Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

Kingsman: The Golden Circle (2017)

Kingsman: The Golden Circle (2017)
141 min|Action, Adventure, Comedy|22 Sep 2017
6.7Rating: 6.7 / 10 from 321,940 usersMetascore: 44
After the Kingsman's headquarters are destroyed and the world is held hostage, an allied spy organization in the United States is discovered. These two elite secret agencies must band together to defeat a common enemy.

ပထမ Kingsman ကားရဲ့အဆက် ဒီရုပ်ရှင်ကားမှာတော့ ဗယ်လင်တိုင်းရဲ့ဌာနချုပ်မှာ သေသွားပြီထင်ထားတဲ့ ချာလီတစ်ယောက်မသေဘဲ စက်ရုပ်လက်ကြီးနဲ့ ဗီလိန်အဖြစ်ပြန်ပေါ်လာပါတယ်။

အက်ဂ်ဆီနဲ့ ချာလီရဲ့ပြန်တွေ့ဆုံမှုမှာတော့ ချာလီတစ်ယောက် ကင်းစ်မန်းအချက်အလက်တွေကို အက်ဂ်ဆီရဲ့ကားကနေ ရယူသွားနိုင်ခဲ့ပြီး ကင်းစ်မန်းဌာနချုပ်အားလုံးကို ဒုံးကျည်နဲ့ပစ်ပြီး ဖျက်ဆီးလိုက်ပါတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာဘဲ အက်ဂ်ဆီတစ်ယောက် သူ့ကောင်မလေးတီလ်ဒီရဲ့အိမ်မှာ ညစာစားပွဲတက်နေခဲ့တာကြောင့် သေကံမရောက်ခဲ့ဘဲ သူ့လိုမျိုးအသက်ရှင်ကျန်တဲ့မာလင်နဲ့ပေါင်းကာ ဒီလိုလုပ်သွားတဲ့ရန်သူနောက် ပြန်လိုက်ပါတော့တယ်။

ဒီလိုနဲ့ သူတို့တွေစုံစမ်းရင်းသိလာရတာက ချာလီတစ်ယောက် လက်စားချေချင်လို့ဒီလိုလုပ်တာမဟုတ်ဘဲ ရွှေစက်ကွင်းဆိုတဲ့အဖွဲ့နဲ့ ဒါတွေကပက်သက်နေတဲ့အပြင် သူတို့ရည်ရွယ်ချက်က ကမ္ဘာကြီးကိုအန္တရာယ်ပြုဖို့အထိ ကြံစည်နေကြတာကိုသိလိုက်ရချိန်မှာတော့ ထုံးစံအတိုင်း ကမ္ဘာကြီးကိုကယ်တင်ဖို့ကြိုးစားကြတာကို ကြည့်ရမှာပါ။ ကင်းစ်မန်းအေးဂျင့်တွေအနေနဲ့ သူတို့ကိုကူညီပေးမယ့် စတိတ်မန်းဆိုတဲ့ အခြားအေးဂျင့်အဖွဲ့တစ်ခုနဲ့ပူး​ပေါင်းပြီး အပြတ်ကြမ်းပြတာကို ခပ်မိုက်မိုက်အက်ရှင်ခန်းတွေနဲ့ မပျင်းစတမ်းကြည့်ရမှာဖြစ်လို့ ရှုစားလိုက်ကြပါဦး။

  • Format……….: .mp4 & .mkv
  • Quality………..: Blu-ray
  • Resolution….: 4K TrueHD 7.1, 1080p TrueHD 7.1, 720p, 480p
  • Duration……..: 2h 21m
  • Translator…..: Cyanide
  • Encoder………: MZM

Leave a Reply

Your email address will not be published.

More to Watch
Movies   Web-DL   

Thirteen Lives (2022)

ဟိုးတလောက ဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံမှာ ကလေးဆယ့်သုံးယောက် ဂူထဲပိတ်မိသွားခဲ့တယ် ဆိုတဲ့ သတင်းကို နည်းနည်းတော့မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲ့ဇာတ်လမ်းကို 2019 မှာ the cave ဆိုတဲ့နာမည်နဲ့ ပထမအကြိမ်ရိုက်ကူးခဲ့ပြီး rating 5.8 သာရရှိခဲ့ပါတယ်။ ဒါကတော့ ဒုတိယအကြိမ် အသစ်ပြန်ရိုက်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး rating 7.8 အထိ ရရှိထားပါတယ်။ ပုံရိပ်လှုပ်ရှားမှု အကောင်းဆုံးဆုကိုလည်းရရှိထားပြီး ပိုပြီးကြည့်လို့ကောင်း စိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ထားပါသေးတယ်။ ဇာတ်လမ်းအစမှာတော့ ကလေးတွေက ဘောလုံးကစားနေကြပြီး ညနေမှာ ပရမ်ဆိုတဲ့ ကလေးမွေးနေ့ပွဲကျင်းပဖို့ရှိပါတယ်။ ဘောလုံးကန်လို့အပြီး မွေးနေ့ပွဲလည်း စောနေသေးတာကြောင့် အရင်လိုပဲ သူတို့နားက ဂူကြီးထဲ ဝင်ဆော့ခဲ့ကြပါတယ်။ အဲ့မှာပဲ ကံမကောင်းအကြောင်းမလှတော့ မိုးတွေချက်ချင်းဆိုသလိုရွာလာပြီး ဂူပေါက်က ရေတွေနဲ့ ပိတ်သွားခဲ့ပါတယ်။ အဲ့နေ့ကစပြီး ကယ်ဆယ်ရေးတွေနဲ့ မျိုးစုံကြိုးစားခဲ့ပေမယ့် ဆယ်ရက်ကြာမှ သူတို့ကို စတွေ့ခဲ့တာပါ။ […]
  • 4k
  • 2 weeks ago
Movies   Web-DL   

