Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

Infinite Storm (2022)

Infinite Storm (2022)
97 min|Drama, Thriller|25 Mar 2022
5.1Rating: 5.1 / 10 from 3,852 usersMetascore: 56
When a climber gets caught in a blizzard, she encounters a stranded stranger and must get them both down the mountain before nightfall.

Pam Bales ဟာတစ်ခုသောမနက်မှာဝါရှင်တန်တောင်ပေါ်ကို ပုံမှန်အတိုင်းတက်သွားခဲ့မိတဲ့ ဒေသတွင်းရှာဖွေကယ်ဆယ်ရေးအဖွဲ့ရဲ့စေတနာဝန်ထမ်းတစ်ယောက်ပါ။ သတင်းတွေက ခန့်မှန်းထားသလို ရာသီဥတုဖောက်ပြန်စပြုလာချိန် နှင်းတောထဲမှာ စနီကာတစ်ရံကိုသာစီးထားတဲ့လူတစ်ယောက်ရဲ့ခြေရာကိုရှာတွေ့ခဲ့ပါတယ်။ ခြေရာရှင်ကို နှင်းမုန်တိုင်းထဲကြိုးစားရှာဖွေရင်းနဲ့သူတွေ့ခဲ့ရတာ မူးယစ်ဆေးဝါးသုံးစွဲထားသလိုကြောင်စီစီဖြစ်နေတဲ့စိတ်နဲ့လူနဲ့လဲကပ်ဟန်မတူတဲ့၊ နှင်းကိုက်နာဆိုးဝါးစွာခံနေရတဲ့လူငယ်တစ်ယောက်ပါပဲ။ နှင်းမုန်တိုင်းအပြင်းထန်ဆုံးနေရာ၊ အအေးဒဏ်အဆိုးဝါးဆုံးနေရာကနေ သူ့ထက်နှစ်ဆလောက်အလေးချိန်စီးပြီး အသက်ရှင်လိုစိတ်ပါရှိပုံမရတဲ့ လိုလိုလားလား သူ့စကားနားထောင်မှာမဟုတ်တဲ့ လူတစ်ယောက်ကို ကယ်တင်ဖို့သူမဖြစ်ဖြစ်အောင်ကြိုးစားရပါတော့တယ်။

မင်းသမီးကြီး Naomi Watts ဦးဆောင်ပါဝင်ထားပြီး ဖြစ်ရပ်မှန်ကိုအခြေတည်ထားတဲ့ Survival Drama adventure ကားကောင်းတစ်ကားဖြစ်ပါတယ်။

  • Format……….: .mp4 & .mkv
  • Quality………..: Blu-ray
  • Resolution….: 1080p DTS-HD MA 5.1, 1080p 5.1CH, 720p, 480p
  • Duration……..: 1h 44m
  • Translator…..: Dreamy
  • Encoder………: MZM

Leave a Reply

Your email address will not be published.

More to Watch
Movies   Web-DL   

Memory (2022)

