Jurassic World franchise ရဲ့ တတိယဇာတ်ကားဖြစ်ပြီး Jurassic Park franchise တစ်ခုလုံးအတွက်ကတော့ခြောက်ကားမြောက်ဖြစ်တဲ့ Jurassic World Dominion နောက်ဆုံးတော့ထွက်ရှိလာပါပြီ။
ဒီကားကတော့ ပြီးခဲ့တဲ့ Fallen Kingdom နောက်ပိုင်း လေးနှစ်ကြာကာလကိုအခြေတည်ထားတာဖြစ်ပါတယ်။ အရင်ကားတုန်းက ပြင်ပကမ္ဘာကိုလွတ်လာခဲ့တဲ့ ဒိုင်နိုဆောတွေဟာ အခုချိန်မှာတော့ လူသားတွေနဲ့အတူ ကမ္ဘာအနှံ့မှာနေထိုင်နေကြပါပြီ။ အိုဝင်နဲ့ ကလဲရ်တို့နှစ်ယောက်ဟာ သူတို့မွေးစားထားတဲ့ကလေးမလေးနဲ့ ဘလူးရဲ့မေထုန်မဲ့မျိုးပွားထားတဲ့ဒိုင်နိုဆောအကောင်ပေါက်လေးကို ဘိုင်အိုဆင် လုပ်ငန်းစုကြီးကသုသေသနလုပ်ဖို့ပြန်ပေးဆွဲသွားတဲ့နောက်ကိုကယ်ဆယ်ဖို့လိုက်ကြပါတယ်။
အဲ့ဒီလိုအချိန်မှာပဲကမ္ဘာအနှံ့ကစိုက်ခင်းတွေကိုဖျက်ဆီးနေတဲ့ဧရာမကျိုင်းကောင်အုပ်ကြီးရဲ့မြစ်ဖျားခံရာဟာ ဘိုင်အိုဆင်ပဲဆိုတာကိုခြေရာခံမိသွားတဲ့ အယ်လီ၊ အလန် နဲ့ အီယန်း တို့သုံးယောက်လဲ ဘိုင်အိုဆင်မှာပြန်ဆုံဖို့ဖြစ်လာပါတော့တယ်။
ထုံးစံအတိုင်း ဒိုင်နိုဆောတွေနဲ့လူတွေရဲ့လိုက်တမ်းပြေးတမ်းစွန့်စားခန်းတွေကို ရင်သပ်ရှုမောခံစားရမှာဖြစ်တဲ့အပြင် 1993 မူရင်းဇာတ်ကားက cast တွေကိုပြန်ထည့်ထားတာကလဲ လွမ်းစရာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဖျော်ဖြေမှုအပြည့်အဝပေးနိုင်ပြီး ပျော်စရာကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
- Format……….: .mp4 & .mkv
- Quality………..: Web-DL
- Resolution….: 4K, 1080p 5.1CH, 720p, 480p
- Duration……..: 2h 27m
- Translator…..: Dreamy
- Encoder………: MZM



Shut In (2022)
Crimes of the Future (2022)
Paradise Highway (2022)