
Marvel Fan တွေအတွက်သတင်းကောင်းလာပါပြီ။ ကျွန်တော်တို့ရဲ့အချစ်တော်ကြီး Ant Man ကိုမိသားစုံစုံလင်လင်နဲ့ဒီကားထဲမှာပြန်တွေ့ရမှာဖြစ်ပြီး အရွယ်ရောက်လာတဲ့ကက်စီလေးကိုလဲမြင်တွေ့ရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်ကတော့စကော့တစ်ယောက် End Game ပြီးပြီးနောက်ပိုင်းသူ့ရဲ့အတွေ့အကြုံတွေအကြောင်းကိုစာအုပ်ထုတ်ပြီးအရင်နဲ့မတူတော့တဲ့လူတစ်ယောက်အဖြစ်ပျော်ရွှင်စွာနေထိုင်နေပါတယ်။တစ်နေ့မှာတော့မိသားစုထမင်းလက်ဆုံစားနေရင်းနဲ့ကက်စီနဲ့အဖိုးဖြစ်သူတို့ရဲ့လျှို့ဝှက်သုတေသနအကြောင်းကိုသိသွားကြပါတော့တယ်။ အဲ့ဒါကတော့ကက်စီတစ်ယောက်ကွမ်တမ်လောကကိုလှမ်းပြီးကြည့်လို့ရတဲ့စက်တစ်ခုတီထွင်ထားတာပဲဖြစ်ပါတယ်။ ကံဆိုးခြင်းတော့အဲ့ဒီစက်ကြောင့်သူတို့မိသားစုတွေကွမ်တမ်လောကထဲကိုရောက်သွားကြပါတော့တယ်။ အဲ့ဒီမှာနှစ်သုံးဆယ်ကျော်ကြာနေထိုင်ခဲ့တဲ့ဂျန်းနက်တစ်ယောက်သူ့မိသားစုအပေါ်လျှို့ဝှက်ထားခဲ့တဲ့အရာတွေကိုတစ်ခုချင်းစီသိလာရပါတော့တယ်။ ဒီလိုနဲ့သူတို့တွေကွမ်တမ်လောကကနေပြန်ထွက်လာနိုင်မလားဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။