Christmas Bloody Christmas (2022)

Christmas Bloody Christmas (2022)

1 1249
Christmas Bloody Christmas (2022)
Christmas Bloody Christmas (2022)
86 min|Horror|09 Dec 2022
5.2Rating: 5.2 / 10 from 2,996 usersMetascore: 50
It's Christmas Eve and Tori just wants to get drunk and party, but when a robotic Santa Claus at a nearby toy store goes haywire and begins a rampant killing spree through her small town, she's forced into a battle for survival.
YouTube video

တစ်ခုသော ခရစ်စမတ်ညနေမှာဓာတ်ပြားဆိုင်ပိုင်ရှင်တိုရီဟာ တစ်ညတာဖြတ်သန်းဖို့အစီအစဉ်တွေဆွဲနေပါတယ်။ သူ့ဆိုင်ကိုစောပိတ်မယ်။ ပြီးရင် tinder ကဘဲတစ်ပွေနဲ့ချိန်းတွေ့မယ်။ အဲ့ဒီမတိုင်ခင် အရုပ်ဆိုင်ဖွင့်ထားတဲ့သူငယ်ချင်းလင်မယားဆီခဏဝင်ပြီးနူတ်ဆက်မယ် အစရှိသဖြင့်ပေါ့လေ။

ဆိုင်ပိတ်ကာနီးမှာတော့ သူ့ဝန်ထမ်းလဲဖြစ် ဘော်ဒါတစ်ပိုင်းလိုလဲဖြစ်နေတဲ့ ရော်ဘီရဲ့စကားနာထိုးတာတွေ မခံချင်အောင်စတာတွေကြောင့် tinder ကလူနဲ့ချိန်းတွေ့ဖို့အစီအစဉ်ပျက်သွားပြီး ရော်ဘီနဲ့ပဲတစ်ညလုံးအရက်သောက်ဖို့ဖြစ်သွားပါတယ်။ ပြီးတော့စီစဉ်ထားတဲ့အတိုင်း အရုပ်ဆိုင်က သူငယ်ချင်းတွေဆီသွားတွေ့ခဲ့ပါတယ်။ အရုပ်ဆိုင်ရှေ့မှာတော့ လူအရွယ်အစားလူသားတစ်ဦးလိုလှုပ်ရှားနိုင်တဲ့ဆန်တာကလော့စက်ရုပ်ကြီးကို ကုမ္ပဏီကလာချထားခဲ့ပါတယ်။ အဲ့ဒီညမှာပဲ သတင်းတွေမှာ ကမ္ဘာအနှံ့ဖြန့်ချိထားတဲ့ဆန်တာကလော့စက်ရုပ်တွေကို firmware ဖောက်ပြန်မှုကြောင့်ပြန်သိမ်းနေရတယ်လို့သတင်းတွေပါလာပေမယ့် သူတို့သတိမထားမိခဲ့ပါဘူး။ အဲ့ဒီညမှာပဲ သူတို့ဆီကဆန်တာကလော့ရုပ်ကြီးဟာ လူသတ်မုဒ် on ပြီးအသက်ဝင်လာမည်းမည်းမြင်ရာ အကုန်လိုက်သတ်သောင်းကျန်းတော့တဲ့အခါမှာတော့..။

90s အကျော် Horror တွေ B-movie တွေတစ်အားပေါက်ခဲ့တဲ့ကာလကိုပြန်အမှတ်ရစေမယ့်ဇာတ်ကားပါ။နောက်ခံတေးဂီတတွေ ရိုက်ချက်တွေ တင်ဆက်ပုံတွေ အပြင်အဆင်တွေကအစ 90s horror trash တွေရဲ့အငွေ့အသက်မျိုးအပြည့်ရပါတယ်။ အစပိုင်း မိနစ် ၃၀ ဝန်းကျင် အဓိကသရုပ်ဆောင်နှစ်ဦးကြား ဂီတနဲ့ရုပ်ရှင်တွေအကြောင်းငြင်းခုန်နေတဲ့ရှည်လျားအဓိပ္ပါယ်မရှိတဲ့စကားပြောခန်းပြီးရင်တောက်လျှောက်လုံးဝဇာတ်ကြမ်းပါပဲ။ ဇာတ်လမ်းဇာတ်ကွက်ဦးစားမပေးပဲ ရိုက်ချက် သတ်ချက် အက်ရှင်အဓိကဦးစားပေး ဖျော်ဖြေရေးဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

  • Format……….: .mp4 & .mkv
  • Quality………..: Blu-ray
  • Resolution….: 1080p DTS-HD MA 5.1, 1080p 5.1CH, 720p, 480p
  • Duration……..: 1h 27m
  • Translator…..: Dreamy
  • Encoder………: MZM
Subscribe
Notify of
Christmas Bloody Christmas (2022)
1 Comment
Oldest
Newest Most Voted
Inline Feedbacks
View all comments
Christmas Bloody Christmas (2022)
KaungHtet
1 month ago

Eden Lakeဆိူတဲ့ ကားလေးတင်ပေးပါလားဗျ