
ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရိုက်ကူးပုံဖော်ထားတဲ့ Comedy, Thriller အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ကိုကိန်း ၇၅ ပေါင်လောက်ကို စားမိခဲ့တဲ့ ဝက်ဝံနက်ကြီးတစ်ကောင်ရဲ့အကြောင်းပါ။
၁၉၈၅ ခုနှစ်တုန်းက သွန်တန်ဆိုတဲ့ဘိန်းမှောင်ခိုသမားတစ်ယောက်ဟာ ကိုကိန်းတွေအပြည့်ပါတဲ့ အိတ်တွေကို လေယာဉ်ပေါ်ကနေပစ်ချပြီး လေထီးနဲ့ခုန်ဆင်းခဲ့ပေမယ့် လေထီးမပွင့်ဘဲ သေဆုံးသွားခဲ့ပါတယ်။ အဲဒီကိုကင်းတွေဟာ တောအုပ်အနှံ့မှာပျံနှံ့သွားပြီး ဝက်ဝံနက်ကြီးတစ်ကောင်က မမျှော်လင့်ပဲစားမိသွားရာကနေ ကြိုက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဝက်ဝံကြီးဟာ တောထဲမှာ ကိုကိန်းတွေကိုလိုက်ရှာပြီး စားရင်းနဲ့ တောင်ပေါ်ကိုတက်တဲ့လူတိုင်းကို ဆေးကွဲပြီး ပတ်ရမ်းပါတော့တယ်။
အမေမသိအောင် ကျောင်းလစ်ပြီး သူငယ်ချင်းနဲ့အတူ ရေတံခွန်ကို ပန်းချီဆွဲဖို့သွားခဲ့တဲ့ ဒီးဒီးဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ အဲဒီဝက်ဝံကြီးရှိနေတဲ့တောင်ပေါ်ကိုရောက်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ။