နိုဝါ (Daisy Edgar-Jones) ဟာလတ်တလောမှာအွန်လိုင်းကနေချိန်းတွေ့ဖြစ်နေပြီးတွေ့ရသမျှယောက်ျားတွေအပေါ် အကြိမ်ကြိမ်စိတ်ပျက်နေရတဲ့တကိုယ်ရေသမားမိန်းမငယ်တစ်ယောက်ပါ၊ သူ့မှာအချစ်ဆုံးသူငယ်ချင်း မော်လီကလွဲပြီး အနီးကပ်ပေါင်းသင်းတဲ့သူလဲမရှိပါဘူး။
တစ်နေ့တော့ကုန်စုံဆိုင်တစ်ခုမှာဈေးဝယ်နေရင်း သူ့ကိုပေါ်တင်ကြီးလာချဉ်းကပ်တဲ့ သူစိမ်းတစ်ယောက်၊ အဲ့ဒီကနေ အဲ့ဒီလူရဲ့ရုပ်ရည်၊ရည်မွန်ဖော်ရွေမှု၊ အလုပ်အကိုင်စတာတွေကို မငြင်းဆန်နိုင်အောင် ငြိတွယ်မိသွားရာကနေ ခပ်မြန်မြန်ပဲ အဲ့ဒီလူနဲ့နှစ်ကိုယ်တည်းခရီးထွက်ဖို့အထိ သဘောတူမိလိုက်ပါတော့တယ်။
သူ့ကိုမော်လီတားနေတဲ့ သတိပေးနေတဲ့ကြားက ရှေ့ဆက်ဇွတ်တိုးမိရင်းအဲ့ဒီလူရဲ့တကယ့်ရည်ရွယ်ချက်ကို သူသိလိုက်ရတဲ့အချိန် အမှောင်ဘက်ခြမ်းကို မြင်လိုက်ရတဲ့အချိန်ဟာ သိပ်နောက်ကျသွားတော့မလား?
Fresh ဟာနာမည်နဲ့လိုက်အောင်လတ်ဆတ်တဲ့ ဒီအမျိုးအစားအတွက် အရသာသစ်တစ်ခုကိုပေးစွမ်းနိုင်တဲ့ comedy thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ လူသားစားတဲ့ဇာတ်အိမ်မျိုးကို ပေါ့ပေါ့ပါးပါးဟာသဖောက်ပြီးဆွဲဆောင်ခေါ်ယူနိုင်တာအတော်စိတ်ဝင်စားဖို့ကောင်း ချီးကျူးစရာလဲကောင်းပါတယ်။
Winter Soilder (Sebastian Stan) နဲ့ ဗြိတိန်မင်းသမီး Daisy Edgar-Jones တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။
- Format……….: .mp4 & .mkv
- Quality………..: Web-DL
- Resolution….: 4k 5.1CH, 1080p 5.1CH, 720p, 480p
- Duration……..: 1h 54m
- Translator…..: Dreamy
- Encoder………: MZM
SD
UTB
GD
Shershaah (2021)
Crimes of the Future (2022)
Incantation (2022)