Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

Memory (2022)

Memory (2022)
114 min|Action, Thriller|29 Apr 2022
5.6Rating: 5.6 / 10 from 13,147 usersMetascore: 41
An assassin-for-hire finds that he's become a target after he refuses to complete a job for a dangerous criminal organization.

Antonio Banderas ရဲ့ Zorro ဇာတ်ကားတွေနဲ့ GoldenEye (1995) တို့ Casino Royale (2006) တို့လိုဘွန်းကားတွေရဲ့ဖန်တီးသူ ဒါရိုက်တာကြီး Martin Campbell နဲ့ Liam Neeson, Guy Pearce နဲ့ Monica Bellucci တို့လိုထိပ်တန်းသရုပ်ဆောင်တွေအပြိုင်ကျဲထားတဲ့ action thriller ဇာတ်ကားသစ်ဖြစ်ပါတယ်။

အဲလက်စ်က ထိပ်တန်းအဆင့်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပြီး နောက်ဆုံးတာဝန်တစ်ခုကိုလက်ခံခဲ့မိပါတယ်။ ဒါပေမယ့် ပစ်မှတ်ကမိန်းကလေးငယ်တစ်ယောက်ဖြစ်နေတာကိုသိတဲ့နောက် သူငြင်းဆန်ခဲ့ပေမယ့် အဲ့ဒီမိန်းကလေးကိုတစ်ခြားတစ်ယောက်ကဝင်သတ်သွားခဲ့တာကိုသိလိုက်ရပါတယ်။ အဲ့ဒီမှာပဲ မိန်းကလေးရဲ့အဖေသေဆုံးမှုနောက်မှာ ကောင်မလေးကိုတာဝန်ယူထားတဲ့ အက်ဖ်ဘီအိုင်အရာရှိ ဗင်းဆင့် ပြီးတော့ သူ့ကိုငှားရမ်းခဲ့တဲ့ တစ်ဖက်လူတွေနဲ့ပါထိပ်တိုက်တွေ့ပါတော့တယ်။

တစ်ဖက်က ကလေးငယ်လူကုန်ကူးတဲ့အဖွဲ့ကိုအဆုံးထိချေမှုန်းဖို့အဲလက်စ်ဆုံးဖြတ်ခဲ့ပေမယ့် သူ့မှာအယ်လ်ဇိုင်းမားရောဂါကြောင့် မှတ်ဉာဏ်တွေကွယ်ပျောက်စပြုနေပြီး တစ်ဖက်ရန်သူတွေကလဲ အင်အားကြီးမားလွန်းနေတဲ့အခါမှာတော့၊ကြေးစားလူသတ်သမားဖြစ်တဲ့ အဲလက်စ်တစ်ယောက်အက်ဖ်ဘီအိုင်ကလူတွေဆီ အကူအညီတောင်းရပါတော့တယ်။

ငွေကြေးအင်အားကြီးမားသလို သြဇာကြီးအာဏာပိုင်တွေကိုပါအပိုင်ကိုင်ထားနိုင်တဲ့ အဖွဲ့အစည်းကို အဲလက်စ်နဲ့သူ့ကိုကူညီမယ့်အက်ဖ်ဘီအိုင်အေးဂျင့်တွေဘောင်ဝင်အောင်ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုရှုစားကြရမှာပါ။

  • Format……….: .mp4 & .mkv
  • Quality………..: Web-DL
  • Resolution….: 4k 5.1CH, 1080p 5.1CH, 720p, 480p
  • Duration……..: 1h 54m
  • Translator…..: Dreamy
  • Encoder………: MZM

One thought on “Memory (2022)

  1. Minions: Rise of Gru တင်ပါဝောာ့ဗျို့
    အားပေးနေပါတယ် 😘

Leave a Reply

Your email address will not be published.

More to Watch
Movies   Web-DL   

Paradise Highway (2022)

ဒီဇာတ်ကားလေးကတော့ Triller အမျိုးအစားဖြစ်ပါတယ်။ ဇတ်လမ်းအကျဉ်းကတော့ ဆယ်လီဆိုတဲ့ အမျိုးသမီးဟာ ကုန်ကားကြီးတွေ မောင်းရင်း ဘဝဖူလုံရေးအတွက် ငွေရှာတယ်။ သူ့မှာ ဒန်းနစ်ဆိုတဲ့ ထောင်ကျနေတဲ့ မောင်တစ်ယောက်ရှိတယ်။ မဝေးတော့တဲ့ တစ်ရက်နှစ်ရက်မှာ လွတ်တော့မယ့် သူ့ရဲ့မောင်ကထောင်တွင်းမူးယစ်ဆေး ရောင်း၀ယ်ဖို့ သူ့ကို အကူအညီတောင်းတဲ့အခါ ပစ္စည်းရဖို့အရေး ဆယ်လီတစ်ယောက် အပြင်မှာ ထပ်လှုပ်ရှားရတယ်။ ဒီလိုနဲ့ ထောင်ထဲက မောင် ဒုက္ခမရောက်ဖို့အရေး လေလာဆိုတဲ့ ၁၀ နှစ်၀န်းကျင်ကလေးမလေးကို လူကုန်ကူးပေးဖို့ အကြောင်းဖန်လာတယ်။ ဒါပေမဲ့ နယ်စပ်ရောက်တဲ့အချိန်မှာ ကလေးမလေးက တစ်ဖက်လူကို ဆယ်လီ့ကားထဲက သေနတ်နဲ့ ပစ်လိုက်လို့ လူသေမှုတစ်ခု ပြဿနာကပါ။ ဆယ်လီရဲ့ဘ၀ထဲကို ထပ်တိုး၀င်လာပါတော့တယ်။ ဒီဇာတ်လမ်းမှာ အမှုစုံစမ်းတဲ့ စုံထောက် duo အဖြစ် မင်းသားကြီး Morgan Freeman နဲ့ Cameron […]
  • 4k
  • 2 weeks ago
Movies   Blu-ray   

