Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

Eternals (2021)

Eternals (2021)
156 min|Action, Adventure, Fantasy|05 Nov 2021
6.3Rating: 6.3 / 10 from 320,396 usersMetascore: 52
The saga of the Eternals, a race of immortal beings who lived on Earth and shaped its history and civilizations.

Marvel Studios က အသစ်ထွက်ရှိလာတဲ့ Eternals ကားသစ်ကြီးလာပါပြီ။

စကြဝဠာကြီးရဲ့ မူလပထမမှာ အဆုံးမဲ့ဖြစ်တည်မှု၆ခုနဲ့ ဒြပ်ဝတ္ထုတို့ရဲ့ဖန်တီးခြင်းကို မစတင်ခင် ကနဦးဖန်ဆင်းရှင်အာရစ်ရှမ်က ပထမဆုံးသောနေကိုဖန်ဆင်းပြီး စကြဝဠာကိုအလင်းပေးခဲ့ပါတယ်။ အဲဒီကနေ သက်ရှိတို့ဖြစ်ပေါ်လာပြီး အရာအားလုံးမျှခြေအနေအထားမှာ ရှိနေခဲ့ပါတယ်။

တစ်နေ့ကျတော့ ဒီဗီးယန့်ဆိုတဲ့ သားရဲကောင်တွေပေါ်ပေါက်လာပြီး အသိဥာဏ်ရှိမျိုးစိတ်တွေကို စားသုံးပါတော့တယ်။ သဘာဝတရားရဲ့ ဟန်ချက်ညီမှုကိုထိန်းသိမ်းနိုင်ဖို့ အိုလံပီယာဂြိုလ်ပေါ်က အီတာနယ်အမည်ရတဲ့ မသေမျိုးတွေကို ဒီဗီးယန့်တွေကိုနှိမ်နှင်းဖို့အတွက် အာရစ်ရှမ်က စေလွှတ်ခဲ့ပါတယ်။ အီတာနယ်တွေက အာရစ်ရှမ်အပေါ် အကြွင်းမဲ့ယုံကြည်ပြီး အမိန့်နာခံခဲ့ကြပေမဲ့ တစ်ရက်ကျတော့ သူတို့တာဝန်ထမ်းဆောင်ရင်း ယုံကြည်ချက်တွေပြောင်းလဲလာတဲ့အခါမှာတော့………..

လက်ရှိချိန်အထိ Nomination ၇ နေရာအထိ ဝင်ထားပြီဖြစ်သလို Marvelကရိုက်ကူးတာဖြစ်လို့ ပထမကြည့်ထားပြီးသား MCU ထဲကရုပ်ရှင်တွေနဲ့လည်း ဆက်စပ်ခံစားနိုင်ပါသေးတယ်။ သရုပ်ဆောင်တွေထဲမှာလည်း Angelina Jolieလိုနာမည်ကြီးတွေပါတဲ့အပြင် One Direction အဖွဲ့က Harry Styles လည်း အဲရို့စ်အဖြစ် တစ်ခန်းပါဝင်ထားပါသေးတယ်။ Marvelထုံးစံအတိုင်း စာတန်းထိုးနောက်မှာ တစ်ခန်းနှစ်ခန်းပါသေးတာမို့ အဆုံးထိကြည့်ဖို့ မမေ့ပါနဲ့နော်။

  • Format……….: .mp4 & .mkv
  • Quality………..: Blu-ray
  • Resolution….: 4K TrueHD 7.1, 1080p DTS-HD MA 5.1, 1080p 5.1CH, 720p, 480p
  • Duration……..: 2h 36m
  • Translator…..: Cyanide
  • Encoder………: MZM

Leave a Reply

Your email address will not be published.

