Movies Web-DL Web-rip
Crimes of the Future (2022)
ဇာတ်လမ်းက တော့ အတော်စိတ်ဝင်စားစရာပါ။ အခုချိန်မှာ ကျွန်တော်တို့လူသား အားလုံး မလိုချင်တဲ့ အရာကို ဒီဇာတ်လမ်းထဲမှာ သူတို့က လိုလိုချင်ချင်နဲ့ကို ရှာဖွေနေကြပါတယ်။ အဲ့ဒါကတော့ နာကျင်မှုပါ။ ကျွန်တော်တို့ထင်တာကတော့ နာကျင်မှုတွေမရှိရင် ကောင်းမှာပဲလို့ထင်ခဲ့ကြပေမယ့် ဒီဇာတ်လမ်းထဲမှာ နာကျင်မှုမရှိတော့ရင် ဖြစ်မယ့် ဒုက္ခတွေကိုရိုက်ကူးထားတာပါ။ လိင်ပိုင်းဆိုင်ရာ ဒုက္ခတွေအထိပါပါတယ်။ ဇာတ်လမ်းအစမှာတော့ ကောင်လေးတစ်ယောက်က ပလက်စတစ်တွေ စားနေလို့ သူ့အမေကိုယ်တိုင်ရဲ့ သတ်ခြင်းကိုခံခဲ့ရပါတယ်။ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ ဆောတန်ဆာမှာ အတွင်းကလီစာတွေ အသစ်သစ်ဖြစ်နေတဲ့ ရောဂါဆန်းတစ်မျိုးလည်းရှိလို့နေပါတယ်။ ကပရိစ်ဆိုတဲ့ မိန်းကလေးက အဲ့ကလီစာတွေ ကို တက်တူးထိုးပြီး ထုတ်ထုတ်ပေးနေရပါတယ်။ ဒါကို သူတို့က အတွင်းအင်္ဂါ အလှလို့သတ်မှတ်ကြပါတယ်။ သူတို့နဲ့ခုနက သေသွားတဲ့ ကောင်လေးတို့က ဘယ်လိုတွေဆက်ဆက်နေမလဲဆိုတာတော့ ဇာတ်လမ်းထဲပဲကြည့်လိုက်ကြပါ။ စိတ်ဝင်စားပြီးကြည့်ရင် တကယ်စိတ်ဝင်စားစေမယ့် စိတ်ကူးယဥ် သိပ္ပံ ဇာတ်ကားကောင်းလေးတစ်ခုပါ။ […]