
နိုက်ဂျီးရီးယန်းနိုင်ငံကနေပြီးတော့ရိုက်ကူးထားတဲ့နိုင်ငံတကာကိုရင်ဘောင်တန်းနိုင်တဲ့အက်ရှင်ကားအသစ်တစ်ကားထပ်ထွက်လာပါပြီ။ဇာတ်ကားနာမည်ကတော့ Brotherhood လို့ခေါ်ပြီးတော့ညီအစ်ကိုတွေရဲ့သံယောဇဉ်အကြောင်းကိုရိုက်ကူးထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။
အက်ကင်နဲ့ဝါလီကအမြွာညီအစ်ကိုတွေဖြစ်ပြီးသူတို့တွေကကျေးညီနောင်လိုမျိုးပဲ ဝါလီကဥပဒေဘက်တော်သားအထူးရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အက်ကင်ကတော့ထောင်ကိုအိမ်လိုပဲဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ရာဇဝတ်သားတစ်ယောက်ဖြစ်ပါတယ်။ အက်ကင်တစ်ယောက်ဒီတစ်ခေါက်လဲထောင်ကထွက်လာပြီးသိပ်မကြာခင်မှာပဲရာဇဝတ်ဂိုဏ်းတစ်ခုနဲ့ပူးပေါင်းပြီးငွေသယ်တဲ့ဘဏ်ကားတွေကိုဓားပြတိုက်ခဲ့ပါတယ်။
ဒီလိုနဲ့ရဲသားတစ်ယောက်ဖြစ်တဲ့သူ့အစ်ကိုနဲ့ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာဘာတွေဆက်ဖြစ်မယ်ဆိုတာကိုကြည့်ရှုရမဲ့ဇာတ်အိမ်ကောင်းကောင်းနဲ့အက်ရှင်ကားတစ်ကားဖြစ်ပါတယ်။