Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

Caught in Time (2020)

Caught in Time (2020)
95 min|Crime, Drama|28 May 2021
6.0Rating: 6.0 / 10 from 736 usersMetascore: N/A
A detective tracks down a gang of criminals ten years after they initially evaded arrest.

၁၉၉၀ ပြည့်လွန်နှစ်များက တရုတ်နိုင်ငံတောင်ပိုင်းမှာ လင်းယုန်ဂိုဏ်းဆိုတဲ့ဓားပြအဖွဲ့တစ်ဖွဲ့သောင်းကျန်းနေချိန်ဖြစ်ပါတယ်။ နည်းစနစ်တွေ ခေတ်ရှေ့ပြေးသလို လေ့ကျင့်မှုကောင်း အညှာအတာကင်းမဲ့ရက်စက်တဲ့ ဒီဂိုဏ်းကို ဦးဆောင်သူကတော့သိမ်းငှက် ဆိုတဲ့ အမည်ဝှက်နဲ့ ဉာဏ်များကောက်ကျစ်သလို ဘယ်သူ့ကိုမှချနင်းဖို့ဝန်မလေးတဲ့ သူတစ်ယောက်ပါပဲ။

သူတို့အဖွဲ့ရဲ့ ဆက်တိုက်ကျူးလွန်လာတဲ့ ရွှေဆိုင် ဘဏ်တိုက် စတိုးဆိုင်ပါမချန် လုယက်မှုတွေနောက်ကိုဇွဲကောင်းကောင်းနဲ့ ဖြိုခွင်းဖို့ထောက်လှမ်းလာတဲ့သူကတော့ ဂျောင်ချန်း ဆိုတဲ့စုံထောက်တစ်ယောက်ပဲဖြစ်ပါတယ်။

၁၉၉၀ ဝန်းကျင်မှာ အကြီးအကျယ်သောင်းကျန်းခဲ့တဲ့ ကျန်းကျွန်ဆိုတဲ့ဓားပြဂိုဏ်းခေါင်းဆောင်တစ်ဦးရဲ့လုယက်လူသတ်မှုတွေကိုအခြေခံထားတာဖြစ်ပါတယ်။ အစကနေအဆုံးအထိဝေ့ဝိုက်မနေပဲ အက်ရှင်ခန်းအမိုက်စားတွေ၊ ဉာဏ်ကစားခန်းတွေနဲ့ ခပ်သွက်သွက်သွားထားပြီး၊ နောက်ပိုင်း ဟောင်ကောင်ကားတွေလို CG တွေကိုပဲအားကိုးမထားပဲ ပီပြင်ကြမ်းတမ်းလက်တွေ့ကျတဲ့ ရိုက်ချက်တွေကိုတွေ့မြင်ရမှာပါ။

  • Format……….: .mp4 & .mkv
  • Quality………..: Blu-ray
  • Resolution….: 1080p 5.1CH, 720p, 480p
  • Duration……..: 1h 35m
  • Translator…..: Dreamy
  • Encoder………: MZM

Leave a Reply

Your email address will not be published.

More to Watch
Movies   Blu-ray   

Shut In (2022)

