Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

Deep Water (2022)

Deep Water (2022)
115 min|Drama, Mystery, Thriller|18 Mar 2022
5.4Rating: 5.4 / 10 from 40,704 usersMetascore: 53
A well-to-do husband who allows his wife to have affairs in order to avoid a divorce becomes a prime suspect in the disappearance of her lovers.

Lolita, Unfaithful တို့လိုဂန္ဓဝင် Erotic Thriller တွေရဲ့ဖန်တီးရှင်ဒါရိုက်တာကြီး Adrian Lyne ရဲ့နောက်ဆုံးပေါ်လက်ရာဖြစ်ပြီး Ben Affleck နဲ့မင်းသမီးချောလေး Ana de Armas တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။

ဇာတ်လမ်းအနေနဲ့ ဗစ်ခ်နဲ့ မယ်လင်ဒါတို့ဟာ မြို့ငယ်လေးတစ်ခုမှာအခြေချနေထိုင်တဲ့ ဇနီးမောင်နှံဖြစ်ပြီး၊ မယ်လင်ဒါကတော့ယောက်ျားတကာနဲ့အမြဲတစေပွေရှုပ်နေတတ်ပြီး ဗစ်ခ်ကလဲ မသိကျိုးကျွန်ပြုထားတဲ့အတွက် ပတ်ဝန်းကျင်က သူတို့ဆက်ဆံရေးကို နားမလည်နိုင်ဖြစ်နေရပါတယ်။ မြို့ငယ်လေးဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်အတွင်းကျကျသိနေကြတဲ့အနေအထားမျိုးမှာ မယ်လင်ဒါရဲ့နောက်ဆုံးပေါ်ဇာတ်ရှုပ်နေတဲ့ငနဲကို ဗစ်ခ်ကခြိမ်းခြောက်လိုက်မိရာကနေ ဒီအကြောင်းကို တစ်မြို့လုံးသိကုန်ကြပါတော့တယ်။ အဲ့ဒါကတော့ အရင်မယ်လင်ဒါနဲ့တွဲနေတဲ့လူတစ်ယောက်ကို သူသတ်လိုက်တယ်လို့ဗစ်ခ်ကပြောခဲ့တာပါ။ ဒီအဖြစ်အပျက်ကနေ မသာယာတဲ့သူတို့အိမ်ထောင်ရေးကိုပိုမိုအက်ကြောင်းထင်လာစေပြီးတကယ်တမ်းလဲ အမန်ဒါနားကလူတွေ တစ်ယောက်ပြီးတစ်ယောက် ထိခိုက်သေဆုံးလာကြတဲ့အခါ..။
စိတ်ဝင်တစားကြည့်ရှုရမယ့် Thriller ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

  • Format……….: .mp4 & .mkv
  • Quality………..: Web-DL
  • Resolution….: 4k, 1080p 5.1CH, 720p, 480p
  • Duration……..: 1h 55m
  • Translator…..: Dreamy
  • Encoder………: MZM

Leave a Reply

Your email address will not be published.

More to Watch
Movies   Web-DL   

Daeng Phra Khanong (2022)

