Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

Ip Man: The Awakening (2022)

Ip Man: The Awakening (2022)
80 min|Action|21 Jun 2022
4.5Rating: 4.5 / 10 from 479 usersMetascore: N/A
Adventures of a young Master Ip in Hong Kong

Ip Man ရဲ့နာမည်နဲ့ဘဝဇာတ်ကြောင်းအပေါ်အခြေတည်တဲ့ဇာတ်ကားသစ်တစ်ကားပဲဖြစ်ပြီး ဒီကားမှာတော့ ဆရာပေါက်စလေး Ip ဟာ ၃၀ ခုနှစ်ဝန်းကျင်မှာ ဖိုရှန်းကနေ ဟောင်ကောင်ကို သွားလည်ခဲ့ပါတယ်။ မိမိ စွမ်းရည်အပေါ်ဖြောင့်မတ်မှန်ကန်မှုအပေါ်ဂုဏ်မောက်သေချာနေခဲ့တဲ့ သူဟာ ဟောင်ကောင်အရောက်မှာပဲ ဘတ်စ်ကားပေါ်မှာအမျိုးသမီးနှစ်ဦးကိုဝိုင်းဝန်းလုယက်နေတဲ့ လူတစ်စုရန်ကနေဝင်ရောက်ကယ်ဆယ်ခဲ့ပါတယ်။ ဒီလိုနဲ့ မိန်းကလေးရဲ့အစ်ကို လန်ချားခေါင်း ဟူဘူဖန်းနဲ့ရင်းနှီးကျွမ်းဝင်ရာကတစ်ဆင့် ဒေသခံဗြိတိန်ရဲတွေ၊ ခြစားမှုတွေနဲ့အတူ နယ်ခံဗြိတိန်သားတွေဦးစီးနေတဲ့ လူကုန်ကူးဂိုဏ်းနဲ့ မဟုတ်မခံ ဆရာငယ်လေး Ip Man တို့ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။

ဒီကားမှာတော့ ငယ်ရွယ်ပြီး ပညာမစုံ မရင့်ကျက်သေးတယ် Ip Man ကိုတွေ့မြင်ရမှာဖြစ်ပေမယ့် ကွန်ဖူးတိုက်ခိုက်ခန်းတွေရိုးရှင်းလှပပါတယ်။ Donnie yen ပါဝင်တဲ့ ပင်မဇာတ်ကားကြီးတွေကိုမမှီပေမယ့် ကြည့်ကောင်းသပ်ရပ်တဲ့ကွန်ဖူးကားတစ်ကားပဲဖြစ်ပါတယ်။

  • Format……….: .mp4 & .mkv
  • Quality………..: Blu-ray
  • Resolution….: 1080p DTS-HD MA 5.1, 1080p 5.1CH, 720p, 480p
  • Duration……..: 1h 20m
  • Translator…..: Dreamy
  • Encoder………: MZM

Leave a Reply

Your email address will not be published.

More to Watch
Movies   Web-DL   Web-rip   

Crimes of the Future (2022)

ဇာတ်လမ်းက တော့ အတော်စိတ်ဝင်စားစရာပါ။ အခုချိန်မှာ ကျွန်တော်တို့လူသား အားလုံး မလိုချင်တဲ့ အရာကို ဒီဇာတ်လမ်းထဲမှာ သူတို့က လိုလိုချင်ချင်နဲ့ကို ရှာဖွေနေကြပါတယ်။ အဲ့ဒါကတော့ နာကျင်မှုပါ။ ကျွန်တော်တို့ထင်တာကတော့ နာကျင်မှုတွေမရှိရင် ကောင်းမှာပဲလို့ထင်ခဲ့ကြပေမယ့် ဒီဇာတ်လမ်းထဲမှာ နာကျင်မှုမရှိတော့ရင် ဖြစ်မယ့် ဒုက္ခတွေကိုရိုက်ကူးထားတာပါ။ လိင်ပိုင်းဆိုင်ရာ ဒုက္ခတွေအထိပါပါတယ်။ ဇာတ်လမ်းအစမှာတော့ ကောင်လေးတစ်ယောက်က ပလက်စတစ်တွေ စားနေလို့ သူ့အမေကိုယ်တိုင်ရဲ့ သတ်ခြင်းကိုခံခဲ့ရပါတယ်။ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ ဆောတန်ဆာမှာ အတွင်းကလီစာတွေ အသစ်သစ်ဖြစ်နေတဲ့ ရောဂါဆန်းတစ်မျိုးလည်းရှိလို့နေပါတယ်။ ကပရိစ်ဆိုတဲ့ မိန်းကလေးက အဲ့ကလီစာတွေ ကို တက်တူးထိုးပြီး ထုတ်ထုတ်ပေးနေရပါတယ်။ ဒါကို သူတို့က အတွင်းအင်္ဂါ အလှလို့သတ်မှတ်ကြပါတယ်။ သူတို့နဲ့ခုနက သေသွားတဲ့ ကောင်လေးတို့က ဘယ်လိုတွေဆက်ဆက်နေမလဲဆိုတာတော့ ဇာတ်လမ်းထဲပဲကြည့်လိုက်ကြပါ။ စိတ်ဝင်စားပြီးကြည့်ရင် တကယ်စိတ်ဝင်စားစေမယ့် စိတ်ကူးယဥ် သိပ္ပံ ဇာတ်ကားကောင်းလေးတစ်ခုပါ။ […]
  • 1080p
  • 2 weeks ago
Movies   Web-DL   

Daeng Phra Khanong (2022)