ဂျက်ဆီကာဟာငယ်ငယ်ရွယ်ရွယ်နဲ့မိခင်တစ်ယောက်ဖြစ်ခဲ့သလို မူးယစ်ဆေးနွံပါနစ်ခဲ့ဖူးပေမယ့်အခုချိန်မှာတော့သူ့ရဲ့လူမမယ်ကလေးငယ်နှစ်ဦးနဲ့အတူဘဝကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေပါတယ်။ ရေကြည်ရာတစ်ခုရှာပြီးအလုပ်သွားလုပ်တော့မယ့်၊ အတိတ်ဟောင်းကနေရုန်းထွက်ဖို့ကြိုးစားတော့မယ့်အချိန်မှာပဲ တစ်ချိန်ကသူ့ရည်းစားဟောင်းကလေးတွေရဲ့အဖေဆေးသမား ရော့ဘ် နဲ့ သူ့ဘော်ဒါတစ်ယောက်ရောက်လာခဲ့ပြီးပြဿနာတွေရှာ စကားများရာကနေ ဂျက်ဆီကာ့ကိုမီးဖိုခန်းထဲမှာထည့်ပိတ်ထားခဲ့ပြီးပြန်ထွက်သွားပါတော့တယ်။ ပြဿနာက အဲ့ဒီမှာစတာပါ၊ ဘယ်သူမှမရှိတဲ့အချိန်ပြန်ရောက်လာတဲ့သူကတော့ကလေးသူငယ်တွေအပေါ်လိင်စော်ကားမှုရာဇဝင်ရှိခဲ့တဲ့ ဆမ်မီဆိုတဲ့ဆေးသမားပါ။ ဂျက်ဆီကာ အထဲမှာပိတ်မိနေချိန် ဒီလိုလူယုတ်မာတစ်ယောက်နဲ့ အပြင်မှာကူကယ်ရာမဲ့နေတဲ့ကလေးငယ်နှစ်ယောက်ကို ဘယ်လိုကယ်တင်မလဲ? ကလေးတွေရဲ့ဖခင်ဆေးသမားကရော ကူညီမယ့်သူလားကြံရာပါပဲလား? အဘက်ဘက်ထွက်ပေါက်မဲ့နေရတဲ့အခြေအနေကနေဂျက်ဆီကာဘယ်လိုလွတ်အောင်ရုန်းမလဲ? Shut In က အခုနောက်ပိုင်းထွက်တဲ့ Home Invasion Thriller တွေထဲမှာတော်တော်ကြီးကိုကောင်းတဲ့၊ ပြည့်စုံတဲ့ဇာတ်ကားပါ၊ အဓိကဇာတ်ဆောင်ဟာကိုယ်ခံပညာအခြေခံဘာညာတွေကိုကျွမ်းကျင်တဲ့သူမျိုးလဲမဟုတ်ပဲ၊ သားသမီးဇောသက်သက်နဲ့ ဒီအကျဉ်းအကျပ်ထဲကလွတ်အောင်ရုန်းကန်လှုပ်ရှားရတာ၊ ပြီးတော့ ပံ့ပိုးပေးလာတဲ့အခြေအနေတွေကိုတစ်စချင်းထည့်ပြသွားတာတွေလဲအတော်စေ့စပ်ပြီးလှပါတယ်။ မဖြစ်မနေချီးကျူးရမှာကတော့ အဓိကဇာတ်ဆောင် Rainey Qualley ဖြစ်ပြီး သူ့ရဲ့အားကောင်းလှတဲ့ သရုပ်ဆောင်ချက်တွေက တစ်ကားလုံးကိုထိန်းသွားတာကိုတွေ့မြင်ရမှာပါ။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA 5.1, […]
  • 1080p
  • 3 weeks ago
Movies   Blu-ray   

Kingsman: The Golden Circle (2017)