More to Watch
Movies   Blu-ray   

Hard Hit (2021)

Seong-gyu ဟာဘူဆန်မှာရှိတဲ့ဘဏ်ဌာနခွဲတစ်ခုရဲ့မန်နေဂျာဖြစ်ပြီးတစ်နေ့တော့အလုပ်အသွားမှာ သူ့သားနဲ့သမီးကိုကျောင်းပို့ဖို့ တစ်ခါတည်းခေါ်သွားပါတယ်။ အဲ့ဒီမှာ ကားထဲရောက်နေတဲ့ ဖုန်းတစ်လုံးကနေအမည်မသိခေါ်ဆိုသူတစ်ဦးဆီက ဖုန်းဝင်လာခဲ့ပြီး၊ သူ့ခုံနဲ့ ကလေးတွေထိုင်ခုံအောက်မှာ ဗုံးတွေဆင်ထားပြီးထိုင်ရာကထလိုက်တာနဲ့ဗုံးက အသက်ဝင်လာပြီးပေါက်ကွဲမှာဖြစ်သလို သူခိုင်းတဲ့အတိုင်းမလုပ်ရင်လဲ အဝေးထိန်းခလုတ်နဲ့ဖောက်ခွဲမှာဖြစ်တယ်လို့ ခြိမ်းခြောက်ပါတယ်။ အစပိုင်းမှာ မယုံပေမယ့်လဲ မယုံပဲမနေနိုင်တော့တဲ့အဖြစ်အပျက်မျိုးသူ့မျက်စိရှေ့မှာဖြစ်လာတဲ့နောက်တော့ ဒီလူ့ခိုင်းစေချက်တွေအတိုင်းလိုက်လုပ်ရပါတော့တယ်။ ဒီလိုလိုက်မလုပ်ခင်မှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှု ထူးခြားနေတဲ့သူ့အပြုအမူတွေကြောင့်လဲရဲတွေက သူ့ကိုသံသယတရားခံလို့သတ်မှတ်ပြီး အဘက်ဘက်ကဝိုင်းဝန်ဖမ်းဆီးဖို့ ကြိုးစားလာကြတဲ့အပြင်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားခဲ့တဲ့ သူ့သားငယ်လေးကို ဆေးရုံပို့ဖို့ ကိစ္စကိုပါ တစ်ဖက်ကကြိုးစားရတဲ့အခါ..။ ဒီလူဟာ သူမသိလိုက်ရပဲ သူ့အပေါ်ဘယ်လိုအငြိုးအတေးတွေရှိခဲ့လဲ၊ မသက်ဆိုင်တဲ့သူ့သားသမီးတွေအပေါ်ပါဘာကြောင့် ဒုက္ခပေးချင်ရတာလဲ ပြောတဲ့အတိုင်းကောလုပ်မှာလားဆိုတာတွေကို ရင်တမမနဲ့ရှုစားကြရပါလိမ့်မယ်။ မနှစ်ကကပ်ရောဂါကာလရုံတင်တဲ့ကားတွေထဲကမှ ၁၀ ရက်အတွင်းကြည့်ရှုသူငါးသိန်းကျော်သွားတဲ့ ၂၀၂၁ ရဲ့ပထမဆုံးကိုရီးယားကားပါ။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA 5.1, 1080p 5.1CH, 720p, […]
  • 4k
  • 3 weeks ago
Movies   Web-DL   

Moloch (2022)

