Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

Finch (2021)

Finch (2021)
115 min|Adventure, Drama, Sci-Fi|05 Nov 2021
6.8Rating: 6.8 / 10 from 79,054 usersMetascore: 57
On a post-apocalyptic Earth, a robot, built to protect the life of his creator's beloved dog learns about life, love, friendship and what it means to be human.

Tom Hanks ကြီးရဲ့နောက်ဆုံးထွက်ကားသစ်ဖြစ်ပါတယ်။

ပျက်စီးနေခဲ့ပြီး ဖြစ်တဲ့ အနာဂတ်ကမ္ဘာကြီးမှာ ဖင့်ချ်ဆိုတဲ့လူတစ်ယောက်ဟာ ခွေးလေးတစ်ကောင်နဲ့ ဒီဝီဆိုတဲ့ ဘီးတပ် တောက်တိုမယ်ရစက်ရုပ်လေးတစ်ကောင်ကိုအဖော်ပြုနေထိုင်ရင်းနဲ့က တစ်စုံတစ်ခုကိုကြိုးစားပမ်းစားဖန်တီးနေခဲ့ပါတယ်။ သူဖန်တီးနေတာက လူသားတစ်ယောက်အသိဉာဏ်စွမ်းဆောင်ရည်တွေနဲ့ စက်ရုပ်နောက်တစ်ရုပ်ဖြစ်ပြီး သူ့မှာစွဲကပ်နေတဲ့ရောဂါကြောင့် လောကကြီးကိုမျက်ကွယ်ပြုမသွားခင် သူ့ခွေးလေးအတွက်အစောင့်အရှောက်ရအောင် ရည်ရွယ်ချက်နဲ့ဖန်တီးနေခဲ့တာပဲဖြစ်ပါတယ်။

ဒီစက်ရုပ်ကို သင်ပေးရမယ့်အချိန်ကာလ တစ်စထက်တစ်စ ပိုချို့ယွင်းလာတဲ့ သူ့ကျန်းမာရေး၊ မကြာခင်သူတို့နေရာကိုကျလာတော့မယ့် ဧရာမမုန်တိုင်း စတဲ့အနှောင့်အယှက်တွေဝိုင်းပတ်နေတဲ့ကြားက သူ့ရည်မှန်းချက်အောင်မြင်နိုင်ပါ့မလား?

Tom Hanks ကားဆိုတဲ့အတိုင်း မကောင်းပဲမနေဘူးဆိုတာ သိကြမှာပါ။ဒီကားလဲ ကြည့်သင့်တဲ့ကားတစ်ကားပါပဲ။

  • Format……….: .mp4 & .mkv
  • Quality………..: Web-DL
  • Resolution….: 4K 5.1CH, 1080p 5.1CH, 720p, 480p
  • Duration……..: 1h 55m
  • Translator…..: Dreamy
  • Encoder………: MZM

Leave a Reply

Your email address will not be published.

More to Watch
Movies   Web-DL   

Daeng Phra Khanong (2022)

