Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

Hard Hit (2021)

Hard Hit (2021)
94 min|Drama, Thriller|23 Jun 2021
6.2Rating: 6.2 / 10 from 1,409 usersMetascore: N/A
An ordinary family navigates the unpredictable circumstances caused by a mysterious phone call that puts them in a horrific situation.

Seong-gyu ဟာဘူဆန်မှာရှိတဲ့ဘဏ်ဌာနခွဲတစ်ခုရဲ့မန်နေဂျာဖြစ်ပြီးတစ်နေ့တော့အလုပ်အသွားမှာ သူ့သားနဲ့သမီးကိုကျောင်းပို့ဖို့ တစ်ခါတည်းခေါ်သွားပါတယ်။ အဲ့ဒီမှာ ကားထဲရောက်နေတဲ့ ဖုန်းတစ်လုံးကနေအမည်မသိခေါ်ဆိုသူတစ်ဦးဆီက ဖုန်းဝင်လာခဲ့ပြီး၊ သူ့ခုံနဲ့ ကလေးတွေထိုင်ခုံအောက်မှာ ဗုံးတွေဆင်ထားပြီးထိုင်ရာကထလိုက်တာနဲ့ဗုံးက အသက်ဝင်လာပြီးပေါက်ကွဲမှာဖြစ်သလို သူခိုင်းတဲ့အတိုင်းမလုပ်ရင်လဲ အဝေးထိန်းခလုတ်နဲ့ဖောက်ခွဲမှာဖြစ်တယ်လို့ ခြိမ်းခြောက်ပါတယ်။ အစပိုင်းမှာ မယုံပေမယ့်လဲ မယုံပဲမနေနိုင်တော့တဲ့အဖြစ်အပျက်မျိုးသူ့မျက်စိရှေ့မှာဖြစ်လာတဲ့နောက်တော့ ဒီလူ့ခိုင်းစေချက်တွေအတိုင်းလိုက်လုပ်ရပါတော့တယ်။

ဒီလိုလိုက်မလုပ်ခင်မှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှု ထူးခြားနေတဲ့သူ့အပြုအမူတွေကြောင့်လဲရဲတွေက သူ့ကိုသံသယတရားခံလို့သတ်မှတ်ပြီး အဘက်ဘက်ကဝိုင်းဝန်ဖမ်းဆီးဖို့ ကြိုးစားလာကြတဲ့အပြင်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားခဲ့တဲ့ သူ့သားငယ်လေးကို ဆေးရုံပို့ဖို့ ကိစ္စကိုပါ တစ်ဖက်ကကြိုးစားရတဲ့အခါ..။ ဒီလူဟာ သူမသိလိုက်ရပဲ သူ့အပေါ်ဘယ်လိုအငြိုးအတေးတွေရှိခဲ့လဲ၊ မသက်ဆိုင်တဲ့သူ့သားသမီးတွေအပေါ်ပါဘာကြောင့် ဒုက္ခပေးချင်ရတာလဲ ပြောတဲ့အတိုင်းကောလုပ်မှာလားဆိုတာတွေကို ရင်တမမနဲ့ရှုစားကြရပါလိမ့်မယ်။

မနှစ်ကကပ်ရောဂါကာလရုံတင်တဲ့ကားတွေထဲကမှ ၁၀ ရက်အတွင်းကြည့်ရှုသူငါးသိန်းကျော်သွားတဲ့ ၂၀၂၁ ရဲ့ပထမဆုံးကိုရီးယားကားပါ။

  • Format……….: .mp4 & .mkv
  • Quality………..: Blu-ray
  • Resolution….: 1080p DTS-HD MA 5.1, 1080p 5.1CH, 720p, 480p
  • Duration……..: 1h 34m
  • Translator…..: Dreamy

Leave a Reply

Your email address will not be published.