ပထမ Kingsman ကားရဲ့အဆက် ဒီရုပ်ရှင်ကားမှာတော့ ဗယ်လင်တိုင်းရဲ့ဌာနချုပ်မှာ သေသွားပြီထင်ထားတဲ့ ချာလီတစ်ယောက်မသေဘဲ စက်ရုပ်လက်ကြီးနဲ့ ဗီလိန်အဖြစ်ပြန်ပေါ်လာပါတယ်။ အက်ဂ်ဆီနဲ့ ချာလီရဲ့ပြန်တွေ့ဆုံမှုမှာတော့ ချာလီတစ်ယောက် ကင်းစ်မန်းအချက်အလက်တွေကို အက်ဂ်ဆီရဲ့ကားကနေ ရယူသွားနိုင်ခဲ့ပြီး ကင်းစ်မန်းဌာနချုပ်အားလုံးကို ဒုံးကျည်နဲ့ပစ်ပြီး ဖျက်ဆီးလိုက်ပါတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာဘဲ အက်ဂ်ဆီတစ်ယောက် သူ့ကောင်မလေးတီလ်ဒီရဲ့အိမ်မှာ ညစာစားပွဲတက်နေခဲ့တာကြောင့် သေကံမရောက်ခဲ့ဘဲ သူ့လိုမျိုးအသက်ရှင်ကျန်တဲ့မာလင်နဲ့ပေါင်းကာ ဒီလိုလုပ်သွားတဲ့ရန်သူနောက် ပြန်လိုက်ပါတော့တယ်။ ဒီလိုနဲ့ သူတို့တွေစုံစမ်းရင်းသိလာရတာက ချာလီတစ်ယောက် လက်စားချေချင်လို့ဒီလိုလုပ်တာမဟုတ်ဘဲ ရွှေစက်ကွင်းဆိုတဲ့အဖွဲ့နဲ့ ဒါတွေကပက်သက်နေတဲ့အပြင် သူတို့ရည်ရွယ်ချက်က ကမ္ဘာကြီးကိုအန္တရာယ်ပြုဖို့အထိ ကြံစည်နေကြတာကိုသိလိုက်ရချိန်မှာတော့ ထုံးစံအတိုင်း ကမ္ဘာကြီးကိုကယ်တင်ဖို့ကြိုးစားကြတာကို ကြည့်ရမှာပါ။ ကင်းစ်မန်းအေးဂျင့်တွေအနေနဲ့ သူတို့ကိုကူညီပေးမယ့် စတိတ်မန်းဆိုတဲ့ အခြားအေးဂျင့်အဖွဲ့တစ်ခုနဲ့ပူး​ပေါင်းပြီး အပြတ်ကြမ်းပြတာကို ခပ်မိုက်မိုက်အက်ရှင်ခန်းတွေနဲ့ မပျင်းစတမ်းကြည့်ရမှာဖြစ်လို့ ရှုစားလိုက်ကြပါဦး။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K […]
  • 1080p
  • 3 weeks ago
Movies   Blu-ray   

Eternals (2021)

Marvel Studios က အသစ်ထွက်ရှိလာတဲ့ Eternals ကားသစ်ကြီးလာပါပြီ။ စကြဝဠာကြီးရဲ့ မူလပထမမှာ အဆုံးမဲ့ဖြစ်တည်မှု၆ခုနဲ့ ဒြပ်ဝတ္ထုတို့ရဲ့ဖန်တီးခြင်းကို မစတင်ခင် ကနဦးဖန်ဆင်းရှင်အာရစ်ရှမ်က ပထမဆုံးသောနေကိုဖန်ဆင်းပြီး စကြဝဠာကိုအလင်းပေးခဲ့ပါတယ်။ အဲဒီကနေ သက်ရှိတို့ဖြစ်ပေါ်လာပြီး အရာအားလုံးမျှခြေအနေအထားမှာ ရှိနေခဲ့ပါတယ်။ တစ်နေ့ကျတော့ ဒီဗီးယန့်ဆိုတဲ့ သားရဲကောင်တွေပေါ်ပေါက်လာပြီး အသိဥာဏ်ရှိမျိုးစိတ်တွေကို စားသုံးပါတော့တယ်။ သဘာဝတရားရဲ့ ဟန်ချက်ညီမှုကိုထိန်းသိမ်းနိုင်ဖို့ အိုလံပီယာဂြိုလ်ပေါ်က အီတာနယ်အမည်ရတဲ့ မသေမျိုးတွေကို ဒီဗီးယန့်တွေကိုနှိမ်နှင်းဖို့အတွက် အာရစ်ရှမ်က စေလွှတ်ခဲ့ပါတယ်။ အီတာနယ်တွေက အာရစ်ရှမ်အပေါ် အကြွင်းမဲ့ယုံကြည်ပြီး အမိန့်နာခံခဲ့ကြပေမဲ့ တစ်ရက်ကျတော့ သူတို့တာဝန်ထမ်းဆောင်ရင်း ယုံကြည်ချက်တွေပြောင်းလဲလာတဲ့အခါမှာတော့……….. လက်ရှိချိန်အထိ Nomination ၇ နေရာအထိ ဝင်ထားပြီဖြစ်သလို Marvelကရိုက်ကူးတာဖြစ်လို့ ပထမကြည့်ထားပြီးသား MCU ထဲကရုပ်ရှင်တွေနဲ့လည်း ဆက်စပ်ခံစားနိုင်ပါသေးတယ်။ သရုပ်ဆောင်တွေထဲမှာလည်း Angelina Jolieလိုနာမည်ကြီးတွေပါတဲ့အပြင် One Direction အဖွဲ့က Harry […]
  • 1080p
  • 3 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)