No Sound Problem [အသံမလာ မသံမရတဲ့ပြသနာ]
4K တွေ 1080p တွေကို အနည်းဆုံး 5.1 sounds နဲ့ ကုဒ်ပေးပါတယ်။ 720p နဲ့ 480p တွေကိုတော့ သာမန် stereo နဲ့ပဲကုဒ်ပေးပါတယ်။ stereo ဆိုတာ ဘယ်သံနဲ့ ညာသံ နှစ်သံပါတာကိုပြောတာပါ။ 5.1 ကတော့ ဘယ်ရော ညာရော ရှေ့ရော နောက်ရော အပေါ်ရော အောက်ရော surrounding ပတ်ပတ်လည်အသံထွက်ပါ။ အဲတော့ အသံကွာလတီချင်းကွာသလို 5.1 ကို တစ်ချို့ player တွေ device တွေ support မလုပ်ပါဘူး။ အဲလို support မလုပ်တာတွေဆို အသံမထွက်တာတွေ အသံမပါတာတွေဖြစ်ပါတယ်။ အဲလိုမျိုးဆိုရင် setting ချိန်သင့်ချိန်ရသလို support ပေးတာနဲ့ပြောင်းကြည့်သင့်ကြည့်ရပါတယ်။ VLC Player ဆိုရင်တော့ တော်တော်များများအဆင်ပြေပါတယ်။