
Marvel Fan တွေအားလုံးပဲစောင့်မျှော်နေကြတဲ့ Black Panther Wakanda Forever ထွက်လာခဲ့ပါပြီ။ ဒီကားကိုကြာချိန် ၂ နာရီကျော်သုံးနာရီနီးပါးနဲ့ Marvel ကားတွေကိုမျှော်နေကြတဲ့သူတွေအတွက်တော့တဝကြီးကြည့်ရှူရမှာပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ဘုရင်တီချာလာသေသွားပြီးတဲ့အချိန်မှာသူ့အမေဖြစ်တဲ့ဘုရင်မကြီးကပဲဝါကန်ဒါကိုဆက်လက်အုပ်ချုပ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ဝါကန်ဒါကိုသူစိမ်းတစ်ယောက်ကကျူးကျော်လာခဲ့ပါတယ်။ အဲ့ဒီသူစိမ်းကရေအောက်ကမ္ဘာထဲကလာတာဖြစ်ပြီး သူတို့ဆီက ဗိုက်ဘရေနီယမ်တွေကိုဗိုက်ဘရေနီယမ်ရှာတဲ့စက်နဲ့အမေရိကန်တွေကရှာဖွေဖို့ကြိုးစားတဲ့အတွက် ဗိုက်ဘရေနီယမ်အကြောင်း ကမ္ဘာကသိသွားအောင်လုပ်ခဲ့တဲ့တရားခံဖြစ်တဲ့ဝါကန်ဒါကလူတွေကိုအဲ့ဒီစက်ကိုတီထွင်ခဲ့တဲ့သိပ္ပံပညာရှင်ကိုဖမ်းပြီးသူတို့ဆီပို့ခိုင်းဖို့လာပြောခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့အဲ့ဒီသိပ္ပံပညာရှင်ကိုဝါကန်ဒါစစ်သူကြီးအိုကိုရဲနဲ့မင်းသမီးရှူရီတို့နှစ်ယောက်သားသွားရှာခဲ့ကြပါတယ်။ သူတို့ရှာချင်နေတဲ့သူကိုတွေ့သွားပေမဲ့လဲလမ်းမှာသူတို့မသိတဲ့ စွမ်းအားကြီးတဲ့သူတွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး မင်းသမီးရှူရီအဖမ်းခံခဲ့ရပါတယ်။ မင်းသမီးရှူရီအဲ့ဒီကိုရောက်သွားတဲ့အခါမှာတော့သူတို့ရဲ့အကြံအစည်တွေကထင်တာထက်ကိုပိုဆိုးရွားနေတာကိုသိခဲ့ရပါတယ်။
ဒီလိုနဲ့ဝါကန်ဒါကလူတွေကမင်းသမီးရှူရီကိုကယ်တင်ဖို့ကြိုးစားရင်းနဲ့သူတို့ရဲ့အကြံအစည်တွေကိုတားဆီးနိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။