
လက်ဝှေ့ကိုကြိုက်နှစ်သက်တဲ့ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် Creed ရုပ်ရှင်သုံးကားမြောက်ထွက်ရှိလာပါပြီ။
ဒီဇာတ်ကားထဲမှာတော့ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်တဲ့အဒေါနစ်စ်ခရိတစ်ယောက်လက်ဝှေ့လောကကနေအနားယူပြီးနောက်ပေါက်လက်ဝှေ့သမားတွေကိုသင်ကြားပေးနေတဲ့နည်းပြတစ်ယောက်အနေနဲ့အားကစားရုံတစ်ခုဖွင့်ထားခဲ့ပါတယ်။ တစ်နေ့မှာတော့သူနဲ့ကွဲကွာသွားတာနှစ် ၂၀ လောက်ရှိပြီဖြစ်တဲ့ငယ်သူငယ်ချင်းဒိမ်းနဲ့ပြန်တွေ့ခဲ့ပါတော့တယ်။ ဒိမ်းကထောင် ၁၈ နှစ်ကျခဲ့တာဖြစ်ပြီးသူနဲ့ပြန်တွေ့တဲ့အချိန်မှာလဲ ငယ်ငယ်ကလိုပဲလက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ချင်နေတုန်းပါပဲ။
ဒီလိုနဲ့ကံတရားကဒိမ်းကိုမျက်နှာသာပေးတဲ့အခါမှာခရိဒ်ရဲ့အတော်ဆုံးတပည့်တစ်ယောက်ဖြစ်တဲ့ဟဲဗီးဝိတ်ချန်ပီယံတစ်ယောက်ဖြစ်တဲ့ဖီးလစ်နဲ့ယှဉ်ပြိုင်ထိုးသတ်ခွင့်ရတဲ့အခါမှာဒိမ်းတစ်ယောက်သူဖြစ်ချင်နေတဲ့ချန်ပီယံတစ်ယောက်ဖြစ်သွားမလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။