More to Watch
Movies   Blu-ray   

Ghostbusters: Afterlife (2021)

Ghostbusters: Afterlife (2021) ဟာတစ်ချိန်ကနာမည်ကျော်ကလေးလူကြီးတွေရဲ့အသည်းကျော်ဖြစ်ခဲ့တဲ့ Ghostbusters နှစ်ကားရဲ့တိုက်ရိုက်နောက်ဆက်တွဲဖြစ်ပါတယ်။ ကြားထဲမှာထွက်ခဲ့သေးတဲ့ နာမည်ကျော်မင်းသမီးတွေနဲ့ Ghostbusters (2016) ကတော့ ဒီ universe မှာမရှိပါဘူး။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ဒုတိယဇာတ်ကားအပြီး ၃၂ နှစ်အကြာမှာ တကိုယ်တည်းမိခင်တစ်ယောက်နဲ့ကလေးနှစ်ယောက်ဟာမြို့ပေါ်မှာဘဝမရပ်တည်နိုင်တော့တဲ့နောက် သူ့ဖခင် ကလေးတွေရဲ့အဘိုးချန်ထားခဲ့တဲ့ တစ်ခုတည်းသောအမွေဆက်ခံရရှိတဲ့ ကြောက်စရာလယ်တောအိမ်ကြီးတစ်ခုကိုပြောင်းရွှေ့လာခဲ့ပါတယ်။ အဲ့ဒီမှာပဲ ရွယ်တူကလေးတွေနဲ့ဝင်မဆန့်ပဲ သိပ္ပံပညာကိုတရားလွန်စိတ်ဝင်စားတဲ့ သမီးငယ်လေး Phoebe ကနေ သူ့အဘိုးဖြစ်သူဟာ တစ်ချိန်က ဂန္ဓဝင် Ghostbusters အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးအခုချိန်မှာ သူ့အဘိုးအသက်ပေးစောင့်ရှောက်သွားခဲ့တဲ့ မဟာရန်သူတော်တွေပြန်ပေါ်ထွက်လာမယ့်အချိန်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့..။ နောက်ဆက်တွဲကားတွေထဲမှာ တော်တော်မိုက်တယ်လို့ပြောရမယ့်ဇတ်ကားဖြစ်ပြီး မူလပရိသတ်တွေရော အခုမှစကြည့်မယ့်ပရိသတ်အသစ်တွေပါ လုံး၀ စိတ်ပျက်စေရမှာမဟုတ်ပါဘူး။ တောက်လျှောက်ပျော်စရာဟာသတွေ အဓိကသရုပ်ဆောင်ကလေးတွေရဲ့ချစ်စရာသဘာဝကျကျအမြူးအသောတွေနဲ့ဖောက်နေပြီး၊ မူရင်းဆရာသမားကြီးတွေရဲ့ cameo နဲ့ နောက်ဆက်တွဲအခန်းတွေက မျက်ရည်ဝိုင်းချင်စရာပါ။ ကလေးတွေကိုဦးစားပေးထားတဲ့အတွက် Stranger Things လို Vibe […]
  • 1080p
  • 2 weeks ago
Movies   Blu-ray   

Spider-Man: No Way Home (2021)

