
Among Us Live Action ကြည့်ချင်ပါသလား။ အဲ့ဒါဆိုရင်ဒီကားကိုကြည့်ကြည့်ပါ။
လူငယ်တွေရဲ့ထုံးစံအတိုင်းချမ်းသာတဲ့သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာသူငယ်ချင်းတွေစုပြီးပါတီပေးကြပါတယ်။ရှန်ပိန်တွေသောက်လိုက်ဆေးတွေချလိုက်နဲ့တစ်နေကုန်ပျော်ပျော်ပါးပါးနေပြီးနောက်မှာတော့ညဘက်ကိုရောက်လာခဲ့ပါတယ်။ ညဘက်မှာလဲသီချင်းတွေဖွင့်ကခုန်နေရင်းနဲ့သူငယ်ချင်းတစ်ယောက်ကဘော်ဒီဘော်ဒီဘော်ဒီဆိုတဲ့ကစားနည်းကိုကစားဖို့အကြံပေးခဲ့ပါတယ်။ အဲ့ဒီကစားနည်းကပြောခဲ့တဲ့အတိုင်းပဲ Among Us နဲ့တော်တော်လေးကိုဆင်တူပါတယ်။ ကစားသူတွေထဲကလူသတ်သမားတစ်ယောက်ကိုကျပန်းရွေးချယ်ရမှာဖြစ်ပြီးပွဲစပြီဆိုတာနဲ့မီးတွေကိုဖြတ်လိုက်မှာဖြစ်ပါတယ်။ အဲ့ဒီမီးတွေဖြတ်လိုက်တဲ့အချိန်မှာလူသတ်သမားကတခြားသူတွေကိုကျောကုန်းကိုပုတ်ပြီးတော့ဖြစ်ဖြစ်သတ်ရမှာဖြစ်ပါတယ်။ အထိခံရတဲ့သူကသေချင်ယောင်ဆောင်ပြီးတော့လှဲနေရမှာဖြစ်ပါတယ်။ အဲ့ဒီလိုလှဲနေတာကိုတွေ့မိလို့ Report တင်ရင်တော့ချက်ချင်းပဲ Imposter ခေါ်လူသတ်သမားကိုတိုင်ပင်ပြီးထုတ်ရမှာဖြစ်ပါတယ်။
ဒါပေမယ့်ကစားပွဲတစ်ခုကနေတကယ်တမ်းလူတွေသေလာတဲ့အခါမှာတော့အကုန်လုံးခြောက်ခြားလာကြပြီးတကယ့်လူသတ်သမားအစစ်ကိုဘယ်လိုဖော်ထုတ်မလဲဆိုတာကြည့်ရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။