Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

Ghostbusters: Afterlife (2021)

Ghostbusters: Afterlife (2021)
124 min|Adventure, Comedy, Fantasy|19 Nov 2021
7.1Rating: 7.1 / 10 from 163,282 usersMetascore: 45
When a single mom and her two kids arrive in a small town, they begin to discover their connection to the original Ghostbusters and the secret legacy their grandfather left behind.

Ghostbusters: Afterlife (2021) ဟာတစ်ချိန်ကနာမည်ကျော်ကလေးလူကြီးတွေရဲ့အသည်းကျော်ဖြစ်ခဲ့တဲ့ Ghostbusters နှစ်ကားရဲ့တိုက်ရိုက်နောက်ဆက်တွဲဖြစ်ပါတယ်။ ကြားထဲမှာထွက်ခဲ့သေးတဲ့ နာမည်ကျော်မင်းသမီးတွေနဲ့ Ghostbusters (2016) ကတော့ ဒီ universe မှာမရှိပါဘူး။

ဇာတ်လမ်းအကျဉ်းအနေနဲ့ ဒုတိယဇာတ်ကားအပြီး ၃၂ နှစ်အကြာမှာ တကိုယ်တည်းမိခင်တစ်ယောက်နဲ့ကလေးနှစ်ယောက်ဟာမြို့ပေါ်မှာဘဝမရပ်တည်နိုင်တော့တဲ့နောက် သူ့ဖခင် ကလေးတွေရဲ့အဘိုးချန်ထားခဲ့တဲ့ တစ်ခုတည်းသောအမွေဆက်ခံရရှိတဲ့ ကြောက်စရာလယ်တောအိမ်ကြီးတစ်ခုကိုပြောင်းရွှေ့လာခဲ့ပါတယ်။ အဲ့ဒီမှာပဲ ရွယ်တူကလေးတွေနဲ့ဝင်မဆန့်ပဲ သိပ္ပံပညာကိုတရားလွန်စိတ်ဝင်စားတဲ့ သမီးငယ်လေး Phoebe ကနေ သူ့အဘိုးဖြစ်သူဟာ တစ်ချိန်က ဂန္ဓဝင် Ghostbusters အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးအခုချိန်မှာ သူ့အဘိုးအသက်ပေးစောင့်ရှောက်သွားခဲ့တဲ့ မဟာရန်သူတော်တွေပြန်ပေါ်ထွက်လာမယ့်အချိန်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့..။

နောက်ဆက်တွဲကားတွေထဲမှာ တော်တော်မိုက်တယ်လို့ပြောရမယ့်ဇတ်ကားဖြစ်ပြီး မူလပရိသတ်တွေရော အခုမှစကြည့်မယ့်ပရိသတ်အသစ်တွေပါ လုံး၀ စိတ်ပျက်စေရမှာမဟုတ်ပါဘူး။ တောက်လျှောက်ပျော်စရာဟာသတွေ အဓိကသရုပ်ဆောင်ကလေးတွေရဲ့
ချစ်စရာသဘာဝကျကျအမြူးအသောတွေနဲ့ဖောက်နေပြီး၊ မူရင်းဆရာသမားကြီးတွေရဲ့ cameo နဲ့ နောက်ဆက်တွဲအခန်းတွေက မျက်ရည်ဝိုင်းချင်စရာပါ။

ကလေးတွေကိုဦးစားပေးထားတဲ့အတွက် Stranger Things လို Vibe မျိုးရတဲ့အပြင် Stranger Things, It တု့ိနဲ့ပရိသတ်သိကြတဲ့ Finn Wolfhard, Captain Marvel, Annabelle Comes Home, Malignant တို့နဲ့ နာမည်ကျော် Mckenna Grace တို့အပြင် Marvel cinematic universe က နှစ်ယောက်လဲဝင်ပြီးအားဖြည့်ထားပါသေးတယ်။

  • Format……….: .mp4 & .mkv
  • Quality………..: Blu-ray
  • Resolution….: 4k TrueHD 7.1, 1080p TrueHD 7.1, 1080p 5.1CH, 720p, 480p
  • Duration……..: 2h 4m
  • Translator…..: Dreamy
  • Encoder………: MZM

Leave a Reply

Your email address will not be published.

