Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

Daeng Phra Khanong (2022)

Daeng Phra Khanong (2022)
96 min|Thriller|20 May 2022
6.1Rating: 6.1 / 10 from 52 usersMetascore: N/A
The legend of Mae Nak Prakanong, about a female spirit in the era of King Rama V, is well known but not much is known about her unborn son Dang. He is the spirit of a child who wants nothing more than to befriend humans.

Mae nak အကြောင်းကိုတော့ မသိတဲ့သူမရှိသလောက်ရှားကြမှာပါ၊ ရုပ်ရှင်တွေ ရုပ်သံဇာတ်လမ်းတွေကိုမှ ဗားရှင်းအမျိုးမျိုးပုံစံအစုံစုံနဲ့ရိုက်ခဲ့ကြတဲ့အထဲမှာမှ နာမည်အကြီးဆုံးဖြစ်တဲ့ Nang nak (1999) နဲ့ Pee Mak တို့ကတော့မပါမဖြစ်ပါပဲ။

ဒဏ္ဍာရီအရ Mae Nak ဟာကလေးမမွေးနိုင်ပဲသေဆုံးသွားခဲ့ရာကနေ မကျွတ်မလွတ်နိုင်ပဲ ခင်ပွန်းဖြစ်သူကိုစောင့်နေရင်းတစ္ဆေဖြစ်ခဲ့ရာကနေ နောက်ဆုံးမှာ ဘဝပြောင်းသွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့တစ္ဆေကလေးလေးအကြောင်းကိုသိတဲ့သူရှားသလို ဇာတ်လမ်းတွေမှာလဲတွေ့ရခဲပါတယ်။

ဒီဇာတ်ကားကတော့ Mae Nak ကျွတ်လွတ်သွားအပြီး၊ Mak သာသနာ့ဘောင်ကိုဝင်သွားပြီးတဲ့နောက် ရွာမှာတစ်ဦးတည်းကျန်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့သား တစ္ဆေလေး ဒန်းဖရာခနောင်ရဲ့အကြောင်းပါပဲ။

ဒန်းကလူတွေကိုကူညီပေးတတ်စတတ်နောက်တတ်ပြီးစိတ်ထားကောင်းတဲ့အတွက် သူ့အမေနဲ့မတူပဲတစ်ရွာလုံးကချစ်ကြ၊စောင့်ရှောက်ထားကြပါတယ်။ ဒါပေမယ့်ကလေးတွေကိုတော့ လန့်မှာစိုးလို့အသိပေးမထားတဲ့အတွက် ကလေးတွေနဲ့လဲကစားဖက်ဖြစ်နေပါတယ်။ ဒါပေမယ့်လဲ ရွာထဲမှာ ဒန်းခြောက်လှန့်တာခံရတာများလာတဲ့အပြင်၊ ခြောက်လှန့်မှုတွေကနေ လူကိုအန္တရာယ်ပြုတဲ့အထိဖြစ်လာတဲ့အခါမှာတော့ သူတို့တစ်သက်လုံးစောင့်ရှောက်ခဲ့တဲ့ဒန်းပဲ ပြောင်းလဲသွားတာလား၊ ပြင်ပပယောဂတွေပါနေနိုင်မလားဆိုတာကိုဆက်လက်ရှုစားကြပါ။

  • Format……….: .mp4 & .mkv
  • Quality………..: Web-DL
  • Resolution….: 1080p 5.1CH, 720p, 480p
  • Duration……..: 1h 50m
  • Translator…..: Dreamy
  • Encoder………: MZM

Leave a Reply

Your email address will not be published.

More to Watch
Movies   Web-DL   

Carter (2022)