Mae nak အကြောင်းကိုတော့ မသိတဲ့သူမရှိသလောက်ရှားကြမှာပါ၊ ရုပ်ရှင်တွေ ရုပ်သံဇာတ်လမ်းတွေကိုမှ ဗားရှင်းအမျိုးမျိုးပုံစံအစုံစုံနဲ့ရိုက်ခဲ့ကြတဲ့အထဲမှာမှ နာမည်အကြီးဆုံးဖြစ်တဲ့ Nang nak (1999) နဲ့ Pee Mak တို့ကတော့မပါမဖြစ်ပါပဲ။ ဒဏ္ဍာရီအရ Mae Nak ဟာကလေးမမွေးနိုင်ပဲသေဆုံးသွားခဲ့ရာကနေ မကျွတ်မလွတ်နိုင်ပဲ ခင်ပွန်းဖြစ်သူကိုစောင့်နေရင်းတစ္ဆေဖြစ်ခဲ့ရာကနေ နောက်ဆုံးမှာ ဘဝပြောင်းသွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့တစ္ဆေကလေးလေးအကြောင်းကိုသိတဲ့သူရှားသလို ဇာတ်လမ်းတွေမှာလဲတွေ့ရခဲပါတယ်။ ဒီဇာတ်ကားကတော့ Mae Nak ကျွတ်လွတ်သွားအပြီး၊ Mak သာသနာ့ဘောင်ကိုဝင်သွားပြီးတဲ့နောက် ရွာမှာတစ်ဦးတည်းကျန်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့သား တစ္ဆေလေး ဒန်းဖရာခနောင်ရဲ့အကြောင်းပါပဲ။ ဒန်းကလူတွေကိုကူညီပေးတတ်စတတ်နောက်တတ်ပြီးစိတ်ထားကောင်းတဲ့အတွက် သူ့အမေနဲ့မတူပဲတစ်ရွာလုံးကချစ်ကြ၊စောင့်ရှောက်ထားကြပါတယ်။ ဒါပေမယ့်ကလေးတွေကိုတော့ လန့်မှာစိုးလို့အသိပေးမထားတဲ့အတွက် ကလေးတွေနဲ့လဲကစားဖက်ဖြစ်နေပါတယ်။ ဒါပေမယ့်လဲ ရွာထဲမှာ ဒန်းခြောက်လှန့်တာခံရတာများလာတဲ့အပြင်၊ ခြောက်လှန့်မှုတွေကနေ လူကိုအန္တရာယ်ပြုတဲ့အထိဖြစ်လာတဲ့အခါမှာတော့ သူတို့တစ်သက်လုံးစောင့်ရှောက်ခဲ့တဲ့ဒန်းပဲ ပြောင်းလဲသွားတာလား၊ ပြင်ပပယောဂတွေပါနေနိုင်မလားဆိုတာကိုဆက်လက်ရှုစားကြပါ။ Format……….: .mp4 & .mkv Quality………..: Web-DL […]
  • 1080p
  • 2 weeks ago
Movies   Web-DL   

Incantation (2022)

ဇူလိုင်လ ၈ ရက်မှာ ဒီဇာတ်ကားကိုနက်ဖလစ်မှာစတင်ပြသခဲ့ပြီး ချက်ချင်းဆိုသလို ၁၂ လအတွင်းဝင်ငွေအကောင်းဆုံးထိုင်ဝမ်ရုပ်ရှင်ဖြစ်သွားခဲ့သလို ထွက်ရှိခဲ့ဖူးသမျှမှာ ဝင်ငွေအကောင်းဆုံး ထိုင်ဝမ်ထိတ်လန့်သည်းဖိုကားလဲဖြစ်သွားခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ အစမှာ ဇာတ်ဆောင်အမျိုးသမီးက ပရိသတ်တွေကို သူ့သမီးအပေါ်သင့်နေတဲ့ ကျိန်စာကနေ ကယ်တင်ဖို့အထောက်အကူဖြစ်အောင်မန္တာန်တစ်ခုကို သံပြိုင် (စိတ်ထဲကဖြစ်ဖြစ်) လိုက်ရွတ်ခိုင်းခဲ့ပါတယ်။ အစပိုင်းမှာ လိုက်ရွတ်ခဲ့မိကောင်းလိုက်ရွတ်နိုင်မိလောက်တဲ့ ပရိသတ်ဟာ ဇာတ်သိမ်းချိန်မှာတော့ ထိတ်လန့်တကြားဖြစ်ပြီး ပွဲဆူသွားတဲ့နောက် ပြန်ပြီးရှင်းလင်းပေးရတဲ့ အထိကြီးကျယ်သွားခဲ့ပါသေးတယ်။ found footage ပုံစံနဲ့တင်ဆက်ခဲ့တဲ့ဇာတ်ကားတွေထဲမှာ ဒီကားဟာ ပထမဆုံးမဟုတ်ရုံတင်မက လက်ရှိအနေအထားမှာနောက်ဆုံးပါ၊ blair witch project (1999) မှာစတင်ထိတွေ့ခဲ့ကြပြီး ဒီလိုကားမျိုးတွေဟာ စရိတ်ကျဉ်းကျဉ်းနဲ့ဝင်ငွေကိုသဲ့ယူနိုင်တာ ထုတ်လုပ်သူတွေသိခဲ့တဲ့နောက်ပိုင်း ရိုးအီနေအောင်ကို ပရိသတ်မြင်ခဲ့ဖူးပြီးသားအမျိုးအစားပါပဲ။ ဒီလိုဆိုရင် ဒီကားဘာကြောင့် အခုလောက်အထိ ပေါက် သွားလဲဆိုတာကိုဆက်လက်ရှုစားကြပါ၊ အနီးစပ်ဆုံးအနေနဲ့ ပြီးခဲ့တဲ့နှစ်က ဒီလိုပဲ ပွဲဆူသွားခဲ့တဲ့ ထိုင်း-ကိုရီးယားဖက်စပ် The […]
  • 1080p
  • 2 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)