Mae nak အကြောင်းကိုတော့ မသိတဲ့သူမရှိသလောက်ရှားကြမှာပါ၊ ရုပ်ရှင်တွေ ရုပ်သံဇာတ်လမ်းတွေကိုမှ ဗားရှင်းအမျိုးမျိုးပုံစံအစုံစုံနဲ့ရိုက်ခဲ့ကြတဲ့အထဲမှာမှ နာမည်အကြီးဆုံးဖြစ်တဲ့ Nang nak (1999) နဲ့ Pee Mak တို့ကတော့မပါမဖြစ်ပါပဲ။ ဒဏ္ဍာရီအရ Mae Nak ဟာကလေးမမွေးနိုင်ပဲသေဆုံးသွားခဲ့ရာကနေ မကျွတ်မလွတ်နိုင်ပဲ ခင်ပွန်းဖြစ်သူကိုစောင့်နေရင်းတစ္ဆေဖြစ်ခဲ့ရာကနေ နောက်ဆုံးမှာ ဘဝပြောင်းသွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့တစ္ဆေကလေးလေးအကြောင်းကိုသိတဲ့သူရှားသလို ဇာတ်လမ်းတွေမှာလဲတွေ့ရခဲပါတယ်။ ဒီဇာတ်ကားကတော့ Mae Nak ကျွတ်လွတ်သွားအပြီး၊ Mak သာသနာ့ဘောင်ကိုဝင်သွားပြီးတဲ့နောက် ရွာမှာတစ်ဦးတည်းကျန်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့သား တစ္ဆေလေး ဒန်းဖရာခနောင်ရဲ့အကြောင်းပါပဲ။ ဒန်းကလူတွေကိုကူညီပေးတတ်စတတ်နောက်တတ်ပြီးစိတ်ထားကောင်းတဲ့အတွက် သူ့အမေနဲ့မတူပဲတစ်ရွာလုံးကချစ်ကြ၊စောင့်ရှောက်ထားကြပါတယ်။ ဒါပေမယ့်ကလေးတွေကိုတော့ လန့်မှာစိုးလို့အသိပေးမထားတဲ့အတွက် ကလေးတွေနဲ့လဲကစားဖက်ဖြစ်နေပါတယ်။ ဒါပေမယ့်လဲ ရွာထဲမှာ ဒန်းခြောက်လှန့်တာခံရတာများလာတဲ့အပြင်၊ ခြောက်လှန့်မှုတွေကနေ လူကိုအန္တရာယ်ပြုတဲ့အထိဖြစ်လာတဲ့အခါမှာတော့ သူတို့တစ်သက်လုံးစောင့်ရှောက်ခဲ့တဲ့ဒန်းပဲ ပြောင်းလဲသွားတာလား၊ ပြင်ပပယောဂတွေပါနေနိုင်မလားဆိုတာကိုဆက်လက်ရှုစားကြပါ။ Format……….: .mp4 & .mkv Quality………..: Web-DL […]
  • 4k
  • 3 weeks ago
Movies   Web-DL   

The Roundup (2022)

တစ်နှစ်ကိုတောင်ကိုးရီးယားနိုင်ငံကနေ အရှေ့တောင်အာရှနိုင်ငံတွေကိုထွက်ပြေးသွားတဲ့ တရားခံပြေးပေါင်း ပျမ်းမျှ ၃၀၀ ကျော်ရှိပါတယ်။ အဲဒီလူတွေဟာ ကိုးရီးယားလူမျိုးတွေကိုပစ်မှတ်ထားပြီး လူသတ်မှု ပြန်ပေးဆွဲမှု လုယက်မှုတွေကိုကျူးလွန်တတ်ကြပါတယ်။ Garubong အမှုဖြစ်ပြီး လေးနှစ်အကြာမှာစုံထောက်မာဆုတ်ဒိုနဲ့စခန်းမှူးဂျောင်အီမန်တိုနှစ်ယောက် ဗီယက်နမ်ကတောင်ကိုးရီးယားသံရုံးမှာဖြောင့်ချက်လာပေးတဲ့ ယိုဂျုံဟွန်းဆိုတဲ့သူကိုခေါ်ဖို ဗီယက်နမ်ကိုထွက်လာခဲ့ကြပါတယ်။ သူတိုဗီယက်နမ်ကိုရောက်တဲ့အချိန် ဘာတွေကြုံတွေ့ရမလဲ။ ယိုဂျုံဟွန်းကရော အပြစ်မကင်းတဲ့စိတ်ကြောင့်လာဝန်ခံတာဟုတ်ရဲ့လား။ သူ့မှာဘာလျိုဝှက်ချက်တွေရှိနေဦးမလဲဆိုတာကို စုံစမ်းရင်း ပြန်ပေးဆွဲလူသတ်မှုတစ်ခုနဲ့ပါ ဆက်စပ်နေမှန်းသိသွားတဲ့အခါမှာ စုံထောက်မာတိုသူငယ်ချင်းနှစ်ယောက် ဘယ်လို စုံစမ်းဖော်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ပါပြီ။ အက်ရှင်ခန်းတွေကိုအမိုက်စားရိုက်ကူးထားတဲ့အပြင် တောင်ကိုးရီးယားနိုင်ငံမှာ Covid-19 ရောဂါဖြစ်ပွားမှုအပြီး ဝင်ငွေအများဆုံးရတဲ့ရုပ်ရှင်အဖြစ်သတ်မှတ်ခံထားရတဲ့ ဒီရုပ်ရှင်ဟာ ကြည့်ရှုသူတွေကိုမငြီးငွေ့စေနိုင်မှာတော့ အသေအချာပါပဲ ။ Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 1080p 5.1CH, 720p, 480p Duration……..: 1h 46m Translator…..: Summer Encoder………: MZM […]
  • 4k
  • 3 weeks ago
Movies   Blu-ray   

