Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

Kingsman: The Secret Service (2014)

Kingsman: The Secret Service (2014)
129 min|Action, Adventure, Comedy|13 Feb 2015
7.7Rating: 7.7 / 10 from 657,951 usersMetascore: 60
A spy organisation recruits a promising street kid into the agency's training program, while a global threat emerges from a twisted tech genius.

ဂျိမ်းစ်ဘွန်းလိုကြမ်းပြီး အထာကျတဲ့အက်ရှင်ခန်းတွေနဲ့ Samuel L. Jackson ကို ဗီလိန်နေရာမှာမြင်တွေ့နိုင်မယ့် ကားကောင်းလေးတစ်ကားကို ညွှန်းပေးချင်ပါတယ်။ IMDb rating7.7/10 အထိ ရရှိထားသလို 2016ရဲ့ Taurus World Stunt Awardအပါအဝင် ဆုစုစုပေါင်းဆယ်ဆုအထိလည်း ရရှိထားပါသေးတယ်။

ဇာတ်လမ်းအကျဥ်းကတော့ နိုင်ငံတကာခေါင်းဆောင်တွေရဲ့အထက်မှာရှိတဲ့ ကင်းစ်မန်းဆိုတဲ့ ကိုယ်ပိုင်သူလျှိုအဖွဲ့ဟာ သူတို့ရဲ့စစ်ဆင်ရေးတွေကို ဘယ်သူမှမသိအောင် အတော်ဆုံးအေးဂျင့်တွေနဲ့ သိုသိုသိပ်သိပ်လှုပ်ရှားပါတယ်။ တစ်ရက်မှာတော့ ကင်းစ်မန်းတစ်ယောက်ရဲ့အမှားကြောင့် အက်ဂ်ဆီရဲ့အဖေဖြစ်သူသေသွားခဲ့ပါတယ်။ ဒါကြောင့် ဝမ်းနည်းကြောင်းလာ​ပြောပြီး အကူအညီလိုရင်တောင်းဖို့ ကင်းစ်မန်းတံဆိပ်လေးကို ပေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာသွားချိန်မှာ အက်ဂ်ဆီလည်းအရွယ်ရောက်လာပြီး ပေပေတေတေနေတဲ့ လူဆိုးလေးအဖြစ်နေထိုင်ရင်း တစ်ရက်တော့ရဲဖမ်းခံရပါတယ်။ ရဲလက်ကလွတ်အောင် ကြံရာမရတဲ့အဆုံး သူ့ဆီမှာရှိတဲ့ကင်းစ်မန်းဖုန်းနံပါတ်ကို ဆက်သွယ်လိုက်ချိန်မှာတော့ အက်ဂ်ဆီရဲ့ဘဝ တစ်ထစ်ချိုးပြောင်းလဲသွားပါတော့တယ်။

ဒီလိုနဲ့ဘဲ ကင်းစ်မန်းနဲ့ရေစက်ဆုံလာတဲ့ အက်ဂ်ဆီတစ်ယောက် အခက်ခဲဆုံးလေ့ကျင့်မှုတွေကို ကျော်ဖြတ်ပြီး ကင်းစ်မန်းတစ်ယောက် ဖြစ်လာမှာလား။ ကမ္ဘာကြီးကို ဘယ်လိုအန္တရာယ်တွေကနေ ကယ်တင်မလဲဆိုတာတော့ ကိုယ့်ဟာကိုယ်ပဲဆက်ကြည့်လိုက်ကြပါဦး။

  • Format……….: .mp4 & .mkv
  • Quality………..: Blu-ray
  • Resolution….: 4k DTS-HD MA 7.1, 1080p DTS-HD MA 7.1, 720p, 480p
  • Duration……..: 2h 9m
  • Translator…..: Cyanide

Leave a Reply

Your email address will not be published.

