ဒီဇာတ်ကားလေးက Action, Adventure, Drama အမျိုးအစားဖြစ်ပြီး ရွာတွေရဲ့နတ်ကိုးကွယ်မှုနဲ့ပတ်သက်ပြီး ပုံဖော်ထားတဲ့ Bollywood ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ တစ်ခါတုန်းက ဘုရင်တစ်ပါးဟာ သူ့ဘဝမှာ အရာအားလုံးပြည့်စုံနေပေမယ့် စိတ်နှလုံးအေးချမ်းမှုမရခဲ့ပါဘူး။ ဒီလိုနဲ့ ရှေ့ဖြစ်ဟောဆရာကိုမေးတဲ့အခါ ဘုရင်ကြီးကိုယ်တိုင်ရှာဖွေမှတွေ့လိမ့်မယ်လို့ ပြောတော့ ဘုရင်ကြီးဟာ နေရာအနှံမှာလိုက်ရှာရင်းနဲ့ တမန်တော်ပန်ဂျူရီနဲ့ တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တမန်တော်ပန်ဂျူရီဟာ ရွာတစ်ရွာကိုစောင့်ရှောက်နေတာဖြစ်လို့သူ့ကိုခေါ်ဆောင်ချင်ရင် သူ့ရဲ့ အသံတစ်ဆုံးထိ မြေတွေကို ရွာသားအတွက် ချီးမြှင့်ပေးရမယ်ဆိုပြီး အပေးအယူလုပ်ခဲ့ပါတယ်။ အဲဒီလိုတွေလုပ်ပြီးတော့ ဘုရင်ကြီးလည်းစိတ်အေးချမ်းမြေ့စွာနေထိုင်သွားတော့ရပါတယ်။
၁၉၇၀ ခုနှစ်မှာ လူတစ်ယောက်က အဲဒီရွာကမြေတွေဟာ သူ့ဘိုးဘွားပိုင်တွေဖြစ်လို့ပြန်ပေးဖို့ တမန်တော်ပန်ဂျူရီဆီမှာ မောက်မောက်မာမာနဲ့ တောင်းဆိုခဲ့ရာနောက်နေ့ကျတော့ အဲဒီလူက တရားရုံးလှေကားပေါ်မှာ သွေးအန်ပြီး သေဆုံးသွားခဲ့တယ်။ ဒီလိုနဲ့ ၁၉၉၀ခုနှစ်ရောက်လာတော့ သစ်တောဌာနက အဲဒီရွာလေးကို စစ်တမ်းကောက်ပြီး သစ်တောကြိုးဝိုင်းလုပ်ဖို့ ရောက်ရှိလာပါတော့တယ်။ အဲဒီရွာမှာ ရှီဗားဆိုတဲ့တောဝက်အမဲလိုက်တတ်တဲ့ လူတစ်ယောက်ရှိပါတယ်။ သူ့အမေက တောဝက်တွေကို အမဲလိုက်တာမကြိုက်လို့တားပေမယ့် ရှီဗာကတော့ ပြန်မပြောနားမထောင် အမဲလိုက်နေဆဲပါပဲ။ ရှီဗားဟာ တမန်တော်ပန်ဂျူရီနဲ့ပတ်သက်တဲ့အိပ်မက်တွေကို အမြဲမက်နေတတ်ပါတယ်။
သစ်တောဌာနက တမန်တော်စောင့်ရှောက်နေတဲ့ရွာလေးကို မြေယာစစ်တမ်းကောက်ဖို့ အဆင်ပြေပါ့မလား။ ရွာသားတွေကရော ဘယ်လိုတုံ့ပြန်ကြမလဲ။ ပြီးတော့ ရွာမြေတွေကို လက်ဝါးကြီးအုပ်ချင်လို့ တစ်ယောက်တည်းကျိတ်ကြံနေတဲ့ မြေရှင်တစ်ယောက်လည်းရှိပါသေးတယ်။ သူ့အကြံကတော့ အထမြောက်ပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
- Format……….: .mp4 & .mkv
- Quality………..: WEB-DL
- Resolution….: 4k 5.1CH, 1080p 5.1CH, 720p, 480p
- Duration……..: 2h 27m
- Translator…..: MCEC
- Encoder………: MZM