လူမည်းလူဖြူလူမျိုးရေးခွဲခြားခြင်းကယနေ့တိုင်တည်ရှိနေသေးတယ်ဆိုပေမဲ့အရင်လောက်တော့မဆိုးရွားတော့ပါဘူး။ အေဘရာဟန်လင်ကွန်းကလူမည်းကျွန်တွေကိုလွတ်လပ်ခွင့်ရအောင်မလုပ်ပေးခဲ့ခင်အချိန်အထိလူမည်းတွေကိုလူမျိုးရေးခွဲခြားဆက်ဆံတာ နိမ့်ချဆက်ဆံတာတွေကတော်တော်ကိုဆိုးရွားခဲ့ပါတယ်။ အခုဇာတ်ကားကလဲအဲ့ဒီအချိန်ကာလလောက်ရဲ့အဖြစ်အပျက်တွေကိုရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။
ပီတာဆိုတဲ့လူတစ်ယောက်ဟာမိသားစုနဲ့နေထိုင်နေတဲ့သူဖြစ်ပြီးတစ်နေ့မှာတော့သူတို့ရဲ့သခင်တွေကသူတို့တွေကိုတခြားသခင်တစ်ယောက်ဆီကျွန်အဖြစ်ရောင်းစားခဲ့ပါတယ်။ မိသားစုနဲ့ကွဲကွာပြီးတော့တခြားတစ်နေရာမှာကျွန်အဖြစ်ရောက်သွားတဲ့ပီတာတစ်ယောက် အေဘရာဟမ်လင်ကွန်းကကျွန်တွေကိုလွတ်လပ်ခွင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုကြားခဲ့ပါတယ်။ အဲဒါနဲ့သူနဲ့အတူတူကျွန်ဖြစ်နေတဲ့သူတွေနဲ့ထွက်ပြေးဖို့ကိုတိုင်ပင်ခဲ့ပါတော့တယ်။ အခွင့်သာတဲ့တစ်နေ့မှာတော့ပီတာတို့အစောင့်တွေကိုတိုက်ခိုက်ပြီးတော့အေဘရာဟမ်လင်ကွန်းတို့တပ်ဖွဲ့တွေရှိရာကိုထွက်ပြေးခဲ့ပါတယ်။
ပီတာတို့အောင်အောင်မြင်မြင်ခိုလှုံရာနေရာကိုထွက်ပြေးနိုင်မလား ဘာတွေဆက်ဖြစ်ခဲ့လဲဆိုတာကိုကြည့်ရှုရမဲ့ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
- Format……….: .mp4 & .mkv
- Quality………..: WEB-DL
- Resolution….: 4k 5.1CH, 1080p 5.1CH, 720p, 480p
- Duration……..: 2h 12m
- Translator…..: Saw Lay
- Encoder………: MZM
GD link မပါတော့ဘူးလားဗျ
Error တက်နေလို့ မတင်ပေးဖြစ်တော့တာပါ