Mae nak အကြောင်းကိုတော့ မသိတဲ့သူမရှိသလောက်ရှားကြမှာပါ၊ ရုပ်ရှင်တွေ ရုပ်သံဇာတ်လမ်းတွေကိုမှ ဗားရှင်းအမျိုးမျိုးပုံစံအစုံစုံနဲ့ရိုက်ခဲ့ကြတဲ့အထဲမှာမှ နာမည်အကြီးဆုံးဖြစ်တဲ့ Nang nak (1999) နဲ့ Pee Mak တို့ကတော့မပါမဖြစ်ပါပဲ။ ဒဏ္ဍာရီအရ Mae Nak ဟာကလေးမမွေးနိုင်ပဲသေဆုံးသွားခဲ့ရာကနေ မကျွတ်မလွတ်နိုင်ပဲ ခင်ပွန်းဖြစ်သူကိုစောင့်နေရင်းတစ္ဆေဖြစ်ခဲ့ရာကနေ နောက်ဆုံးမှာ ဘဝပြောင်းသွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့တစ္ဆေကလေးလေးအကြောင်းကိုသိတဲ့သူရှားသလို ဇာတ်လမ်းတွေမှာလဲတွေ့ရခဲပါတယ်။ ဒီဇာတ်ကားကတော့ Mae Nak ကျွတ်လွတ်သွားအပြီး၊ Mak သာသနာ့ဘောင်ကိုဝင်သွားပြီးတဲ့နောက် ရွာမှာတစ်ဦးတည်းကျန်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့သား တစ္ဆေလေး ဒန်းဖရာခနောင်ရဲ့အကြောင်းပါပဲ။ ဒန်းကလူတွေကိုကူညီပေးတတ်စတတ်နောက်တတ်ပြီးစိတ်ထားကောင်းတဲ့အတွက် သူ့အမေနဲ့မတူပဲတစ်ရွာလုံးကချစ်ကြ၊စောင့်ရှောက်ထားကြပါတယ်။ ဒါပေမယ့်ကလေးတွေကိုတော့ လန့်မှာစိုးလို့အသိပေးမထားတဲ့အတွက် ကလေးတွေနဲ့လဲကစားဖက်ဖြစ်နေပါတယ်။ ဒါပေမယ့်လဲ ရွာထဲမှာ ဒန်းခြောက်လှန့်တာခံရတာများလာတဲ့အပြင်၊ ခြောက်လှန့်မှုတွေကနေ လူကိုအန္တရာယ်ပြုတဲ့အထိဖြစ်လာတဲ့အခါမှာတော့ သူတို့တစ်သက်လုံးစောင့်ရှောက်ခဲ့တဲ့ဒန်းပဲ ပြောင်းလဲသွားတာလား၊ ပြင်ပပယောဂတွေပါနေနိုင်မလားဆိုတာကိုဆက်လက်ရှုစားကြပါ။ Format……….: .mp4 & .mkv Quality………..: Web-DL […]
  • 4k
  • 2 weeks ago
Web-DL   Animation   

Paws of Fury: The Legend of Hank (2022)

ဒီဇာတ်ကားလေးကတော့ Animation, Action, Comedy အမျိုးအစားဖြစ်ပြီး တော်တော်လေးကိုရယ်ရတဲ့ဇာတ်ကားလေးတစ်ကားပါ ဇာတ်လမ်းအကျဉ်းကတော့ ကြောင်အမတ်ကြီးအစ်ကာချူဟာ အရှင်သခင်ရှိုးဂန်းကို ဖားချင်တဲ့အတွက် နန်းတော်ကြီးတစ်ခုတည်ဆောက်နေပါတယ်။ ဒါပေမဲ့ အဲဒီနန်းတော်ကြီးရဲ့အရှေ့မှာ ကြောင်တွေနေတဲ့ကာကာမူချို့ဆိုတဲ့ မြို့လေးတစ်မြို့ရှိပါတယ်။ အစ်ကာချူးက အဲဒီမြို့လေးဟာသူ့ရဲ့ရှုခင်းအလှကိုဖျက်ဆီးနေတယ်လို့မြင်တဲ့အတွက် ကြောင်နင်ဂျာတွေကိုလွှတ်ပြီး ဖျက်ဆီးခိုင်းပါတယ်။ အဲဒီတော့ ကာကာမူချိုမြို့ကကြောင်တွေက မြို့ကိုကာကွယ်ပေးဖို့ ရှိုးဂန်ဆီမှာ ဆာမူရိုင်းတစ်ယောက်တောင်းခံလိုက်ပါတော့တယ်။ ရှိုးဂန်းက အဲဒီတာဝန်ကို အစ်ကာချူကိုပဲပြန်ပေးလိုက်တော့ အစ်ကာချူတစ်ယောက်ဒုက္ခရောက်ရပါတော့တယ်။ ဒါပေမဲ့ ယုတ်မာတဲ့အစ်ကာချူက ဆာမူရိုင်းဖြစ်ချင်လို့ကြောင်တိုင်းပြည်ကို ခိုးဝင်လာတဲ့ ခွေး ဟန့်ခ်ကို သေဒဏ်ပေးခါနီးမှာ လွှတ်ပေးခဲ့ပြီးဆာမူရိုင်းအဖြစ်ခန့်အပ်ကာ ကာကာမူချိုမြို့လေးကိုကာကွယ်ပေးဖို့စေလွှတ်လိုက်ပါတော့တယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ အဲဒီမြို့ကကြောင်တွေက ခွေးကိုမုန်းလို့သတ်ပစ်လိုက်ရင် ဉပဒေကိုချိုးဖောက်တယ်ဆိုပြီး အားလုံးကိုဖမ်းဆီးအရေးယူဖို့ပါပဲ။ ဒါပေမဲ့ ကြောင်တွေနဲ့ခွေးဆာမူရိုင်းတို့ အတွဲညီညီနဲ့ သူ့နင်ဂျာတွေကိုပြန်တိုက်ခိုက်ကြပါတော့တယ်။ Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 1080p 5.1CH, […]
  • 4k
  • 2 weeks ago
Movies   Blu-ray   