ဒီဇာတ်ကားလေးကတော့ Horror အမျိုးအစားဖြစ်ပြီး သရဲကားတို့ လူသတ်ကားတို့ကြိုက်နှစ်သက်တဲ့သူတွေအတွက် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Moloch ဆိုတာ ကလေးယစ်ပူဇော်တဲ့နတ်ဘုရားတစ်ပါးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘစ်ထရိခ်ဟာ နယ်သာလန်မြောက်ပိုင်း အစွန်အဖျားမှာ သူ့မိသားစုနဲ့အတူ နေထိုင်ပါတယ်။ တစ်ညမှာတော့ လူစိမ်းတစ်ယောက်က သူ့မိသားစုကိုသတ်ဖို့ကြိုးစားပါတော့တယ်။ အဲဒီတော့ ဘစ်ထရိခ်က ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး လိုက်လံစုံစမ်းရင်း Moloch နတ်ဘုရားနဲ့ အပေးအယူလုပ်ခဲ့တဲ့ ဖိုက်ကီရဲ့ဒဏ္ဍာရီနဲ့ဆက်စပ်မှုရှိနေတာကိုသိလိုက်ရပါတယ်။ အဲဒီအချိန်ကစပြီး ဘစ်ထရိခ်တစ်ယောက် သူ့မိသားစုကို အန္တရာယ်ကနေ ဘယ်လိုကာကွယ်ပေးမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားလိုက်ပါ။ Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 1080p, 720p, 480p Duration……..: 1h 39m Translator…..: MCEC Encoder………: MZM Update တွေကြည့်ရအောင် Telegram […]
  • 4k
  • 3 weeks ago
Movies   Web-DL   

The Adam Project (2022)

ထွေလာနဲ့တင် စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ Ryan Reynolds ရဲ့ နက်ဖလစ်ကားသစ်ဖြစ်ပါတယ်။ ပျက်ဆီးကိန်းကြုံနေတဲ့ ၂၀၅၀ ကမ္ဘာကနေပိုင်းလော့တစ်ယောက်ဖြစ်တဲ့ Adam Reed ဟာသူ့အချိန်ခရီးသွားယာဉ်ကိုခိုးယူပြီး ၂၀၁၈ က ကယ်ဆယ်ရေးမစ်ရှင်တစ်ခုဆီကိုထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် အလျင်စလိုဖြစ်နေမှုကြောင့်မှားယွင်းပြီး ၂၀၂၂ ကိုရောက်သွားပါတော့တယ်။ အဲ့ဒီအချိန်မှာ သူကိုယ်တိုင်ရဲ့ အသက် ၁၂ အရွယ်ကောင်လေးကိုတွေ့ဆုံအကူအညီတောင်းပြီး လက်ရှိယာဉ်ချို့ယွင်းမှုကိုပြင်ဆင်ဖို့ကြိုးစားရပါတယ်။ တကယ်တမ်းတော့ အတိတ်ကိုပြန်လာပြီးတော့ပြင်ဆင်ဖို့ကြိုးစားမှုဟာ ကြီးမားတဲ့ဆိုးကျိုးတွေဖြစ်ပေါ်ပြီး အန္တရာယ်ကြီးမားပါတယ်။ ဒါတွေကိုသိသိကြီးနဲ့ အဒမ် ဘာကြောင့်စွန့်လွှတ်ခဲ့လဲ? သူပြန်လည်ပြင်ဆင်ဖို့ကြိုးစားတဲ့အတိတ်က ဘာအကြောင်းအရာလဲ ။ အဒမ်နဲ့ အဒမ် နှစ်ယောက်ရင်ဆိုင်ဖြေရှင်းရမှာ ဘယ်လိုပြဿနာတွေဖြစ်မလဲ? ဇာတ်လမ်းဇာတ်အိမ်ကောင်းသလို CG တွေလဲအရမ်းလှပသေသပ်ပါတယ်။ Ryan Reynolds ထုံးစံကျဉ်းထဲကြပ်ထဲမှာဟာသတွေထိုင်ဖောက်နေတာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ရီနေရဦးမှာပါ။ တကယ်ကိုလက်မလွတ်သင့်တဲ့ဖျော်ဖြေရေးကားကောင်းတစ်ကားပါ။ Mark Ruffalo ,Jennifer Garner, Zoe Saldana စတဲ့ဝါရင့်ဒိတ်ဒိတ်ကြဲတွေကလဲဇာတ်ကိုမြိုင်နေအောင်ပို့ပေးထားပါသေးတယ်။ […]
  • 4k
  • 3 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)