Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

Encanto (2021)

Encanto (2021)
102 min|Animation, Comedy, Family|24 Nov 2021
7.2Rating: 7.2 / 10 from 208,369 usersMetascore: 75
A Colombian teenage girl has to face the frustration of being the only member of her family without magical powers.

အရွယ်သုံးပါးမရွေး အကြိုက်တွေ့စေမယ့် အသစ်စက်စက် Disneyကာတွန်းကားလေး Encantoလာပါပြီ။ IMDb ratingလည်း 7.4အထိရထားတဲ့အပြင် စပိန်စကားလေးတွေညှပ်ညှပ်ပြောတဲ့အပြင် စပိန်သံဝဲဝဲနဲ့သီချင်းလေးတွေဆိုပြီး သရုပ်ဖော်ရိုက်ကူးထားတာကြောင့် လုံးဝမပျင်းရဘဲ စိတ်ပေါ့ပါးစေမယ့် ကားသစ်လေးပါ။ ထွက်ထွက်ပြီးချင်း ဆုတွေလည်းလေးဆုအထိ သိမ်းပိုက်ထားလို့ ကြည့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။

ဇာတ်လမ်းအကျဥ်းကတော့ တောင်တွေပတ်လည်ဝိုင်းထားတဲ့ အန်ကန်တိုဆိုတဲ့နေရာလေးမှာ မှော်အစွမ်းတွေပိုင်ဆိုင်ထားတဲ့ မာဒရီဂယ်မိသားစုလေးရှိပါတယ်။ သူတို့မိသားစုမှာ ခွန်အားကြီးတဲ့သူကနေ ဘယ်အနာရောဂါမဆိုပျောက်စေနိုင်တဲ့ အစွမ်းရှိသူအထိ စုံလင်စွာရရှိထားပေမဲ့ မီရာဘယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်မှာပဲ ဘာအစွမ်းမှပေါ်မလာခဲ့ပါဘူး။ မာဒရီဂယ်တွေက သူတို့အစွမ်းတွေကိုသုံးပြီး ရွာကအခြားလူတွေကိုကူညီပေးသလို မိသားစုအတွက် အကောင်းဆုံးနေထိုင်ကြလို့ မီရာဘယ်လည်း သူတတ်အားတဲ့နေရာကနေ မိသားစုဂုဏ်တက်ရအောင် အမျိုးမျိုးကူညီဖို့လုပ်ပေမဲ့ သူလုပ်သမျှက ဝင်ရှုပ်မိသလိုဖြစ်နေတဲ့အခါ……..။

ဒီလိုနဲ့နေလာရင်းတစ်ရက်မှာ သူတို့ရထားတဲ့မှော်အစွမ်းတွေ ပြယ်စပြုလာပြီး အန်ကန်တိုတစ်ခုလုံးအန္တရာယ်ရှိလာပါတယ်။ ဒီလိုဖြစ်ရတာကလည်း မီရာဘယ်နဲ့ တစ်ခုခုပက်သက်နေတယ်ဆိုပြီး နိမိတ်မှာပေါ်လာတဲ့အခါ မီရာဘယ်တစ်ယောက် အမှန်တရားကိုရှာဖွေပြီး သူ့မိသားစုကိုကယ်တင်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

  • Format……….: .mp4 & .mkv
  • Quality………..: Blu-ray
  • Resolution….: 4K TrueHD 7.1, 1080p TrueHD 7.1, 1080p 5.1CH, 720p, 480p
  • Duration……..: 1h 42m
  • Translator…..: Cyanide
  • Encoder………: MZM

Leave a Reply

Your email address will not be published.

More to Watch
Movies   Web-DL   

Shershaah (2021)

ဒီကားလေးကတော့ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့အိန္ဒိယဇာတ်ကားလေးပဲဖြစ်ပါတယ် ငယ်ငယ်လေးကတည်းက စစ်သားတစ်ယောက်ဖြစ်ချင်တဲ့ ဗစ်ကရမ်လေး ရဲစွမ်းသတ္တိအပြည့်နဲ့အသက်ပေးဖိုဝန်မလေးဘဲ အိန္ဒိယနဲ့ပါကစ္စတန်ကြားကကတ်ရှ်မီးယားပြည်နယ်လေးမှာတာဝန်ထမ်းဆောင်ရင်း တိုင်းပြည်အတွက်အသက်ပေးသွားတဲ့အကြောင်းနဲ့ သူ့ဘဝဇာတ်လမ်းအစုံကိုပုံဖော်ထားတဲ့ ဒီဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို အားပေးကြပါဦး Format……….: .mp4 & .mkv Quality………..: Web-DL, Web-rip Resolution….: 4k 5.1CH, 1080p 5.1CH, 720p, 480p Duration……..: 2h 15m Translator…..: Summer Encoder………: MZM Update တွေကြည့်ရအောင် Telegram ကို Join ထားပါ ShweFlix လင့်သေနေတာရှိရင် အောက်ကကွန်းမန့်မှာ ရေးခဲ့ပေးပါ။
  • 4k
  • 3 weeks ago
Movies   Blu-ray   

Hard Hit (2021)

