
ဘော့စတွန်မြို့ရဲ့အမေရိကန်မှတ်တမ်းဆိုတဲ့သတင်းစာတိုက်မှာလော်ရက်တာဆိုတဲ့အမျိုးသမီးတစ်ယောက်ကအလုပ်လုပ်နေပါတယ်။ တစ်နေ့မှာတော့အဲ့ဒီမြို့မှာအမျိုးသမီးတစ်ယောက်ကိုလည်ပင်းညှစ်သတ်ပြီးသတ်ခဲ့တဲ့အမှုတစ်ခုဖြစ်ခဲ့ပါတော့တယ်။ ဒါပေမယ့်လူသတ်သမားကတစ်ယောက်တည်းသတ်ရုံတင်မကပဲတစ်ယောက်ပြီးတစ်ယောက်လိုက်သတ်နေတာသုံးယောက်မြောက်ရှိလာတဲ့အခါမှာလော်ရက်တာတစ်ယောက်ဒီသတင်းကိုလိုက်ချင်လာပါတော့တယ်။ ဒီလိုနဲ့ခွင့်တောင်းပြီးလိုက်ခဲ့တဲ့အခါမှာစုံထောက်တွေထက်ပိုကောင်းအောင်စုံစမ်းနိုင်နေတာကိုအံ့သြဖွယ်တွေ့ရမှာပဲဖြစ်ပါတယ်။
လူသတ်သမားကလဲလူသတ်နေတာကိုမရပ်သေးပဲနဲ့တစ်ယောက်ပြီးတစ်ယောက်ဆက်လက်သတ်နေခဲ့ပါတယ်။ လော်ရက်တာတစ်ယောက်ဒီလူသတ်သမားကိုဖော်ထုတ်နိုင်မလားဆိုတာကိုကြည့်ရှုရမဲ့စုံထောက်ဇာတ်ကားကိုမှတစ်မူထူးခြားအောင်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။