Movies Web-DL
Janhit Mein Jaari (2022)
ဒီဇာတ်ကားလေးကတော့ Comedy, Drama, Romance အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မန်နူဟာခေတ်ပညာတတ်အမျိုးသမီးတစ်ယောက်ဖြစ်ပြီးအိမ်ထောင်ပြုသားမွေးတင်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုရပ်တည်နိုင်တဲ့အမှီခိုကင်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်ချင်နေတဲ့သူပါ။ ဒါကြောင့်လည်းသူ့မိဘတွေက အိမ်ထောင်ဖက်တွေ့ပေးဖို့စီစဉ်တာတွေကိုလက်မခံဘဲ အလုပ်ပဲလိုက်ရှာနေခဲ့တာပါ တစ်နေ့မှာတော့မန်နူတစ်ယောက်ကွန်ဒုံးထုတ်တဲ့စက်ရုံမှာ လစာကောင်းကောင်းနဲ့အလုပ်ရခဲ့ပါတယ်။ အိန္ဒိယလူမှုပတ်ဝန်းကျင်ဆိုတာက ထုံးတမ်းစဉ်လာတွေကို အလေးအနက်ထားပြီးအယူသီးတဲ့မိသားစုတွေများပါတယ်။ ကွန်ဒုံးစက်ရုံမှာ အလုပ်လုပ်ဖို့မပြောနဲ့ ဒီကွန်ဒုံးဆိုတဲ့စကားလုံးကိုတောင်ညစ်ညမ်းတယ်လို့သတ်မှတ်ထားတဲ့သူတွေပါ ဒါပေမယ့် မန်နူဟာ ကွန်ဒုံးစက်ရုံမှာ အလုပ်စလုပ်တုန်းက အလုပ်တစ်ခုလိုပဲ သဘောထားရာကနေ အိန္ဒိယနိုင်ငံအတွင်း တရားမဝင်ကိုယ်ဝန်ဖျက်ချမှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ မိန်းကလေးတွေရဲ့ဘဝကို စာနာမိပြီး ကွန်ဒုံးရောင်းတယ်ဆိုတာထက် အမျိုးသမီးအားလုံးကို အသိပညာပေးခဲ့ပါတယ်။ ဒီဇာတ်ကားလေးထဲမှာ မန်နူဟာ လူမှုပတ်ဝန်းကျင်ရဲ့အယူသီးမှု အစွဲကြီးမှုတွေကိုဆန့်ကျင်ပြီးအမျိုးသမီးတွေရဲ့ကျန်းမာရေး ဘေးကင်းရေးအတွက် ဘယ်လိုမျိုးအသိပညာပေးသွားသလဲ။ လူမှုပတ်ဝန်းကျင်ရဲ့တိုက်ခိုက်မှုတွေကို ဘယ်လိုရင်ဆိုင်သွားသလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇတ်ကားလေးဖြစ်လို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: WEb-DL Resolution….: 1080p, 720p, 480p Duration……..: 2h 26m […]