
ဒီဇာတ်ကားလေးကတော့ Action, Comedy, Thriller အမျိုးအစားဖြစ်ပါတယ်။ မင်းသားကြီး ဘရက်ပစ်ရဲ့ အက်ရှင်၊ ဟာသကောင်းလေးဖြစ်လို့ လူတိုင်းကြိုက်ကြမှာပါ။
ဇာတ်လမ်းလေးကတော့ ဘရက်ပစ်ဟာ စိတ်ဒဏ်ရာတွေကြောင့် ဆရာဝန်ပြရင်းအနားယူနေတဲ့ ကြေးစားဟောင်းတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ အလုပ်ပြန်စလုပ်ဖို့လွယ်တဲ့အလုပ်လေးတွေပေးဖို့ တောင်းဆိုလိုက်တဲ့အခါ သူ့ကို ရထားပေါ်ကပစ္စည်းတစ်ခု သွားယူပြီး ပြန်ဆင်းလာဖို့ လွယ်ကူတဲ့အလုပ်လေး ပေးလိုက်ပါတယ်။
ဖြစ်ချင်တော့ အဲဒီပစ္စည်းက ဂျပန်ကအကြီးဆုံးဂိုဏ်းခေါင်းဆောင်ရယ်၊ တခြားနာမည်ကြီးလူသတ်သမားကြေးစားတွေရယ်နဲ့ပတ်သက်နေပြီး ဘရက်ပစ်တစ်ယောက် အရှုပ်ထုတ်ကြားထဲအော်တိုရောက်သွားပြီ ဘယ်လိုတလွဲတွေလုပ်ပြီး အသက်ရှင်အောင် ဘယ်လိုရုန်းကန်မလဲဆိုတာကို ရင်ခုန်ခံစားစွာကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်လို့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။