Movies Web-DL
Incantation (2022)
ဇူလိုင်လ ၈ ရက်မှာ ဒီဇာတ်ကားကိုနက်ဖလစ်မှာစတင်ပြသခဲ့ပြီး ချက်ချင်းဆိုသလို ၁၂ လအတွင်းဝင်ငွေအကောင်းဆုံးထိုင်ဝမ်ရုပ်ရှင်ဖြစ်သွားခဲ့သလို ထွက်ရှိခဲ့ဖူးသမျှမှာ ဝင်ငွေအကောင်းဆုံး ထိုင်ဝမ်ထိတ်လန့်သည်းဖိုကားလဲဖြစ်သွားခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ အစမှာ ဇာတ်ဆောင်အမျိုးသမီးက ပရိသတ်တွေကို သူ့သမီးအပေါ်သင့်နေတဲ့ ကျိန်စာကနေ ကယ်တင်ဖို့အထောက်အကူဖြစ်အောင်မန္တာန်တစ်ခုကို သံပြိုင် (စိတ်ထဲကဖြစ်ဖြစ်) လိုက်ရွတ်ခိုင်းခဲ့ပါတယ်။ အစပိုင်းမှာ လိုက်ရွတ်ခဲ့မိကောင်းလိုက်ရွတ်နိုင်မိလောက်တဲ့ ပရိသတ်ဟာ ဇာတ်သိမ်းချိန်မှာတော့ ထိတ်လန့်တကြားဖြစ်ပြီး ပွဲဆူသွားတဲ့နောက် ပြန်ပြီးရှင်းလင်းပေးရတဲ့ အထိကြီးကျယ်သွားခဲ့ပါသေးတယ်။ found footage ပုံစံနဲ့တင်ဆက်ခဲ့တဲ့ဇာတ်ကားတွေထဲမှာ ဒီကားဟာ ပထမဆုံးမဟုတ်ရုံတင်မက လက်ရှိအနေအထားမှာနောက်ဆုံးပါ၊ blair witch project (1999) မှာစတင်ထိတွေ့ခဲ့ကြပြီး ဒီလိုကားမျိုးတွေဟာ စရိတ်ကျဉ်းကျဉ်းနဲ့ဝင်ငွေကိုသဲ့ယူနိုင်တာ ထုတ်လုပ်သူတွေသိခဲ့တဲ့နောက်ပိုင်း ရိုးအီနေအောင်ကို ပရိသတ်မြင်ခဲ့ဖူးပြီးသားအမျိုးအစားပါပဲ။ ဒီလိုဆိုရင် ဒီကားဘာကြောင့် အခုလောက်အထိ ပေါက် သွားလဲဆိုတာကိုဆက်လက်ရှုစားကြပါ၊ အနီးစပ်ဆုံးအနေနဲ့ ပြီးခဲ့တဲ့နှစ်က ဒီလိုပဲ ပွဲဆူသွားခဲ့တဲ့ ထိုင်း-ကိုရီးယားဖက်စပ် The […]