Kingsman: The Secret Service (2014)

ဂျိမ်းစ်ဘွန်းလိုကြမ်းပြီး အထာကျတဲ့အက်ရှင်ခန်းတွေနဲ့ Samuel L. Jackson ကို ဗီလိန်နေရာမှာမြင်တွေ့နိုင်မယ့် ကားကောင်းလေးတစ်ကားကို ညွှန်းပေးချင်ပါတယ်။ IMDb rating7.7/10 အထိ ရရှိထားသလို 2016ရဲ့ Taurus World Stunt Awardအပါအဝင် ဆုစုစုပေါင်းဆယ်ဆုအထိလည်း ရရှိထားပါသေးတယ်။ ဇာတ်လမ်းအကျဥ်းကတော့ နိုင်ငံတကာခေါင်းဆောင်တွေရဲ့အထက်မှာရှိတဲ့ ကင်းစ်မန်းဆိုတဲ့ ကိုယ်ပိုင်သူလျှိုအဖွဲ့ဟာ သူတို့ရဲ့စစ်ဆင်ရေးတွေကို ဘယ်သူမှမသိအောင် အတော်ဆုံးအေးဂျင့်တွေနဲ့ သိုသိုသိပ်သိပ်လှုပ်ရှားပါတယ်။ တစ်ရက်မှာတော့ ကင်းစ်မန်းတစ်ယောက်ရဲ့အမှားကြောင့် အက်ဂ်ဆီရဲ့အဖေဖြစ်သူသေသွားခဲ့ပါတယ်။ ဒါကြောင့် ဝမ်းနည်းကြောင်းလာ​ပြောပြီး အကူအညီလိုရင်တောင်းဖို့ ကင်းစ်မန်းတံဆိပ်လေးကို ပေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာသွားချိန်မှာ အက်ဂ်ဆီလည်းအရွယ်ရောက်လာပြီး ပေပေတေတေနေတဲ့ လူဆိုးလေးအဖြစ်နေထိုင်ရင်း တစ်ရက်တော့ရဲဖမ်းခံရပါတယ်။ ရဲလက်ကလွတ်အောင် ကြံရာမရတဲ့အဆုံး သူ့ဆီမှာရှိတဲ့ကင်းစ်မန်းဖုန်းနံပါတ်ကို ဆက်သွယ်လိုက်ချိန်မှာတော့ အက်ဂ်ဆီရဲ့ဘဝ တစ်ထစ်ချိုးပြောင်းလဲသွားပါတော့တယ်။ ဒီလိုနဲ့ဘဲ ကင်းစ်မန်းနဲ့ရေစက်ဆုံလာတဲ့ အက်ဂ်ဆီတစ်ယောက် အခက်ခဲဆုံးလေ့ကျင့်မှုတွေကို ကျော်ဖြတ်ပြီး ကင်းစ်မန်းတစ်ယောက် ဖြစ်လာမှာလား။ […]
  • 4k
  • 3 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)