Spider-Man: No Way Home (2021)

ပွဲတိုင်းကျော်ကြီး MARVEL ရဲ့ အသစ်စက်စက် စပိုက်ဒါမန်းရုပ်ရှင်ကားကြီး လာပါပြီ။ Marvel Universe ထဲက ရုပ်ရှင်ကားဖြစ်လို့ ပထမရုပ်ရှင်ကားတွေနဲ့ အကုန်ဆက်စပ်နေတဲ့အပြင် Oscar ဆုအတွက်လည်း လျာထားခံရပါတယ်။ ဒါ့အပြင် အခြားဆုပေါင်းများစွာကိုလည်း သိမ်းပိုက်ယူထားပြီး ပရိတ်သတ်တွေဆီက အချစ်တွေပါသိမ်းယူထားပါသေးတယ်။ ဇာတ်လမ်းအစမှာတော့ Mysterio က စပိုက်ဒါမန်းကဘယ်သူပါဆိုပြီး ဖော်ကောင်လုပ်ချလိုက်တဲ့နေရာက ဆက်ထားပါတယ်။ ပီတာပါကာဆိုတဲ့ သူ့သရုပ်မှန်ပေါ်ပေါက်သွားတာကြောင့် 17နှစ်အရွယ် ပေါက်စလေးတစ်ယောက်က နေ့ချင်းညချင်း ကမ္ဘာပေါ်မှာနာမည်အကြီးဆုံး ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဒီလိုနာမည်ကြီးမှုနဲ့အတူ ဆိုးကျိုးတွေလည်း ပူးတွဲပါလာပါတယ်။ အဲဒါကတော့ ရဲတွေဆီမှာ ပြစ်မှုရှိမရှိ စစ်ဆေးခံရမှုတွေအပြင် စပိုက်ဒါမန်းကြောင့် ထိခိုက်ရပါတယ်ဆိုပြီး လူဆိုးတစ်ယောက်လို မြင်နေကြသူတွေကလည်း ဒုနဲ့ဒေးပါ။ ဒီဆိုးကျိုးတွေကြောင့် ထိခိုက်နစ်နာရတာ သူတစ်ယောက်တည်းမဟုတ်ဘဲ သူချစ်ရသူတွေပါ နစ်နာလာချိန်မှာတော့ ပီတာတစ်ယောက် ဒေါက်​တာစထရိန်းဆီသွားပြီး ဒီလိုတွေမဖြစ်ခဲ့တဲ့အချိန်ဆီသွားဖို့ အကူအညီတောင်းပါတော့တယ်။ […]
  • 4k
  • 2 weeks ago
Movies   Web-DL   

The Adam Project (2022)

ထွေလာနဲ့တင် စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ Ryan Reynolds ရဲ့ နက်ဖလစ်ကားသစ်ဖြစ်ပါတယ်။ ပျက်ဆီးကိန်းကြုံနေတဲ့ ၂၀၅၀ ကမ္ဘာကနေပိုင်းလော့တစ်ယောက်ဖြစ်တဲ့ Adam Reed ဟာသူ့အချိန်ခရီးသွားယာဉ်ကိုခိုးယူပြီး ၂၀၁၈ က ကယ်ဆယ်ရေးမစ်ရှင်တစ်ခုဆီကိုထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် အလျင်စလိုဖြစ်နေမှုကြောင့်မှားယွင်းပြီး ၂၀၂၂ ကိုရောက်သွားပါတော့တယ်။ အဲ့ဒီအချိန်မှာ သူကိုယ်တိုင်ရဲ့ အသက် ၁၂ အရွယ်ကောင်လေးကိုတွေ့ဆုံအကူအညီတောင်းပြီး လက်ရှိယာဉ်ချို့ယွင်းမှုကိုပြင်ဆင်ဖို့ကြိုးစားရပါတယ်။ တကယ်တမ်းတော့ အတိတ်ကိုပြန်လာပြီးတော့ပြင်ဆင်ဖို့ကြိုးစားမှုဟာ ကြီးမားတဲ့ဆိုးကျိုးတွေဖြစ်ပေါ်ပြီး အန္တရာယ်ကြီးမားပါတယ်။ ဒါတွေကိုသိသိကြီးနဲ့ အဒမ် ဘာကြောင့်စွန့်လွှတ်ခဲ့လဲ? သူပြန်လည်ပြင်ဆင်ဖို့ကြိုးစားတဲ့အတိတ်က ဘာအကြောင်းအရာလဲ ။ အဒမ်နဲ့ အဒမ် နှစ်ယောက်ရင်ဆိုင်ဖြေရှင်းရမှာ ဘယ်လိုပြဿနာတွေဖြစ်မလဲ? ဇာတ်လမ်းဇာတ်အိမ်ကောင်းသလို CG တွေလဲအရမ်းလှပသေသပ်ပါတယ်။ Ryan Reynolds ထုံးစံကျဉ်းထဲကြပ်ထဲမှာဟာသတွေထိုင်ဖောက်နေတာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ရီနေရဦးမှာပါ။ တကယ်ကိုလက်မလွတ်သင့်တဲ့ဖျော်ဖြေရေးကားကောင်းတစ်ကားပါ။ Mark Ruffalo ,Jennifer Garner, Zoe Saldana စတဲ့ဝါရင့်ဒိတ်ဒိတ်ကြဲတွေကလဲဇာတ်ကိုမြိုင်နေအောင်ပို့ပေးထားပါသေးတယ်။ […]
  • 4k
  • 2 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)