
ဇာတ်လမ်းရဲ့အစမှာတော့ အဲလက်စ်ဆိုတဲ့ကောင်လေးက နွေရာသီကျောင်းပိတ်ရက်မှာသူ့အဖိုးနေတဲ့ မက္ကဆီကိုမြို့ကိုအလည်သွားရောက်ခဲ့ပါတယ်။ တစ်ရက်မှာ သူ့အဖိုးဟာအကောင်ကြီးတစ်ကောင်ကိုကားနဲ့ဝင်တိုက်မိပြီး အယ်ချူပါကာဘရာ အကောင်လေးရဲ့မိသားစုကိုရှာမတွေ့တာနဲ့ အဖိုးက အိမ်ကိုခေါ်ခဲ့ပါတယ်။ အယ်ချူပါကာဘရာက လူကြားထဲမှာ ဒဏ္ဍာရီထဲကကောင်လေးလိုရေပန်းစားနေတဲ့ အကောင်ပဲဖြစ်ပါတယ်။ ချူပါဆိုတာ စုပ်ယူသူဆိုပြီးအဓိပ္ပါယ်ရပါတယ်။ နာမည်နဲ့လိုက်အောင်သူတို့က ဆိတ်သွေးတွေကိုသောက်တဲ့ သားရိုင်းပဲဖြစ်ပါတယ်။ သူတို့လေးတွေက ဒဏ်ရာတွေကိုအလွယ်တကူပျောက်စေတဲ့အစွမ်းရှိတာကြောင့် လူတွေက ရှာဖွေနေကြတာပါ။ အဖိုးရဲ့မြေးတွေက ချူပါလေးကို သူတို့မိသားစုဆီကိုပြန်ပို့စေချင်ကြတယ်။ ရှာဖွေသူတို့ကလည်းအဖိုးအိမ်ကိုလာရှာကြရင်း နောက်ဆုံးမှာဘယ်လိုဖြစ်သွားမလဲဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရူ့ရမှာဖြစ်ပါတယ်။