ပွဲတိုင်းကျော်ကြီး MARVEL ရဲ့ အသစ်စက်စက် စပိုက်ဒါမန်းရုပ်ရှင်ကားကြီး လာပါပြီ။ Marvel Universe ထဲက ရုပ်ရှင်ကားဖြစ်လို့ ပထမရုပ်ရှင်ကားတွေနဲ့ အကုန်ဆက်စပ်နေတဲ့အပြင် Oscar ဆုအတွက်လည်း လျာထားခံရပါတယ်။ ဒါ့အပြင် အခြားဆုပေါင်းများစွာကိုလည်း သိမ်းပိုက်ယူထားပြီး ပရိတ်သတ်တွေဆီက အချစ်တွေပါသိမ်းယူထားပါသေးတယ်။ ဇာတ်လမ်းအစမှာတော့ Mysterio က စပိုက်ဒါမန်းကဘယ်သူပါဆိုပြီး ဖော်ကောင်လုပ်ချလိုက်တဲ့နေရာက ဆက်ထားပါတယ်။ ပီတာပါကာဆိုတဲ့ သူ့သရုပ်မှန်ပေါ်ပေါက်သွားတာကြောင့် 17နှစ်အရွယ် ပေါက်စလေးတစ်ယောက်က နေ့ချင်းညချင်း ကမ္ဘာပေါ်မှာနာမည်အကြီးဆုံး ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဒီလိုနာမည်ကြီးမှုနဲ့အတူ ဆိုးကျိုးတွေလည်း ပူးတွဲပါလာပါတယ်။ အဲဒါကတော့ ရဲတွေဆီမှာ ပြစ်မှုရှိမရှိ စစ်ဆေးခံရမှုတွေအပြင် စပိုက်ဒါမန်းကြောင့် ထိခိုက်ရပါတယ်ဆိုပြီး လူဆိုးတစ်ယောက်လို မြင်နေကြသူတွေကလည်း ဒုနဲ့ဒေးပါ။ ဒီဆိုးကျိုးတွေကြောင့် ထိခိုက်နစ်နာရတာ သူတစ်ယောက်တည်းမဟုတ်ဘဲ သူချစ်ရသူတွေပါ နစ်နာလာချိန်မှာတော့ ပီတာတစ်ယောက် ဒေါက်​တာစထရိန်းဆီသွားပြီး ဒီလိုတွေမဖြစ်ခဲ့တဲ့အချိန်ဆီသွားဖို့ အကူအညီတောင်းပါတော့တယ်။ […]
  • 1080p
  • 2 weeks ago
Movies   Blu-ray   

Caught in Time (2020)

၁၉၉၀ ပြည့်လွန်နှစ်များက တရုတ်နိုင်ငံတောင်ပိုင်းမှာ လင်းယုန်ဂိုဏ်းဆိုတဲ့ဓားပြအဖွဲ့တစ်ဖွဲ့သောင်းကျန်းနေချိန်ဖြစ်ပါတယ်။ နည်းစနစ်တွေ ခေတ်ရှေ့ပြေးသလို လေ့ကျင့်မှုကောင်း အညှာအတာကင်းမဲ့ရက်စက်တဲ့ ဒီဂိုဏ်းကို ဦးဆောင်သူကတော့သိမ်းငှက် ဆိုတဲ့ အမည်ဝှက်နဲ့ ဉာဏ်များကောက်ကျစ်သလို ဘယ်သူ့ကိုမှချနင်းဖို့ဝန်မလေးတဲ့ သူတစ်ယောက်ပါပဲ။ သူတို့အဖွဲ့ရဲ့ ဆက်တိုက်ကျူးလွန်လာတဲ့ ရွှေဆိုင် ဘဏ်တိုက် စတိုးဆိုင်ပါမချန် လုယက်မှုတွေနောက်ကိုဇွဲကောင်းကောင်းနဲ့ ဖြိုခွင်းဖို့ထောက်လှမ်းလာတဲ့သူကတော့ ဂျောင်ချန်း ဆိုတဲ့စုံထောက်တစ်ယောက်ပဲဖြစ်ပါတယ်။ ၁၉၉၀ ဝန်းကျင်မှာ အကြီးအကျယ်သောင်းကျန်းခဲ့တဲ့ ကျန်းကျွန်ဆိုတဲ့ဓားပြဂိုဏ်းခေါင်းဆောင်တစ်ဦးရဲ့လုယက်လူသတ်မှုတွေကိုအခြေခံထားတာဖြစ်ပါတယ်။ အစကနေအဆုံးအထိဝေ့ဝိုက်မနေပဲ အက်ရှင်ခန်းအမိုက်စားတွေ၊ ဉာဏ်ကစားခန်းတွေနဲ့ ခပ်သွက်သွက်သွားထားပြီး၊ နောက်ပိုင်း ဟောင်ကောင်ကားတွေလို CG တွေကိုပဲအားကိုးမထားပဲ ပီပြင်ကြမ်းတမ်းလက်တွေ့ကျတဲ့ ရိုက်ချက်တွေကိုတွေ့မြင်ရမှာပါ။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p 5.1CH, 720p, 480p Duration……..: 1h 35m Translator…..: Dreamy Encoder………: MZM […]
  • 1080p
  • 2 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)