
ဒေါက်တာနိတ်စ်ဟာ သမီးငယ်နှစ်ယောက်နဲ့အတူကွယ်လွန်သွားပြီဖြစ်တဲ့ဇနီးသည်ရဲ့မွေးရပ်မြေတောင်အာဖရိကဘေးမဲ့တောတစ်ခုကိုအပန်းဖြေခရီးထွက်ရင်းသူငယ်ချင်းဟောင်း မာတင်နဲ့လဲပြန်တွေ့ဖြစ်ပါတယ်။ ဒီဘေးမဲ့တောရဲ့မန်နေဂျာတောခေါင်းဖြစ်နေတဲ့ မာတင်က သူတို့ကို VIP ခရီးစဉ်အနေနဲ့ခရီးသွားတွေနဲ့အသွားအလာဝေးတဲ့ လမ်းကြောင်းကနေခေါ်သွားခဲ့ပါတယ်။
မာတင်စောင့်ရှောက်ထားတဲ့ခြင်္သေ့အုပ်ကခြင်္သေ့မတစ်ကောင်လက်မှာဒဏ်ရာတွေ့ရတဲ့အတွက် သူ့တပည့်ကိုတိရိစ္ဆာန်ကုဆရာဝန်အခေါ်လွှတ်လိုက်ပြီးတဲ့နောက်လမ်းကရွာတစ်ရွာလုံးမှာခြင်္သေ့ဝင်သောင်းကျန်းသွားလို့အသက်ရှင်ကျန်ရစ်သူမရှိတာကိုတွေ့ခဲ့ရချိန်မှာ တစ်ဖြည်းဖြည်းသိလာရတာကသူတို့ရင်ဆိုင်နေရတဲ့ခြင်္သေ့ဟာ တရားမဝင်မုဆိုးတွေရဲ့သတ်ဖြတ်မှုကြောင့်တစ်အုပ်လုံးဆုံးရှုံးလိုက်ရတဲ့၊ လူတွေကိုအငြိုးအတေးအရမ်းကြီးနေတဲ့ခြင်္သေ့နာတစ်ကောင်ဆိုတာပါပဲ။ လက်နက်ဆိုလို့မေ့ဆေးသေနတ်လေးတစ်လက်၊ လူမမည်ကလေးကနှစ်ယောက် ဒီခြင်္သေ့ရန်၊ မုဆိုးတွေရန်ကနေမြို့ကြီးသားဆရာဝန်တစ်ယောက်ဘယ်လိုလွတ်အောင်ရုန်းထွက်မလဲဆိုတာ အသည်းတယားယားရှုစားကြရမှာပါ။
ဝါရင့်နာမည်ကျော်မင်းသားကြီး Idris Elba ခေါင်းဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာသဲထိတ်ရင်ဖို နဲ့ ကျဉ်းထဲကျပ်ထဲမှာ အသက်ရှင်ဖို့ရုန်းကန်ရတဲ့ survival ကားပရိသတ်တွေအတွက်နောက်ထပ်အကြိုက်တွေ့မယ့်ကားသစ်တစ်ကားဖြစ်ပါတယ်။