More to Watch
Movies   Web-DL   

Janhit Mein Jaari (2022)

ဒီဇာတ်ကားလေးကတော့ Comedy, Drama, Romance အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မန်နူဟာခေတ်ပညာတတ်အမျိုးသမီးတစ်ယောက်ဖြစ်ပြီးအိမ်ထောင်ပြုသားမွေးတင်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုရပ်တည်နိုင်တဲ့အမှီခိုကင်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်ချင်နေတဲ့သူပါ။ ဒါကြောင့်လည်းသူ့မိဘတွေက အိမ်ထောင်ဖက်တွေ့ပေးဖို့စီစဉ်တာတွေကိုလက်မခံဘဲ အလုပ်ပဲလိုက်ရှာနေခဲ့တာပါ တစ်နေ့မှာတော့မန်နူတစ်ယောက်ကွန်ဒုံးထုတ်တဲ့စက်ရုံမှာ လစာကောင်းကောင်းနဲ့အလုပ်ရခဲ့ပါတယ်။ အိန္ဒိယလူမှုပတ်ဝန်းကျင်ဆိုတာက ထုံးတမ်းစဉ်လာတွေကို အလေးအနက်ထားပြီးအယူသီးတဲ့မိသားစုတွေများပါတယ်။ ကွန်ဒုံးစက်ရုံမှာ အလုပ်လုပ်ဖို့မပြောနဲ့ ဒီကွန်ဒုံးဆိုတဲ့စကားလုံးကိုတောင်ညစ်ညမ်းတယ်လို့သတ်မှတ်ထားတဲ့သူတွေပါ ဒါပေမယ့် မန်နူဟာ ကွန်ဒုံးစက်ရုံမှာ အလုပ်စလုပ်တုန်းက အလုပ်တစ်ခုလိုပဲ သဘောထားရာကနေ အိန္ဒိယနိုင်ငံအတွင်း တရားမဝင်ကိုယ်ဝန်ဖျက်ချမှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ မိန်းကလေးတွေရဲ့ဘဝကို စာနာမိပြီး ကွန်ဒုံးရောင်းတယ်ဆိုတာထက် အမျိုးသမီးအားလုံးကို အသိပညာပေးခဲ့ပါတယ်။ ဒီဇာတ်ကားလေးထဲမှာ မန်နူဟာ လူမှုပတ်ဝန်းကျင်ရဲ့အယူသီးမှု အစွဲကြီးမှုတွေကိုဆန့်ကျင်ပြီးအမျိုးသမီးတွေရဲ့ကျန်းမာရေး ဘေးကင်းရေးအတွက် ဘယ်လိုမျိုးအသိပညာပေးသွားသလဲ။ လူမှုပတ်ဝန်းကျင်ရဲ့တိုက်ခိုက်မှုတွေကို ဘယ်လိုရင်ဆိုင်သွားသလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇတ်ကားလေးဖြစ်လို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: WEb-DL Resolution….: 1080p, 720p, 480p Duration……..: 2h 26m […]
  • 4k
  • 2 weeks ago
Movies   Blu-ray   

Encanto (2021)