Antonio Banderas ရဲ့ Zorro ဇာတ်ကားတွေနဲ့ GoldenEye (1995) တို့ Casino Royale (2006) တို့လိုဘွန်းကားတွေရဲ့ဖန်တီးသူ ဒါရိုက်တာကြီး Martin Campbell နဲ့ Liam Neeson, Guy Pearce နဲ့ Monica Bellucci တို့လိုထိပ်တန်းသရုပ်ဆောင်တွေအပြိုင်ကျဲထားတဲ့ action thriller ဇာတ်ကားသစ်ဖြစ်ပါတယ်။ အဲလက်စ်က ထိပ်တန်းအဆင့်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပြီး နောက်ဆုံးတာဝန်တစ်ခုကိုလက်ခံခဲ့မိပါတယ်။ ဒါပေမယ့် ပစ်မှတ်ကမိန်းကလေးငယ်တစ်ယောက်ဖြစ်နေတာကိုသိတဲ့နောက် သူငြင်းဆန်ခဲ့ပေမယ့် အဲ့ဒီမိန်းကလေးကိုတစ်ခြားတစ်ယောက်ကဝင်သတ်သွားခဲ့တာကိုသိလိုက်ရပါတယ်။ အဲ့ဒီမှာပဲ မိန်းကလေးရဲ့အဖေသေဆုံးမှုနောက်မှာ ကောင်မလေးကိုတာဝန်ယူထားတဲ့ အက်ဖ်ဘီအိုင်အရာရှိ ဗင်းဆင့် ပြီးတော့ သူ့ကိုငှားရမ်းခဲ့တဲ့ တစ်ဖက်လူတွေနဲ့ပါထိပ်တိုက်တွေ့ပါတော့တယ်။ တစ်ဖက်က ကလေးငယ်လူကုန်ကူးတဲ့အဖွဲ့ကိုအဆုံးထိချေမှုန်းဖို့အဲလက်စ်ဆုံးဖြတ်ခဲ့ပေမယ့် သူ့မှာအယ်လ်ဇိုင်းမားရောဂါကြောင့် မှတ်ဉာဏ်တွေကွယ်ပျောက်စပြုနေပြီး တစ်ဖက်ရန်သူတွေကလဲ အင်အားကြီးမားလွန်းနေတဲ့အခါမှာတော့၊ကြေးစားလူသတ်သမားဖြစ်တဲ့ အဲလက်စ်တစ်ယောက်အက်ဖ်ဘီအိုင်ကလူတွေဆီ အကူအညီတောင်းရပါတော့တယ်။ ငွေကြေးအင်အားကြီးမားသလို သြဇာကြီးအာဏာပိုင်တွေကိုပါအပိုင်ကိုင်ထားနိုင်တဲ့ အဖွဲ့အစည်းကို အဲလက်စ်နဲ့သူ့ကိုကူညီမယ့်အက်ဖ်ဘီအိုင်အေးဂျင့်တွေဘောင်ဝင်အောင်ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုရှုစားကြရမှာပါ။ Format……….: […]
  • 1080p
  • 4 weeks ago
Movies   Blu-ray   

Hard Hit (2021)

Seong-gyu ဟာဘူဆန်မှာရှိတဲ့ဘဏ်ဌာနခွဲတစ်ခုရဲ့မန်နေဂျာဖြစ်ပြီးတစ်နေ့တော့အလုပ်အသွားမှာ သူ့သားနဲ့သမီးကိုကျောင်းပို့ဖို့ တစ်ခါတည်းခေါ်သွားပါတယ်။ အဲ့ဒီမှာ ကားထဲရောက်နေတဲ့ ဖုန်းတစ်လုံးကနေအမည်မသိခေါ်ဆိုသူတစ်ဦးဆီက ဖုန်းဝင်လာခဲ့ပြီး၊ သူ့ခုံနဲ့ ကလေးတွေထိုင်ခုံအောက်မှာ ဗုံးတွေဆင်ထားပြီးထိုင်ရာကထလိုက်တာနဲ့ဗုံးက အသက်ဝင်လာပြီးပေါက်ကွဲမှာဖြစ်သလို သူခိုင်းတဲ့အတိုင်းမလုပ်ရင်လဲ အဝေးထိန်းခလုတ်နဲ့ဖောက်ခွဲမှာဖြစ်တယ်လို့ ခြိမ်းခြောက်ပါတယ်။ အစပိုင်းမှာ မယုံပေမယ့်လဲ မယုံပဲမနေနိုင်တော့တဲ့အဖြစ်အပျက်မျိုးသူ့မျက်စိရှေ့မှာဖြစ်လာတဲ့နောက်တော့ ဒီလူ့ခိုင်းစေချက်တွေအတိုင်းလိုက်လုပ်ရပါတော့တယ်။ ဒီလိုလိုက်မလုပ်ခင်မှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှု ထူးခြားနေတဲ့သူ့အပြုအမူတွေကြောင့်လဲရဲတွေက သူ့ကိုသံသယတရားခံလို့သတ်မှတ်ပြီး အဘက်ဘက်ကဝိုင်းဝန်ဖမ်းဆီးဖို့ ကြိုးစားလာကြတဲ့အပြင်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားခဲ့တဲ့ သူ့သားငယ်လေးကို ဆေးရုံပို့ဖို့ ကိစ္စကိုပါ တစ်ဖက်ကကြိုးစားရတဲ့အခါ..။ ဒီလူဟာ သူမသိလိုက်ရပဲ သူ့အပေါ်ဘယ်လိုအငြိုးအတေးတွေရှိခဲ့လဲ၊ မသက်ဆိုင်တဲ့သူ့သားသမီးတွေအပေါ်ပါဘာကြောင့် ဒုက္ခပေးချင်ရတာလဲ ပြောတဲ့အတိုင်းကောလုပ်မှာလားဆိုတာတွေကို ရင်တမမနဲ့ရှုစားကြရပါလိမ့်မယ်။ မနှစ်ကကပ်ရောဂါကာလရုံတင်တဲ့ကားတွေထဲကမှ ၁၀ ရက်အတွင်းကြည့်ရှုသူငါးသိန်းကျော်သွားတဲ့ ၂၀၂၁ ရဲ့ပထမဆုံးကိုရီးယားကားပါ။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA 5.1, 1080p 5.1CH, 720p, […]
  • 1080p
  • 4 weeks ago
Movies   Blu-ray   