More to Watch
Movies   Blu-ray   

Shut In (2022)

ဂျက်ဆီကာဟာငယ်ငယ်ရွယ်ရွယ်နဲ့မိခင်တစ်ယောက်ဖြစ်ခဲ့သလို မူးယစ်ဆေးနွံပါနစ်ခဲ့ဖူးပေမယ့်အခုချိန်မှာတော့သူ့ရဲ့လူမမယ်ကလေးငယ်နှစ်ဦးနဲ့အတူဘဝကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေပါတယ်။ ရေကြည်ရာတစ်ခုရှာပြီးအလုပ်သွားလုပ်တော့မယ့်၊ အတိတ်ဟောင်းကနေရုန်းထွက်ဖို့ကြိုးစားတော့မယ့်အချိန်မှာပဲ တစ်ချိန်ကသူ့ရည်းစားဟောင်းကလေးတွေရဲ့အဖေဆေးသမား ရော့ဘ် နဲ့ သူ့ဘော်ဒါတစ်ယောက်ရောက်လာခဲ့ပြီးပြဿနာတွေရှာ စကားများရာကနေ ဂျက်ဆီကာ့ကိုမီးဖိုခန်းထဲမှာထည့်ပိတ်ထားခဲ့ပြီးပြန်ထွက်သွားပါတော့တယ်။ ပြဿနာက အဲ့ဒီမှာစတာပါ၊ ဘယ်သူမှမရှိတဲ့အချိန်ပြန်ရောက်လာတဲ့သူကတော့ကလေးသူငယ်တွေအပေါ်လိင်စော်ကားမှုရာဇဝင်ရှိခဲ့တဲ့ ဆမ်မီဆိုတဲ့ဆေးသမားပါ။ ဂျက်ဆီကာ အထဲမှာပိတ်မိနေချိန် ဒီလိုလူယုတ်မာတစ်ယောက်နဲ့ အပြင်မှာကူကယ်ရာမဲ့နေတဲ့ကလေးငယ်နှစ်ယောက်ကို ဘယ်လိုကယ်တင်မလဲ? ကလေးတွေရဲ့ဖခင်ဆေးသမားကရော ကူညီမယ့်သူလားကြံရာပါပဲလား? အဘက်ဘက်ထွက်ပေါက်မဲ့နေရတဲ့အခြေအနေကနေဂျက်ဆီကာဘယ်လိုလွတ်အောင်ရုန်းမလဲ? Shut In က အခုနောက်ပိုင်းထွက်တဲ့ Home Invasion Thriller တွေထဲမှာတော်တော်ကြီးကိုကောင်းတဲ့၊ ပြည့်စုံတဲ့ဇာတ်ကားပါ၊ အဓိကဇာတ်ဆောင်ဟာကိုယ်ခံပညာအခြေခံဘာညာတွေကိုကျွမ်းကျင်တဲ့သူမျိုးလဲမဟုတ်ပဲ၊ သားသမီးဇောသက်သက်နဲ့ ဒီအကျဉ်းအကျပ်ထဲကလွတ်အောင်ရုန်းကန်လှုပ်ရှားရတာ၊ ပြီးတော့ ပံ့ပိုးပေးလာတဲ့အခြေအနေတွေကိုတစ်စချင်းထည့်ပြသွားတာတွေလဲအတော်စေ့စပ်ပြီးလှပါတယ်။ မဖြစ်မနေချီးကျူးရမှာကတော့ အဓိကဇာတ်ဆောင် Rainey Qualley ဖြစ်ပြီး သူ့ရဲ့အားကောင်းလှတဲ့ သရုပ်ဆောင်ချက်တွေက တစ်ကားလုံးကိုထိန်းသွားတာကိုတွေ့မြင်ရမှာပါ။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA 5.1, […]
  • 4k
  • 2 weeks ago
Movies   Web-DL   

Memory (2022)