Seong-gyu ဟာဘူဆန်မှာရှိတဲ့ဘဏ်ဌာနခွဲတစ်ခုရဲ့မန်နေဂျာဖြစ်ပြီးတစ်နေ့တော့အလုပ်အသွားမှာ သူ့သားနဲ့သမီးကိုကျောင်းပို့ဖို့ တစ်ခါတည်းခေါ်သွားပါတယ်။ အဲ့ဒီမှာ ကားထဲရောက်နေတဲ့ ဖုန်းတစ်လုံးကနေအမည်မသိခေါ်ဆိုသူတစ်ဦးဆီက ဖုန်းဝင်လာခဲ့ပြီး၊ သူ့ခုံနဲ့ ကလေးတွေထိုင်ခုံအောက်မှာ ဗုံးတွေဆင်ထားပြီးထိုင်ရာကထလိုက်တာနဲ့ဗုံးက အသက်ဝင်လာပြီးပေါက်ကွဲမှာဖြစ်သလို သူခိုင်းတဲ့အတိုင်းမလုပ်ရင်လဲ အဝေးထိန်းခလုတ်နဲ့ဖောက်ခွဲမှာဖြစ်တယ်လို့ ခြိမ်းခြောက်ပါတယ်။ အစပိုင်းမှာ မယုံပေမယ့်လဲ မယုံပဲမနေနိုင်တော့တဲ့အဖြစ်အပျက်မျိုးသူ့မျက်စိရှေ့မှာဖြစ်လာတဲ့နောက်တော့ ဒီလူ့ခိုင်းစေချက်တွေအတိုင်းလိုက်လုပ်ရပါတော့တယ်။ ဒီလိုလိုက်မလုပ်ခင်မှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှု ထူးခြားနေတဲ့သူ့အပြုအမူတွေကြောင့်လဲရဲတွေက သူ့ကိုသံသယတရားခံလို့သတ်မှတ်ပြီး အဘက်ဘက်ကဝိုင်းဝန်ဖမ်းဆီးဖို့ ကြိုးစားလာကြတဲ့အပြင်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားခဲ့တဲ့ သူ့သားငယ်လေးကို ဆေးရုံပို့ဖို့ ကိစ္စကိုပါ တစ်ဖက်ကကြိုးစားရတဲ့အခါ..။ ဒီလူဟာ သူမသိလိုက်ရပဲ သူ့အပေါ်ဘယ်လိုအငြိုးအတေးတွေရှိခဲ့လဲ၊ မသက်ဆိုင်တဲ့သူ့သားသမီးတွေအပေါ်ပါဘာကြောင့် ဒုက္ခပေးချင်ရတာလဲ ပြောတဲ့အတိုင်းကောလုပ်မှာလားဆိုတာတွေကို ရင်တမမနဲ့ရှုစားကြရပါလိမ့်မယ်။ မနှစ်ကကပ်ရောဂါကာလရုံတင်တဲ့ကားတွေထဲကမှ ၁၀ ရက်အတွင်းကြည့်ရှုသူငါးသိန်းကျော်သွားတဲ့ ၂၀၂၁ ရဲ့ပထမဆုံးကိုရီးယားကားပါ။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA 5.1, 1080p 5.1CH, 720p, […]
  • 4k
  • 3 weeks ago
Movies   Blu-ray   

Ip Man: The Awakening (2022)

Ip Man ရဲ့နာမည်နဲ့ဘဝဇာတ်ကြောင်းအပေါ်အခြေတည်တဲ့ဇာတ်ကားသစ်တစ်ကားပဲဖြစ်ပြီး ဒီကားမှာတော့ ဆရာပေါက်စလေး Ip ဟာ ၃၀ ခုနှစ်ဝန်းကျင်မှာ ဖိုရှန်းကနေ ဟောင်ကောင်ကို သွားလည်ခဲ့ပါတယ်။ မိမိ စွမ်းရည်အပေါ်ဖြောင့်မတ်မှန်ကန်မှုအပေါ်ဂုဏ်မောက်သေချာနေခဲ့တဲ့ သူဟာ ဟောင်ကောင်အရောက်မှာပဲ ဘတ်စ်ကားပေါ်မှာအမျိုးသမီးနှစ်ဦးကိုဝိုင်းဝန်းလုယက်နေတဲ့ လူတစ်စုရန်ကနေဝင်ရောက်ကယ်ဆယ်ခဲ့ပါတယ်။ ဒီလိုနဲ့ မိန်းကလေးရဲ့အစ်ကို လန်ချားခေါင်း ဟူဘူဖန်းနဲ့ရင်းနှီးကျွမ်းဝင်ရာကတစ်ဆင့် ဒေသခံဗြိတိန်ရဲတွေ၊ ခြစားမှုတွေနဲ့အတူ နယ်ခံဗြိတိန်သားတွေဦးစီးနေတဲ့ လူကုန်ကူးဂိုဏ်းနဲ့ မဟုတ်မခံ ဆရာငယ်လေး Ip Man တို့ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ ဒီကားမှာတော့ ငယ်ရွယ်ပြီး ပညာမစုံ မရင့်ကျက်သေးတယ် Ip Man ကိုတွေ့မြင်ရမှာဖြစ်ပေမယ့် ကွန်ဖူးတိုက်ခိုက်ခန်းတွေရိုးရှင်းလှပပါတယ်။ Donnie yen ပါဝင်တဲ့ ပင်မဇာတ်ကားကြီးတွေကိုမမှီပေမယ့် ကြည့်ကောင်းသပ်ရပ်တဲ့ကွန်ဖူးကားတစ်ကားပဲဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA 5.1, […]
  • 4k
  • 3 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)