Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

Morbius (2022)

Morbius (2022)
104 min|Action, Adventure, Horror|01 Apr 2022
5.2Rating: 5.2 / 10 from 92,491 usersMetascore: 35
Biochemist Michael Morbius tries to cure himself of a rare blood disease, but he inadvertently infects himself with a form of vampirism instead.

ဂရိကဆေးရုံတစ်ရုံမှာအသက်ဆယ်နှစ်အရွယ်မိုက်ကယ်ဆိုတဲ့ကောင်လေးဟာ နောက်အသစ်ရောက်လာတဲ့ လူစီယန်ဆိုတဲ့သူ့လိုပဲရှားပါးတဲ့ရောဂါတစ်မျိုးခံစားနေရတဲ့ ဘဝတူကောင်လေးတစ်ယောက်နဲ့ညီရင်းအစ်ကိုလိုချစ်ခင်ရင်းနှီးခဲ့ကြပြီး ပညာပိုင်းမှာ ပါရမီပါလာတဲ့ မိုက်ကယ်ဟာပံ့ပိုးမှုကောင်းကောင်းလေ့လာကြိုးစားမှုတွေနဲ့ အတူသွေးဘက်ဆိုင်ရာရောဂါတွေမှာ ဆရာတစ်ဆူဖြစ်လာခဲ့ပါတယ်။

မိုက်ကယ်ဟာ သူတို့ရောဂါကိုကုသနိုင်မယ့်ကုထုံးကိုတစ်စိုက်မတ်မတ်ရှာဖွေနေရင်းနဲ့ သွေးစုပ်လင်းနို့တွေရဲ့ဒီအန်အေနဲ့ လူ့ဒီအန်အေကိုပေါင်းစပ်တဲ့စမ်းသပ်မှုတစ်ခုကနေ သွေးစုပ်ကောင်တစ်ပိုင်းအဖြစ်ပြောင်းလဲသွားခဲ့ပြီး စွမ်းအားတွေ ဘေးထွက်ဆိုးကျိုးတွေပါခံစားလာရပြီးတဲ့နောက်၊ အဲ့ဒီကုထုံးကိုအရူးအမူးလိုချင်တဲ့ လူစီယန်ကလဲ သူအတန်တန်တားတဲ့ကြားက ရယူသုံးစွဲပြီး ထိန်းမနိုင်သိမ်းမရတဲ့သွေးစုပ်ကောင်အဖြစ်ပြောင်းလဲရုံမက စိတ်ဓာတ်တွေပါ ခက်ထန်ကြမ်းတမ်းပြောင်းလဲသွားတဲ့အခါ..။

အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ Venom လို Antihero တစ်ယောက်ပဲဖြစ်တဲ့ Morbius ရဲ့ဖြစ်ပေါ်လာပုံအကြောင်းမိတ်ဆက်ဖြစ်ပါတယ်။ Credit Scene မှာတော့ Spiderman နဲ့ ချိတ်ဆက်ဖို့အစပျိုးပြသွားပါတယ်။

  • Format……….: .mp4 & .mkv
  • Quality………..: Blu-ray
  • Resolution….: 4K, 1080p 5.1CH, 1080p TrueHD, 720p, 480p
  • Duration……..: 1h 44m
  • Translator…..: Dreamy
  • Encoder………: MZM

Leave a Reply

Your email address will not be published.

More to Watch
Movies   Web-DL   

Janhit Mein Jaari (2022)

ဒီဇာတ်ကားလေးကတော့ Comedy, Drama, Romance အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မန်နူဟာခေတ်ပညာတတ်အမျိုးသမီးတစ်ယောက်ဖြစ်ပြီးအိမ်ထောင်ပြုသားမွေးတင်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုရပ်တည်နိုင်တဲ့အမှီခိုကင်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်ချင်နေတဲ့သူပါ။ ဒါကြောင့်လည်းသူ့မိဘတွေက အိမ်ထောင်ဖက်တွေ့ပေးဖို့စီစဉ်တာတွေကိုလက်မခံဘဲ အလုပ်ပဲလိုက်ရှာနေခဲ့တာပါ တစ်နေ့မှာတော့မန်နူတစ်ယောက်ကွန်ဒုံးထုတ်တဲ့စက်ရုံမှာ လစာကောင်းကောင်းနဲ့အလုပ်ရခဲ့ပါတယ်။ အိန္ဒိယလူမှုပတ်ဝန်းကျင်ဆိုတာက ထုံးတမ်းစဉ်လာတွေကို အလေးအနက်ထားပြီးအယူသီးတဲ့မိသားစုတွေများပါတယ်။ ကွန်ဒုံးစက်ရုံမှာ အလုပ်လုပ်ဖို့မပြောနဲ့ ဒီကွန်ဒုံးဆိုတဲ့စကားလုံးကိုတောင်ညစ်ညမ်းတယ်လို့သတ်မှတ်ထားတဲ့သူတွေပါ ဒါပေမယ့် မန်နူဟာ ကွန်ဒုံးစက်ရုံမှာ အလုပ်စလုပ်တုန်းက အလုပ်တစ်ခုလိုပဲ သဘောထားရာကနေ အိန္ဒိယနိုင်ငံအတွင်း တရားမဝင်ကိုယ်ဝန်ဖျက်ချမှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ မိန်းကလေးတွေရဲ့ဘဝကို စာနာမိပြီး ကွန်ဒုံးရောင်းတယ်ဆိုတာထက် အမျိုးသမီးအားလုံးကို အသိပညာပေးခဲ့ပါတယ်။ ဒီဇာတ်ကားလေးထဲမှာ မန်နူဟာ လူမှုပတ်ဝန်းကျင်ရဲ့အယူသီးမှု အစွဲကြီးမှုတွေကိုဆန့်ကျင်ပြီးအမျိုးသမီးတွေရဲ့ကျန်းမာရေး ဘေးကင်းရေးအတွက် ဘယ်လိုမျိုးအသိပညာပေးသွားသလဲ။ လူမှုပတ်ဝန်းကျင်ရဲ့တိုက်ခိုက်မှုတွေကို ဘယ်လိုရင်ဆိုင်သွားသလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇတ်ကားလေးဖြစ်လို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: WEb-DL Resolution….: 1080p, 720p, 480p Duration……..: 2h 26m […]
  • 4k
  • 4 weeks ago
Movies   Web-DL   