Antonio Banderas ရဲ့ Zorro ဇာတ်ကားတွေနဲ့ GoldenEye (1995) တို့ Casino Royale (2006) တို့လိုဘွန်းကားတွေရဲ့ဖန်တီးသူ ဒါရိုက်တာကြီး Martin Campbell နဲ့ Liam Neeson, Guy Pearce နဲ့ Monica Bellucci တို့လိုထိပ်တန်းသရုပ်ဆောင်တွေအပြိုင်ကျဲထားတဲ့ action thriller ဇာတ်ကားသစ်ဖြစ်ပါတယ်။ အဲလက်စ်က ထိပ်တန်းအဆင့်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပြီး နောက်ဆုံးတာဝန်တစ်ခုကိုလက်ခံခဲ့မိပါတယ်။ ဒါပေမယ့် ပစ်မှတ်ကမိန်းကလေးငယ်တစ်ယောက်ဖြစ်နေတာကိုသိတဲ့နောက် သူငြင်းဆန်ခဲ့ပေမယ့် အဲ့ဒီမိန်းကလေးကိုတစ်ခြားတစ်ယောက်ကဝင်သတ်သွားခဲ့တာကိုသိလိုက်ရပါတယ်။ အဲ့ဒီမှာပဲ မိန်းကလေးရဲ့အဖေသေဆုံးမှုနောက်မှာ ကောင်မလေးကိုတာဝန်ယူထားတဲ့ အက်ဖ်ဘီအိုင်အရာရှိ ဗင်းဆင့် ပြီးတော့ သူ့ကိုငှားရမ်းခဲ့တဲ့ တစ်ဖက်လူတွေနဲ့ပါထိပ်တိုက်တွေ့ပါတော့တယ်။ တစ်ဖက်က ကလေးငယ်လူကုန်ကူးတဲ့အဖွဲ့ကိုအဆုံးထိချေမှုန်းဖို့အဲလက်စ်ဆုံးဖြတ်ခဲ့ပေမယ့် သူ့မှာအယ်လ်ဇိုင်းမားရောဂါကြောင့် မှတ်ဉာဏ်တွေကွယ်ပျောက်စပြုနေပြီး တစ်ဖက်ရန်သူတွေကလဲ အင်အားကြီးမားလွန်းနေတဲ့အခါမှာတော့၊ကြေးစားလူသတ်သမားဖြစ်တဲ့ အဲလက်စ်တစ်ယောက်အက်ဖ်ဘီအိုင်ကလူတွေဆီ အကူအညီတောင်းရပါတော့တယ်။ ငွေကြေးအင်အားကြီးမားသလို သြဇာကြီးအာဏာပိုင်တွေကိုပါအပိုင်ကိုင်ထားနိုင်တဲ့ အဖွဲ့အစည်းကို အဲလက်စ်နဲ့သူ့ကိုကူညီမယ့်အက်ဖ်ဘီအိုင်အေးဂျင့်တွေဘောင်ဝင်အောင်ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုရှုစားကြရမှာပါ။ Format……….: […]
  • 4k
  • 2 weeks ago
Movies   Web-DL   

The Adam Project (2022)

ထွေလာနဲ့တင် စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ Ryan Reynolds ရဲ့ နက်ဖလစ်ကားသစ်ဖြစ်ပါတယ်။ ပျက်ဆီးကိန်းကြုံနေတဲ့ ၂၀၅၀ ကမ္ဘာကနေပိုင်းလော့တစ်ယောက်ဖြစ်တဲ့ Adam Reed ဟာသူ့အချိန်ခရီးသွားယာဉ်ကိုခိုးယူပြီး ၂၀၁၈ က ကယ်ဆယ်ရေးမစ်ရှင်တစ်ခုဆီကိုထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် အလျင်စလိုဖြစ်နေမှုကြောင့်မှားယွင်းပြီး ၂၀၂၂ ကိုရောက်သွားပါတော့တယ်။ အဲ့ဒီအချိန်မှာ သူကိုယ်တိုင်ရဲ့ အသက် ၁၂ အရွယ်ကောင်လေးကိုတွေ့ဆုံအကူအညီတောင်းပြီး လက်ရှိယာဉ်ချို့ယွင်းမှုကိုပြင်ဆင်ဖို့ကြိုးစားရပါတယ်။ တကယ်တမ်းတော့ အတိတ်ကိုပြန်လာပြီးတော့ပြင်ဆင်ဖို့ကြိုးစားမှုဟာ ကြီးမားတဲ့ဆိုးကျိုးတွေဖြစ်ပေါ်ပြီး အန္တရာယ်ကြီးမားပါတယ်။ ဒါတွေကိုသိသိကြီးနဲ့ အဒမ် ဘာကြောင့်စွန့်လွှတ်ခဲ့လဲ? သူပြန်လည်ပြင်ဆင်ဖို့ကြိုးစားတဲ့အတိတ်က ဘာအကြောင်းအရာလဲ ။ အဒမ်နဲ့ အဒမ် နှစ်ယောက်ရင်ဆိုင်ဖြေရှင်းရမှာ ဘယ်လိုပြဿနာတွေဖြစ်မလဲ? ဇာတ်လမ်းဇာတ်အိမ်ကောင်းသလို CG တွေလဲအရမ်းလှပသေသပ်ပါတယ်။ Ryan Reynolds ထုံးစံကျဉ်းထဲကြပ်ထဲမှာဟာသတွေထိုင်ဖောက်နေတာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ရီနေရဦးမှာပါ။ တကယ်ကိုလက်မလွတ်သင့်တဲ့ဖျော်ဖြေရေးကားကောင်းတစ်ကားပါ။ Mark Ruffalo ,Jennifer Garner, Zoe Saldana စတဲ့ဝါရင့်ဒိတ်ဒိတ်ကြဲတွေကလဲဇာတ်ကိုမြိုင်နေအောင်ပို့ပေးထားပါသေးတယ်။ […]
  • 4k
  • 2 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)