The Stronghold (2021)

ဒီတစ်ခါတော့ ရဲစုံထောက်ကားတွေကိုမှ သဘောကျသူတွေ အကြိုက်တွေ့စေမယ့် Action, Crime, Thriller အမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အပြင်မှာတကယ်ဖြစ်ခဲ့ဖူးတာကို ကျောရိုးယူပြီးတော့ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ မာဆီလီနယ်မြေဆိုတာ ပြင်သစ်နိုင်ငံက ရာဇဝတ်မှုတွေထူပြောပြီး သေနတ်ကိုင်ထားတဲ့လူမိုက်တွေက မူးယစ်ဆေးတွေကိုပေါ်တင်ရောင်းနေတဲ့ ခရိုင်တစ်ခုပါ။ အဲဒီနေရာမှာဆိုရင် ရပ်ကွက်တစ်ခုလုံးဟာ မူးယစ်ဆေးရောင်းသူနဲ့ သုံးစွဲသူတွေချည်းဖြစ်လို့ ရဲဆိုရင်အဝင်မခံတဲ့အထိ သောင်းကျန်းနေကြတာပါ။ ဂရက်၊အန်တိုနီနဲ့ရက်စ်တို့ သူငယ်ချင်းသုံးယောက်က မူးယစ်ဆေးတွေဖမ်းရတဲ့ မြောက်ပိုင်းဌာနရဲတပ်ဖွဲ့ကပါ။ ရဲတပ်ဖွဲ့ဝင်တွေဟာ တစ်လကိုဘယ်နှစ်မှုဖမ်းရမယ်ဆိုတဲ့သတ်မှတ်ချက်ကို ပြည့်မီအောင်ဖမ်းရပါတယ်။ ဒါကြောင့် အဲဒီလိုပြည့်မီအောင် ဆေးလိပ်မှောင်ခိုလိုမျိုး ခပ်သေးသေးအမှုတွေကိုပဲဖမ်းနေရတာ စိတ်ကုန်လာတဲ့ သူတို့သုံးယောက်ဟာ မူးယစ်ရာဇာခေါင်းဆောင်ပိုင်းအထိဖော်ထုတ်ပြီး ဒီဒေသကမူးယစ်ဂိုဏ်းကို အမြစ်ကလှန်ဖို့ ကြိုးစားကြပါတော့တယ်။ ဒီလိုကြိုးစားကြရာမှာ သူတို့ဘယ်လိုနည်းလမ်းတွေသုံးဖို့လိုလာမလဲ။ ဘယ်လိုအခက်အခဲတွေကြုံရမလဲ။ ကိုယ်နဲ့တစ်လှေတည်းစီးနေတယ်လို့ ထင်နေတဲ့လူတွေက နောက်ကျောကိုဓားနဲ့ထောက်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ရှုစားရမှာပါ။ Format……….: .mp4 & […]
  • 1080p
  • 4 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)