Carter (2022)

ကာတာဟာ အတိတ်မှတ်ဉာဏ်တွေကိုမေ့ပျောက်နေရာကနေနိုးထလာခဲ့ချိန် အနားမှာရန်သူတွေ ဝိုင်းနေပါတယ်။ အဲ့ဒီအချိန်မှာပဲဖုန်းသံမြည်လာခဲ့ပြီး ဖုန်းထဲကအသံဟာ သူ့ကိုဝိုင်းနေတဲ့အထဲကတစ်ယောက်ကို ဖုန်းပေးခိုင်းတဲ့အတွက်ညွှန်ကြားတဲ့အတိုင်းပေးလိုက်ချိန်မှာတော့ ဖုန်းပေါက်ကွဲသွားပြီး အားလုံးလဲကျသွားချိန်မှာသူထွက်ပြေးရပါတော့တယ်၊ အဲ့ဒီကစလို့ ဘာကိုမှ မမှတ်မိတဲ့သူ့အနေနဲ့ ဖုန်းထဲက ညွှန်ကြားတဲ့အသံအတိုင်းလိုက်လုပ်ရဖို့ဖြစ်လာခဲ့သလိုသွားလေရာမှာလဲရန်သူတွေ ဝိုင်းနေတာပါပဲ၊ သေချာတာတစ်ခုက သူ့နားထဲကအသံရော၊ သူ့ဘေးကလူတွေရော ချဉ်းကပ်လာသူမှန်သမျှ ဘယ်သူ့ကိုမှမယုံရဘူးဆိုတာပါပဲ။ အစကနေအဆုံးအထိကြမ်းချက်က မနားတမ်းဖြစ်တဲ့အတွက် ပရိသတ်အသက်ရှုချိန်တောင်မရတဲ့အထိပါပဲ၊ တစ်ကားလုံးနီးပါးကို One shot ပုံစံမျိုးနဲ့ရိုက်ထားတာဖြစ်ပြီး လက်ကိုင်ကင်မရာရိုက်ချက်ဆန်ဆန်တွေ ဂိမ်းမြင်ကွင်းပုံစံတွေမျိုးတွေကိုပါ ဆန်းဆန်းပြားပြားတွေ့မြင်ရပါလိမ့်မယ်။ The villainess နဲ့ Hardcore Henary တို့ကိုရောမွှေထားတဲ့ပုံစံမျိုးဖြစ်ပြီး Non-stop အက်ရှင်စစ်စစ်ဖြစ်တဲ့အတွက် အက်ရှင်ပရိသတ်တွေအတွက်ရွှေပါပဲ။ ဝေဖန်ရေးဆရာတွေကတော့ အက်ရှင်ခန်းတွေများလွန်းတာ၊ကြမ်းလွန်းတာကို ချေးများကြပေမယ့်လဲ ပေါ့ပေါ့ပါးပါးဖျော်ဖြေရေးအတွက်ဆိုရင်တော့ရင်သပ်ရှုမော ရိုက်ချက်တွေ စတန့်ခန်းတွေ ခမ်းနားလှပသေသပ်တဲ့ ကိုယ်ခံပညာဇာတ်ဝင်ခန်းတွေက တန်လွန်းမကတန်ပါလိမ့်မယ်။ (ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတစ်ချို့နဲ့ကြမ်းတမ်းရက်စက်တဲ့သတ်ဖြတ်ခန်းတွေကြောင့်တော့ မိသားစုကြည့်ဖို့မသင့်ပါ) Format……….: .mp4 & .mkv […]
  • 4k
  • 4 weeks ago
Movies   Blu-ray   

The Suicide Squad (2021)

ကဲကဲ ဒီတစ်ခါတော့ DC ဖန်လေးတွေအတွက် ကားသစ်လေးလာပါပြီ နာမည်ကြီး အသေခံတပ်ဖွဲ့ကြီးလာပါပြီSuicide Squad (2021) ပါDC မှာတော့ သူတို့အဖွဲ့က ဗရုတ်သုတ်ခ အကျဆုံးပါပဲသူတို့တစ်ဖွဲ့လုံးရဲ့ တစ်လွဲလုပ်တာတွေ နဲ့ Harley ရဲ့ ချစ်စရာ အရူးကွက်လေးတွေခံစားရမှာဖြစ်ပါတယ် IMDB rating- 7.9Rotten tomatoes rating – 95 % ‌တောင်ရထားတာပါ ဒီ Rating တွေနဲ့ဆိုရင်တော့ ဘယ်လောက်ကောင်းလဲ သိပ်ပြောနေဖို့တောင်မလိုတော့ဘူးနော်နာမည်ကြီး Suicide squad ရဲ့ တာဝန်တွေက ဘာတွေဖြစ်မလဲ ဘယ်လိုမဖြစ်နိုင်တဲ့အရာတွေကို အောင်မြင်အောင်လုပ်ကြမလဲဆိုတာတော့ ဇာတ်ကားလေး Down ပြီး အပြည့်အဝခံစားလိုက်ကြပါစို့….. Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K TrueHD 7.1, […]
  • 4k
  • 4 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)