ကာတာဟာ အတိတ်မှတ်ဉာဏ်တွေကိုမေ့ပျောက်နေရာကနေနိုးထလာခဲ့ချိန် အနားမှာရန်သူတွေ ဝိုင်းနေပါတယ်။ အဲ့ဒီအချိန်မှာပဲဖုန်းသံမြည်လာခဲ့ပြီး ဖုန်းထဲကအသံဟာ သူ့ကိုဝိုင်းနေတဲ့အထဲကတစ်ယောက်ကို ဖုန်းပေးခိုင်းတဲ့အတွက်ညွှန်ကြားတဲ့အတိုင်းပေးလိုက်ချိန်မှာတော့ ဖုန်းပေါက်ကွဲသွားပြီး အားလုံးလဲကျသွားချိန်မှာသူထွက်ပြေးရပါတော့တယ်၊ အဲ့ဒီကစလို့ ဘာကိုမှ မမှတ်မိတဲ့သူ့အနေနဲ့ ဖုန်းထဲက ညွှန်ကြားတဲ့အသံအတိုင်းလိုက်လုပ်ရဖို့ဖြစ်လာခဲ့သလိုသွားလေရာမှာလဲရန်သူတွေ ဝိုင်းနေတာပါပဲ၊ သေချာတာတစ်ခုက သူ့နားထဲကအသံရော၊ သူ့ဘေးကလူတွေရော ချဉ်းကပ်လာသူမှန်သမျှ ဘယ်သူ့ကိုမှမယုံရဘူးဆိုတာပါပဲ။ အစကနေအဆုံးအထိကြမ်းချက်က မနားတမ်းဖြစ်တဲ့အတွက် ပရိသတ်အသက်ရှုချိန်တောင်မရတဲ့အထိပါပဲ၊ တစ်ကားလုံးနီးပါးကို One shot ပုံစံမျိုးနဲ့ရိုက်ထားတာဖြစ်ပြီး လက်ကိုင်ကင်မရာရိုက်ချက်ဆန်ဆန်တွေ ဂိမ်းမြင်ကွင်းပုံစံတွေမျိုးတွေကိုပါ ဆန်းဆန်းပြားပြားတွေ့မြင်ရပါလိမ့်မယ်။ The villainess နဲ့ Hardcore Henary တို့ကိုရောမွှေထားတဲ့ပုံစံမျိုးဖြစ်ပြီး Non-stop အက်ရှင်စစ်စစ်ဖြစ်တဲ့အတွက် အက်ရှင်ပရိသတ်တွေအတွက်ရွှေပါပဲ။ ဝေဖန်ရေးဆရာတွေကတော့ အက်ရှင်ခန်းတွေများလွန်းတာ၊ကြမ်းလွန်းတာကို ချေးများကြပေမယ့်လဲ ပေါ့ပေါ့ပါးပါးဖျော်ဖြေရေးအတွက်ဆိုရင်တော့ရင်သပ်ရှုမော ရိုက်ချက်တွေ စတန့်ခန်းတွေ ခမ်းနားလှပသေသပ်တဲ့ ကိုယ်ခံပညာဇာတ်ဝင်ခန်းတွေက တန်လွန်းမကတန်ပါလိမ့်မယ်။ (ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတစ်ချို့နဲ့ကြမ်းတမ်းရက်စက်တဲ့သတ်ဖြတ်ခန်းတွေကြောင့်တော့ မိသားစုကြည့်ဖို့မသင့်ပါ) Format……….: .mp4 & .mkv […]
  • 1080p
  • 2 weeks ago
Web-DL   Animation   

Paws of Fury: The Legend of Hank (2022)

ဒီဇာတ်ကားလေးကတော့ Animation, Action, Comedy အမျိုးအစားဖြစ်ပြီး တော်တော်လေးကိုရယ်ရတဲ့ဇာတ်ကားလေးတစ်ကားပါ ဇာတ်လမ်းအကျဉ်းကတော့ ကြောင်အမတ်ကြီးအစ်ကာချူဟာ အရှင်သခင်ရှိုးဂန်းကို ဖားချင်တဲ့အတွက် နန်းတော်ကြီးတစ်ခုတည်ဆောက်နေပါတယ်။ ဒါပေမဲ့ အဲဒီနန်းတော်ကြီးရဲ့အရှေ့မှာ ကြောင်တွေနေတဲ့ကာကာမူချို့ဆိုတဲ့ မြို့လေးတစ်မြို့ရှိပါတယ်။ အစ်ကာချူးက အဲဒီမြို့လေးဟာသူ့ရဲ့ရှုခင်းအလှကိုဖျက်ဆီးနေတယ်လို့မြင်တဲ့အတွက် ကြောင်နင်ဂျာတွေကိုလွှတ်ပြီး ဖျက်ဆီးခိုင်းပါတယ်။ အဲဒီတော့ ကာကာမူချိုမြို့ကကြောင်တွေက မြို့ကိုကာကွယ်ပေးဖို့ ရှိုးဂန်ဆီမှာ ဆာမူရိုင်းတစ်ယောက်တောင်းခံလိုက်ပါတော့တယ်။ ရှိုးဂန်းက အဲဒီတာဝန်ကို အစ်ကာချူကိုပဲပြန်ပေးလိုက်တော့ အစ်ကာချူတစ်ယောက်ဒုက္ခရောက်ရပါတော့တယ်။ ဒါပေမဲ့ ယုတ်မာတဲ့အစ်ကာချူက ဆာမူရိုင်းဖြစ်ချင်လို့ကြောင်တိုင်းပြည်ကို ခိုးဝင်လာတဲ့ ခွေး ဟန့်ခ်ကို သေဒဏ်ပေးခါနီးမှာ လွှတ်ပေးခဲ့ပြီးဆာမူရိုင်းအဖြစ်ခန့်အပ်ကာ ကာကာမူချိုမြို့လေးကိုကာကွယ်ပေးဖို့စေလွှတ်လိုက်ပါတော့တယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ အဲဒီမြို့ကကြောင်တွေက ခွေးကိုမုန်းလို့သတ်ပစ်လိုက်ရင် ဉပဒေကိုချိုးဖောက်တယ်ဆိုပြီး အားလုံးကိုဖမ်းဆီးအရေးယူဖို့ပါပဲ။ ဒါပေမဲ့ ကြောင်တွေနဲ့ခွေးဆာမူရိုင်းတို့ အတွဲညီညီနဲ့ သူ့နင်ဂျာတွေကိုပြန်တိုက်ခိုက်ကြပါတော့တယ်။ Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 1080p 5.1CH, […]
  • 1080p
  • 2 weeks ago
Movies   Web-DL   

