
ရုပ်ရှင်ချစ်သူအားလုံးရဲ့အချစ်တော်ဂန္တဝင်မင်းသားကြီးဖြစ်တဲ့ Tom Hanks ရဲ့ဇာတ်ကားကောင်းလေးတစ်ကားထပ်ထွက်လာပါပြီ။
ဇာတ်ကားလေးရဲ့ခေါင်းစဉ်အတိုင်းပဲသူကအော့တိုဆိုတဲ့လူနေရာမှာသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အော့တိုဆိုတာကလူတိုင်းကိုအမြင်ကပ်နေပြီးကမ္ဘာကြီးကိုကန့်လန့်တိုက်ဘေးတစောင်းသွားနေတဲ့လူ့ဂွစာကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ အိမ်နီးနားချင်းတွေဘယ်သူနဲ့မှလဲအဆင်မပြေသလိုဘယ်သူနဲ့မှကိုလဲအဆင်မပြေပါဘူး။ ဒါပေမယ့်တစ်နေ့တော့သူ့ရဲ့အိမ်ရှေ့ကိုမာရီဆိုတို့မိသားစုပြောင်းရွှေ့လာခဲ့ပါတယ်။ အော့တိုတစ်ယောက်မာရီဆိုတို့မိသားစုနဲ့တွေ့သွားတဲ့အချိန်မှာတစ်စချင်းတစ်စချင်းနဲ့ပြောင်းလဲလာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့သူဘာလို့ဒီလိုလူ့ဂွစာတစ်ယောက်ဖြစ်နေရတယ်ဆိုတဲ့အကြောင်းအရင်းတွေနဲ့သူအရင်ကအတိုင်းပျော်ပျော်ရွှင်ရွှင်ပြန်လည်နေထိုင်သွားနိုင်မလားဆိုတာကိုဝမ်းနည်းဖွယ်ရာ စိတ်ဝင်စားဖွယ်ရာရိုက်ကူးထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။