အရွယ်သုံးပါးမရွေး အကြိုက်တွေ့စေမယ့် အသစ်စက်စက် Disneyကာတွန်းကားလေး Encantoလာပါပြီ။ IMDb ratingလည်း 7.4အထိရထားတဲ့အပြင် စပိန်စကားလေးတွေညှပ်ညှပ်ပြောတဲ့အပြင် စပိန်သံဝဲဝဲနဲ့သီချင်းလေးတွေဆိုပြီး သရုပ်ဖော်ရိုက်ကူးထားတာကြောင့် လုံးဝမပျင်းရဘဲ စိတ်ပေါ့ပါးစေမယ့် ကားသစ်လေးပါ။ ထွက်ထွက်ပြီးချင်း ဆုတွေလည်းလေးဆုအထိ သိမ်းပိုက်ထားလို့ ကြည့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ တောင်တွေပတ်လည်ဝိုင်းထားတဲ့ အန်ကန်တိုဆိုတဲ့နေရာလေးမှာ မှော်အစွမ်းတွေပိုင်ဆိုင်ထားတဲ့ မာဒရီဂယ်မိသားစုလေးရှိပါတယ်။ သူတို့မိသားစုမှာ ခွန်အားကြီးတဲ့သူကနေ ဘယ်အနာရောဂါမဆိုပျောက်စေနိုင်တဲ့ အစွမ်းရှိသူအထိ စုံလင်စွာရရှိထားပေမဲ့ မီရာဘယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်မှာပဲ ဘာအစွမ်းမှပေါ်မလာခဲ့ပါဘူး။ မာဒရီဂယ်တွေက သူတို့အစွမ်းတွေကိုသုံးပြီး ရွာကအခြားလူတွေကိုကူညီပေးသလို မိသားစုအတွက် အကောင်းဆုံးနေထိုင်ကြလို့ မီရာဘယ်လည်း သူတတ်အားတဲ့နေရာကနေ မိသားစုဂုဏ်တက်ရအောင် အမျိုးမျိုးကူညီဖို့လုပ်ပေမဲ့ သူလုပ်သမျှက ဝင်ရှုပ်မိသလိုဖြစ်နေတဲ့အခါ……..။ ဒီလိုနဲ့နေလာရင်းတစ်ရက်မှာ သူတို့ရထားတဲ့မှော်အစွမ်းတွေ ပြယ်စပြုလာပြီး အန်ကန်တိုတစ်ခုလုံးအန္တရာယ်ရှိလာပါတယ်။ ဒီလိုဖြစ်ရတာကလည်း မီရာဘယ်နဲ့ တစ်ခုခုပက်သက်နေတယ်ဆိုပြီး နိမိတ်မှာပေါ်လာတဲ့အခါ မီရာဘယ်တစ်ယောက် အမှန်တရားကိုရှာဖွေပြီး သူ့မိသားစုကိုကယ်တင်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကို စိတ်ဝင်စားစရာ […]
  • 4k
  • 2 weeks ago
Movies   Blu-ray   

Caught in Time (2020)

၁၉၉၀ ပြည့်လွန်နှစ်များက တရုတ်နိုင်ငံတောင်ပိုင်းမှာ လင်းယုန်ဂိုဏ်းဆိုတဲ့ဓားပြအဖွဲ့တစ်ဖွဲ့သောင်းကျန်းနေချိန်ဖြစ်ပါတယ်။ နည်းစနစ်တွေ ခေတ်ရှေ့ပြေးသလို လေ့ကျင့်မှုကောင်း အညှာအတာကင်းမဲ့ရက်စက်တဲ့ ဒီဂိုဏ်းကို ဦးဆောင်သူကတော့သိမ်းငှက် ဆိုတဲ့ အမည်ဝှက်နဲ့ ဉာဏ်များကောက်ကျစ်သလို ဘယ်သူ့ကိုမှချနင်းဖို့ဝန်မလေးတဲ့ သူတစ်ယောက်ပါပဲ။ သူတို့အဖွဲ့ရဲ့ ဆက်တိုက်ကျူးလွန်လာတဲ့ ရွှေဆိုင် ဘဏ်တိုက် စတိုးဆိုင်ပါမချန် လုယက်မှုတွေနောက်ကိုဇွဲကောင်းကောင်းနဲ့ ဖြိုခွင်းဖို့ထောက်လှမ်းလာတဲ့သူကတော့ ဂျောင်ချန်း ဆိုတဲ့စုံထောက်တစ်ယောက်ပဲဖြစ်ပါတယ်။ ၁၉၉၀ ဝန်းကျင်မှာ အကြီးအကျယ်သောင်းကျန်းခဲ့တဲ့ ကျန်းကျွန်ဆိုတဲ့ဓားပြဂိုဏ်းခေါင်းဆောင်တစ်ဦးရဲ့လုယက်လူသတ်မှုတွေကိုအခြေခံထားတာဖြစ်ပါတယ်။ အစကနေအဆုံးအထိဝေ့ဝိုက်မနေပဲ အက်ရှင်ခန်းအမိုက်စားတွေ၊ ဉာဏ်ကစားခန်းတွေနဲ့ ခပ်သွက်သွက်သွားထားပြီး၊ နောက်ပိုင်း ဟောင်ကောင်ကားတွေလို CG တွေကိုပဲအားကိုးမထားပဲ ပီပြင်ကြမ်းတမ်းလက်တွေ့ကျတဲ့ ရိုက်ချက်တွေကိုတွေ့မြင်ရမှာပါ။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p 5.1CH, 720p, 480p Duration……..: 1h 35m Translator…..: Dreamy Encoder………: MZM […]
  • 4k
  • 2 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)