The Adam Project (2022)

ထွေလာနဲ့တင် စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ Ryan Reynolds ရဲ့ နက်ဖလစ်ကားသစ်ဖြစ်ပါတယ်။ ပျက်ဆီးကိန်းကြုံနေတဲ့ ၂၀၅၀ ကမ္ဘာကနေပိုင်းလော့တစ်ယောက်ဖြစ်တဲ့ Adam Reed ဟာသူ့အချိန်ခရီးသွားယာဉ်ကိုခိုးယူပြီး ၂၀၁၈ က ကယ်ဆယ်ရေးမစ်ရှင်တစ်ခုဆီကိုထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် အလျင်စလိုဖြစ်နေမှုကြောင့်မှားယွင်းပြီး ၂၀၂၂ ကိုရောက်သွားပါတော့တယ်။ အဲ့ဒီအချိန်မှာ သူကိုယ်တိုင်ရဲ့ အသက် ၁၂ အရွယ်ကောင်လေးကိုတွေ့ဆုံအကူအညီတောင်းပြီး လက်ရှိယာဉ်ချို့ယွင်းမှုကိုပြင်ဆင်ဖို့ကြိုးစားရပါတယ်။ တကယ်တမ်းတော့ အတိတ်ကိုပြန်လာပြီးတော့ပြင်ဆင်ဖို့ကြိုးစားမှုဟာ ကြီးမားတဲ့ဆိုးကျိုးတွေဖြစ်ပေါ်ပြီး အန္တရာယ်ကြီးမားပါတယ်။ ဒါတွေကိုသိသိကြီးနဲ့ အဒမ် ဘာကြောင့်စွန့်လွှတ်ခဲ့လဲ? သူပြန်လည်ပြင်ဆင်ဖို့ကြိုးစားတဲ့အတိတ်က ဘာအကြောင်းအရာလဲ ။ အဒမ်နဲ့ အဒမ် နှစ်ယောက်ရင်ဆိုင်ဖြေရှင်းရမှာ ဘယ်လိုပြဿနာတွေဖြစ်မလဲ? ဇာတ်လမ်းဇာတ်အိမ်ကောင်းသလို CG တွေလဲအရမ်းလှပသေသပ်ပါတယ်။ Ryan Reynolds ထုံးစံကျဉ်းထဲကြပ်ထဲမှာဟာသတွေထိုင်ဖောက်နေတာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ရီနေရဦးမှာပါ။ တကယ်ကိုလက်မလွတ်သင့်တဲ့ဖျော်ဖြေရေးကားကောင်းတစ်ကားပါ။ Mark Ruffalo ,Jennifer Garner, Zoe Saldana စတဲ့ဝါရင့်ဒိတ်ဒိတ်ကြဲတွေကလဲဇာတ်ကိုမြိုင်နေအောင်ပို့ပေးထားပါသေးတယ်။ […]
  • 1080p
  • 2 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)