Encanto (2021)

အရွယ်သုံးပါးမရွေး အကြိုက်တွေ့စေမယ့် အသစ်စက်စက် Disneyကာတွန်းကားလေး Encantoလာပါပြီ။ IMDb ratingလည်း 7.4အထိရထားတဲ့အပြင် စပိန်စကားလေးတွေညှပ်ညှပ်ပြောတဲ့အပြင် စပိန်သံဝဲဝဲနဲ့သီချင်းလေးတွေဆိုပြီး သရုပ်ဖော်ရိုက်ကူးထားတာကြောင့် လုံးဝမပျင်းရဘဲ စိတ်ပေါ့ပါးစေမယ့် ကားသစ်လေးပါ။ ထွက်ထွက်ပြီးချင်း ဆုတွေလည်းလေးဆုအထိ သိမ်းပိုက်ထားလို့ ကြည့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ တောင်တွေပတ်လည်ဝိုင်းထားတဲ့ အန်ကန်တိုဆိုတဲ့နေရာလေးမှာ မှော်အစွမ်းတွေပိုင်ဆိုင်ထားတဲ့ မာဒရီဂယ်မိသားစုလေးရှိပါတယ်။ သူတို့မိသားစုမှာ ခွန်အားကြီးတဲ့သူကနေ ဘယ်အနာရောဂါမဆိုပျောက်စေနိုင်တဲ့ အစွမ်းရှိသူအထိ စုံလင်စွာရရှိထားပေမဲ့ မီရာဘယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်မှာပဲ ဘာအစွမ်းမှပေါ်မလာခဲ့ပါဘူး။ မာဒရီဂယ်တွေက သူတို့အစွမ်းတွေကိုသုံးပြီး ရွာကအခြားလူတွေကိုကူညီပေးသလို မိသားစုအတွက် အကောင်းဆုံးနေထိုင်ကြလို့ မီရာဘယ်လည်း သူတတ်အားတဲ့နေရာကနေ မိသားစုဂုဏ်တက်ရအောင် အမျိုးမျိုးကူညီဖို့လုပ်ပေမဲ့ သူလုပ်သမျှက ဝင်ရှုပ်မိသလိုဖြစ်နေတဲ့အခါ……..။ ဒီလိုနဲ့နေလာရင်းတစ်ရက်မှာ သူတို့ရထားတဲ့မှော်အစွမ်းတွေ ပြယ်စပြုလာပြီး အန်ကန်တိုတစ်ခုလုံးအန္တရာယ်ရှိလာပါတယ်။ ဒီလိုဖြစ်ရတာကလည်း မီရာဘယ်နဲ့ တစ်ခုခုပက်သက်နေတယ်ဆိုပြီး နိမိတ်မှာပေါ်လာတဲ့အခါ မီရာဘယ်တစ်ယောက် အမှန်တရားကိုရှာဖွေပြီး သူ့မိသားစုကိုကယ်တင်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကို စိတ်ဝင်စားစရာ […]
  • 4k
  • 2 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)