင်းဝတ်စုံလက်ရာကောင်းတွေ ချုပ်လုပ်ပေးတဲ့ အင်္ဂလိပ်လူမျိုးကြီးတစ်ယောက်ကတော့ သူ့ဘဝမှာဆန်းကြယ်မှုအစုံ ကြုံလာရမယ်ဆိုတာ ဘယ်ထင်ထားပါ့မလဲ။ ဒါမှမဟုတ် သူထင်ထားလေမလား။ အင်္ဂလိပ်လို့ သူ့ကိုချစ်စနိုးနဲ့ခေါ်ကြတဲ့ ဖောက်သည်တွေထဲမှာ ရွိုင်ဘွိုင်းဦးဆောင်တဲ့ ဘွိုင်းအဖွဲ့သားတွေက သူ့ဆိုင်ရဲ့အမြဲတမ်းဖောက်သည်တွေပါ။ သူတို့က အင်္ကျီချုပ်ဖို့အတွက် ဒီဆိုင်ကိုလာသလို ဆိုင်နောက်ခန်းမှာ ကိုယ်ပိုင်စာတိုက်ပုံးထားပြီး သူတို့အချင်းချင်းလျှို့ဝှက်ဆက်သွယ်ဖို့လည်း လာကြပါသေးတယ်။ ဘွိုင်းအဖွဲ့ရဲ့ အဓိကပြိုင်ဘက်ကတော့ လာဖောင်တိန်းဆိုတဲ့ဂိုဏ်းဖြစ်ပြီး အပြန်အလှန်ရှင်းပစ်နိုင်ဖို့ ကြံစည်နေကြတာပါ။ တစ်ရက်မှာတော့ သူတို့လက်ထဲကို ဘွိုင်းအဖွဲ့ပြောဆိုထားတာကို အသံဖမ်းထားတဲ့တိပ်ခွေတစ်ခု ရောက်လာပါတယ်။ ဘွိုင်းအဖွဲ့ကလည်း ဒီလိုအသံဖမ်းနိုင်အောင် ဘယ်သူကူညီပေးတာလဲဖော်ထုတ်ချင်၊ လာဖောင်တိန်းတို့ကလည်း အဲဒီတိပ်ခွေကိုလိုချင်နဲ့ ပစ်ခတ်မှုတွေဖြစ်ပြီး ဘွိုင်းအဖွဲ့ရဲ့အိမ်ရှေ့မင်းသားလေး ရစ်ချီတစ်ယောက် အပ်ချုပ်ဆိုင်လေးဆီကို သေနတ်ဒဏ်ရာနဲ့ရောက်လာခဲ့ပါတော့တယ်။ အဲဒီကစလို့ […]
  • 4k
  • 4 weeks ago