Fall (2022)

Fall (2022)

0 1074
Fall (2022)
Fall (2022)
107 min|Thriller|12 Aug 2022
6.4Rating: 6.4 / 10 from 41,132 usersMetascore: 62
Best friends Becky and Hunter find themselves at the top of a 2,000-foot radio tower.
YouTube video

ဘတ်ကီနဲ့ဟန်တာတို့ဟာ အန္တရာယ်များစွန့်စားရတဲ့အရသာကိုကြိုက်နှစ်သက်စွဲလန်းကြတဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ပါ။ သူတို့တောင်အတူတူတက်ကြရင်း ဘတ်ကီ့ခင်ပွန်း ဒန် လိမ့်ကျသေဆုံးသွားခဲ့ချိန်မှာ ဘတ်ကီဟာယူကျုံးမရဝေဒနာနဲ့အရက်ခွက်ထဲခေါင်းစိုက်ပြီး ဘဝပျက်လုနီးပါးဖြစ်နေခဲ့ပါတယ်။ ဘတ်ကီ့ဖခင်ဖြစ်သူက အမျိုးမျိုးဆုံးမဖြောင့်ဖြပေမယ့် ခေါင်းမာတဲ့ဘတ်ကီကိုမနိုင်ခဲ့ပါဘူး။ အဲ့ဒီမှာပဲ ဟန်တာတစ်ယောက်ပြန်ရောက်လာခဲ့ပြီး ဘတ်ကီကိုပေ ၂၀၀၀ ကျော်မြင့်တဲ့ အမေရိကားရဲ့စတုတ္ထအမြင့်ဆုံးအဆောက်အအုံ ရုပ်မြင်သံကြားမျှော်စင်ကြီးကိုတက်ဖို့လာဆွယ်ပါတော့တယ်။ အစပိုင်းမှာငြင်းပေမယ့်အပြောင်းအလဲစွန့်စားမှုကိုလိုချင်နေတဲ့သူတို့နှစ်ယောက် အပေါ်အထိအောင်အောင်မြင်မြင်ရောက်ခဲ့ပြီးမှပြန်အဆင်းမှာ လှေကားကြီးတစ်ခုလုံးကွာကျသွားခဲ့ပြီး ထိပ်ဆုံးမှာသောင်တင်သွားပါတော့တယ်။

သူတို့ဒီရောက်နေတာ ဘယ်သူမှမသိပါဘူး၊ အပေါ်ဆုံးကအော်ရင်လဲ ဘယ်သူမှမကြားနိုင်မမြင်နိုင်တဲ့နေရာ၊ ဖုန်းလိုင်းမမိ၊ ရေဘူးကလဲအောက်တစ်ဆင့်မှာအိတ်နဲ့အတူကျသွားတဲ့နောက် ဘယ်လိုစွန့်စားရုန်းထွက်ကြမလဲဆိုတာအသည်းတယားယား ဖင်တကျိန်းကျိန်းနဲ့ကြည့်ရမှာဖြစ်ပါတယ်။ သရုပ်ဆောင်နှစ်ယောက်အပေးအယူမိသလို သူတို့ချတဲ့ဆုံးဖြတ်ချက်တိုင်းက သဘာဝယုတ္တိနဲ့မကင်းကွာရုံမက ပြီးကာနီးမှာ ထည့်သွားတဲ့ plot twist ကလဲရှယ်မိုက်ပါပဲ။ ထိုင်ခုံကိုလက်နဲ့မြဲမြဲကိုင်ရင်းကြည့်ကြပါ။

  • Format……….: .mp4 & .mkv
  • Quality………..: Web-DL
  • Resolution….: 1080p 5.1CH, 720p, 480p
  • Duration……..: 1h 47m
  • Translator…..: Dreamy
  • Encoder………: MZM
Subscribe
Notify of
Fall (2022)
0 Comments
Inline Feedbacks
View all comments