Causeway (2022)

Causeway (2022)

0 395
Causeway (2022)
Causeway (2022)
92 min|Drama|04 Nov 2022
6.6Rating: 6.6 / 10 from 4,433 usersMetascore: 66
A US soldier suffers a traumatic brain injury while fighting in Afghanistan and struggles to adjust to life back home.
YouTube video

အနုပညာတန်းမြင့်ဇာတ်ကားတွေနဲ့နာမည်ကျော် အစဉ်အလာကြီးတဲ့ A24 နဲ့ Jennifer Lawrence ရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ JL ကိုစိတ်ရောကိုယ်ပါ ဒဏ်ရာရနေတဲ့စစ်ပြန်တစ်ယောက်အနေနဲ့တွေ့မြင်ရပါလိမ့်မယ်။

အာဖဂန်မှာတာဝန်ကျနေခဲ့တဲ့ လင်ဆေးဟာ ယာဉ်တန်းဖောက်ခွဲမှုမှာဒဏ်ရာရခဲ့ပြီးမွေးရပ်မြေကိုပြန်ရောက်လာခဲ့ပါတယ်။ ပြန်လည်ထူထောင်ရေးစခန်းမှာကာလကြာခဲ့ပြီး အိမ်ကိုပြန်ရောက်လာခဲ့ပေမယ့် သူတစ်စိုက်မတ်မတ်တွေးနေခဲ့တာ စိတ်ရောကိုယ်ပါပြန်လည်ကျန်းမာပြီး တပ်ထဲမှာတာဝန်ပြန်ထမ်းဆောင်နိုင်ဖို့ပါပဲ။ မွေးရပ်မြေအမေ့အိမ်ကိုပြန်ရောက်လာခဲ့ပေမယ့် ဒီအရွယ်အထိ ကတိတွေအကြိမ်ကြိမ်ပျက်နေဆဲ၊ နေချင်သလိုနေဆဲတကိုယ်ကောင်းမိခင်နဲ့ သူ နေလို့မပျော်သလို၊ ဒီမြို့ကိုလဲ သူမချစ်ပါဘူး။ ဒါပေမယ့် ချက်ချင်းပြန်သွားလို့မရတဲ့အတွက်ရရာအလုပ်ဖြစ်တဲ့ ရေကန်သန့်ရှင်းရေးလုပ်နေရင်း ဂျိမ်းစ်ဆိုတဲ့လူတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ ဂျိမ်းစ်ကိုယ်တိုင်ကလဲ အတိတ်ဆိုးတစ်ခုကြုံထားရတဲ့သူ၊ စိတ်ဒဏ်ရာတွေနဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်လွယ်ကူလျင်မြန်စွာရင်းနှီးသွားကြပြီး ဘဝရဲ့ပြဿနာတွေကို အတူအဖြေရှာကြဖို့ဖြစ်လာပါတယ်။

Psychological drama ကားကောင်းတစ်ကားဖြစ်ပြီး၊အဓိကသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Jennifer Lawrence နဲ့ Brian Tyree Henry တို့ရဲ့ Performance ကိုအထူးတလည်ချီးကျူးကြသလိုပါဝင်ပြသခဲ့တဲ့ရုပ်ရှင်ပွဲတော်တွေမှာလဲဆုတွေရရှိထားပါတယ်။ တစ်ခါတစ်လေတော့အပြောင်းအလဲအနေနဲ့နှလုံးသားကိုနွေးထွေးစေမယ့် ဇာတ်ကားလေးကိုခံစားကြည့်ကြပါဦး။

  • Format……….: .mp4 & .mkv
  • Quality………..: WEB-DL
  • Resolution….: 4k 5.1CH, 1080p 5.1CH, 720p, 480p
  • Duration……..: 1h 32m
  • Translator…..: Dreamy
  • Encoder………: MZM
Subscribe
Notify of
Causeway (2022)
0 Comments
Inline Feedbacks
View all comments