
ဒီဇာတ်ကားလေးက Crime, Drama, Thriller အမျိုးအစားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ လေယာဉ်မယ်လေး နေဟာက အန်ကစ်ဆိုတဲ့သက်သက်လွတ်သမားတစ်ယောက်နဲ့ လေယာဉ်ပေါ်မှာဆုံခဲ့ပြီး ချစ်သူတွေဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ နေဟာမှာကိုယ်ဝန်ရှိသွားတဲ့အတွက် ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်တော့မယ်ဆိုပြီး အရမ်းပျော်နေခဲ့တာပေါ့။ ဒါပေမဲ့ အန်ကစ်ရဲ့ကိုယ်ပိုင်စိန်လုပ်ငန်းကအမှားအယွင်းတစ်ခုကြောင့် အန်ကစ်ဟာ သူ့ကုမ္မဏီကစိန်ကို သူကိုယ်တိုင်ပြန်ခိုးရမယ့်အဖြစ်ကို ရောက်ရှိသွားပါတယ်။ အဲဒီတော့ နေဟာနဲ့အန်ကစ်တို့ဟာ စိန်တွေကိုခိုးယူဖို့ အစီအစဉ်ဆွဲပါတော့တယ်။ ဒါပေမဲ့ လေယာဉ်ပေါ်မှာ သူတို့စီစဉ်ထားတဲ့အတိုင်းဖြစ်မလာပဲ မျှော်လင့်မထားတဲ့ လေယာဉ်ပြန်ပေးဆွဲမှုကြီးနဲ့ကြုံလိုက်ရတဲ့အခါ နေဟာနဲ့အန်ကစ်တို့ စိန်တွေကိုခိုးယူနိုင်ပါ့မလား။ ပြန်ပေးသမားတွေကရော ဘာဖြစ်လို့လေယာဉ်ကိုပြန်ပေးဆွဲရတာလဲဆိုတာကို မြှုပ်ကွက်များစွာနဲ့ စိတ်ဝင်တစားကြည့်ရှုခံစားရမှာဖြစ်လို့ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ။