Monster (2022)

Monster (2022)

0 734
Monster (2022)
Monster (2022)
135 min|Action, Adventure, Crime|21 Oct 2022
4.5Rating: 4.5 / 10 from 2,655 usersMetascore: N/A
On their first wedding anniversary, Lucky Singh, an entrepreneur from Punjab walks into the lives of Anil Chandra and Bhamini. Little do they know that this man will change their future
YouTube video

ဒီဇာတ်ကားလေးက Action, Adventure, Crime အမျိုးအစားဖြစ်ပါတယ်။

ဇာတ်လမ်းလေးကတော့ ဘာမီနီမှာ အရမ်းချစ်ရတဲ့ခင်ပွန်းသည် ချန်ဒရာနဲ့ ကွန်ဂျက်တာဆိုတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ ချန်ဒရာဟာ အရင်တုန်းကတော့ အိုင်တီကုမ္ပဏီမှာ အလုပ်လုပ်ပေမယ့် တစ်နေ့မှာတော့ အလုပ်ထုတ်ခံလိုက်ရပါတယ်။ အဲဒီတော့ မိသားစုစားဝတ်နေရေးအတွက် ဘာမီနီက She-Taxi ဆိုတဲ့တက္ကစီအငှားကားမောင်းတဲ့ ကုမ္ပဏီမှာအလုပ်ဝင်လိုက်ရပါတယ်။ တစ်နေ့မှာတော့ ကုမ္ပဏီသူဌေးရဲ့ပါတနာဖြစ်သူ မစ္စတာလပ်ကီးဆင်းလာမှာဖြစ်တဲ့အတွက် အရမ်းအရေးကြီးတဲ့ဧည့်သည်မို့လို့ ဘာမီနီကို လေဆိပ်သွားကြိုခိုင်းလိုက်ပါတယ်။

ဘာမီနီဟာ လပ်ကီးဆင်းသွားချင်တဲ့နေရာကိုလိုက်ပို့ရင်း နေ့လည်ရောက်တော့ သူ့ရဲ့တစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်တဲ့အတွက် အိမ်ပြန်မှဖြစ်မယ်လို့ လပ်ကီးဆင်းဆီမှာ ခွင့်တောင်းခဲ့ရာ လပ်ကီးဆင်းက ပေကပ်ကပ်နဲ့အိမ်ပြန်ခွင့်မပေးပဲ သူပါလိုက်ခဲ့မယ်လို့ ပြောပါတယ်။ ဒီလိုနဲ့ပဲ ဘာမီနီဟာ လပ်ကီးဆင်းကို သူတို့ရဲ့တိုက်ခန်းဆီကို ခေါ်လာခဲ့ရပါတယ်။ သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့လေးကို လပ်ကီးဆင်းလိုသူစိမ်းတစ်ယောက်က မဖိတ်ခေါ်ပဲရောက်လာခဲ့ပြီး နောက်ပိုင်းမှာ ဘာမီနီတို့မိသားစု ဘာတွေကြုံတွေရမလဲ။ လပ်ကီးဆင်းကရော ဘာသဘောနဲ့အတင်းလိုက်လာတာလဲ။ေ ရှ့ဆက်ပြီးဘာတွေကြုံတွေရမလဲဆိုတော့ကို စိတ်ဝင်တစားနဲ့ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။

ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ ဇာတ်လမ်းအဆုံးကို တဖြည်းဖြည်းချင်း စိတ်ဝင်စားအောင်ဆွဲခေါ်သွားတဲ့ဇာတ်ကားလေးဖြစ်လို့ မှုခင်းစုံထောက်ဇာတ်ကာကြိုက်နှစ်သက်သူတွေအဖို့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

  • Format……….: .mp4 & .mkv
  • Quality………..: WEB-DL
  • Resolution….: 4k 5.1CH, 1080p 5.1CH, 720p, 480p
  • Duration……..: 2h 13m
  • Translator…..: MCEC
  • Encoder………: MZM
Subscribe
Notify of
Monster (2022)
0 Comments
Inline Feedbacks
View all comments