Daeng Phra Khanong (2022)

Mae nak အကြောင်းကိုတော့ မသိတဲ့သူမရှိသလောက်ရှားကြမှာပါ၊ ရုပ်ရှင်တွေ ရုပ်သံဇာတ်လမ်းတွေကိုမှ ဗားရှင်းအမျိုးမျိုးပုံစံအစုံစုံနဲ့ရိုက်ခဲ့ကြတဲ့အထဲမှာမှ နာမည်အကြီးဆုံးဖြစ်တဲ့ Nang nak (1999) နဲ့ Pee Mak တို့ကတော့မပါမဖြစ်ပါပဲ။ ဒဏ္ဍာရီအရ Mae Nak ဟာကလေးမမွေးနိုင်ပဲသေဆုံးသွားခဲ့ရာကနေ မကျွတ်မလွတ်နိုင်ပဲ ခင်ပွန်းဖြစ်သူကိုစောင့်နေရင်းတစ္ဆေဖြစ်ခဲ့ရာကနေ နောက်ဆုံးမှာ ဘဝပြောင်းသွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့တစ္ဆေကလေးလေးအကြောင်းကိုသိတဲ့သူရှားသလို ဇာတ်လမ်းတွေမှာလဲတွေ့ရခဲပါတယ်။ ဒီဇာတ်ကားကတော့ Mae Nak ကျွတ်လွတ်သွားအပြီး၊ Mak သာသနာ့ဘောင်ကိုဝင်သွားပြီးတဲ့နောက် ရွာမှာတစ်ဦးတည်းကျန်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့သား တစ္ဆေလေး ဒန်းဖရာခနောင်ရဲ့အကြောင်းပါပဲ။ ဒန်းကလူတွေကိုကူညီပေးတတ်စတတ်နောက်တတ်ပြီးစိတ်ထားကောင်းတဲ့အတွက် သူ့အမေနဲ့မတူပဲတစ်ရွာလုံးကချစ်ကြ၊စောင့်ရှောက်ထားကြပါတယ်။ ဒါပေမယ့်ကလေးတွေကိုတော့ လန့်မှာစိုးလို့အသိပေးမထားတဲ့အတွက် ကလေးတွေနဲ့လဲကစားဖက်ဖြစ်နေပါတယ်။ ဒါပေမယ့်လဲ ရွာထဲမှာ ဒန်းခြောက်လှန့်တာခံရတာများလာတဲ့အပြင်၊ ခြောက်လှန့်မှုတွေကနေ လူကိုအန္တရာယ်ပြုတဲ့အထိဖြစ်လာတဲ့အခါမှာတော့ သူတို့တစ်သက်လုံးစောင့်ရှောက်ခဲ့တဲ့ဒန်းပဲ ပြောင်းလဲသွားတာလား၊ ပြင်ပပယောဂတွေပါနေနိုင်မလားဆိုတာကိုဆက်လက်ရှုစားကြပါ။ Format……….: .mp4 & .mkv Quality………..: Web-DL […]
  • 4k
  • 2 weeks ago
Movies   Blu-ray   

Ip Man: The Awakening (2022)

Ip Man ရဲ့နာမည်နဲ့ဘဝဇာတ်ကြောင်းအပေါ်အခြေတည်တဲ့ဇာတ်ကားသစ်တစ်ကားပဲဖြစ်ပြီး ဒီကားမှာတော့ ဆရာပေါက်စလေး Ip ဟာ ၃၀ ခုနှစ်ဝန်းကျင်မှာ ဖိုရှန်းကနေ ဟောင်ကောင်ကို သွားလည်ခဲ့ပါတယ်။ မိမိ စွမ်းရည်အပေါ်ဖြောင့်မတ်မှန်ကန်မှုအပေါ်ဂုဏ်မောက်သေချာနေခဲ့တဲ့ သူဟာ ဟောင်ကောင်အရောက်မှာပဲ ဘတ်စ်ကားပေါ်မှာအမျိုးသမီးနှစ်ဦးကိုဝိုင်းဝန်းလုယက်နေတဲ့ လူတစ်စုရန်ကနေဝင်ရောက်ကယ်ဆယ်ခဲ့ပါတယ်။ ဒီလိုနဲ့ မိန်းကလေးရဲ့အစ်ကို လန်ချားခေါင်း ဟူဘူဖန်းနဲ့ရင်းနှီးကျွမ်းဝင်ရာကတစ်ဆင့် ဒေသခံဗြိတိန်ရဲတွေ၊ ခြစားမှုတွေနဲ့အတူ နယ်ခံဗြိတိန်သားတွေဦးစီးနေတဲ့ လူကုန်ကူးဂိုဏ်းနဲ့ မဟုတ်မခံ ဆရာငယ်လေး Ip Man တို့ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ ဒီကားမှာတော့ ငယ်ရွယ်ပြီး ပညာမစုံ မရင့်ကျက်သေးတယ် Ip Man ကိုတွေ့မြင်ရမှာဖြစ်ပေမယ့် ကွန်ဖူးတိုက်ခိုက်ခန်းတွေရိုးရှင်းလှပပါတယ်။ Donnie yen ပါဝင်တဲ့ ပင်မဇာတ်ကားကြီးတွေကိုမမှီပေမယ့် ကြည့်ကောင်းသပ်ရပ်တဲ့ကွန်ဖူးကားတစ်ကားပဲဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA 5.1, […]
  • 4k
  • 2 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)