
Superman ရဲ့မွေးရပ်မြေဖြစ်တဲ့ ခရစ်ပ်တွန်ဂြိုလ်ပျက်စီးတော့မဲ့အချိန်မှာသူ့မိဘတွေကသူ့ကိုဘေးကင်းအောင်ကမ္ဘာဂြိုလ်ကိုပို့ပေးလိုက်တဲ့အချိန်မှာသူ့ရဲ့ခွေးလေးခရစ်ပ်တိုကိုပါထည့်ပေးလိုက်ပါတယ်။ သူတို့ကငယ်ငယ်လေးကတည်းကအတူတူကြီးပြင်းလာတဲ့အတွက်သူတို့နှစ်ယောက်ကြားကသံယောဇဥ်ကလဲအလွန်ကြီးမားပါတယ်။ဒါပေမဲ့ Superman က လူးဝစ်လိန်းနဲ့ချစ်သူဖြစ်သွားတဲ့အခါမှာတော့ခရစ်ပ်တိုကိုအရင်လိုဂရုမစိုက်နိုင်တော့ပါဘူး။ အဲ့ဒီအခါမှာခွေးလေးခရစ်ပ်တိုကသဝန်တိုပြီးစိတ်ကောက်နေတဲ့အချိန်မှာ Superman အဖမ်းခံလိုက်ရပါတယ်။ အဖမ်းခံလိုက်ရတာ Superman တစ်ယောက်တည်းမဟုတ်ပဲ Justice League အဖွဲ့တစ်ခုလုံးပါအဖမ်းခံလိုက်ရတာပါ။
ဒီတော့ Justic League တစ်ခုလုံးကိုတောင်ဖမ်းနိုင်လောက်မဲ့ဗီလိန်ကဘယ်သူလဲ။ခွေးလေးခရစ်ပ်တိုကသူ့သူငယ်ချင်းတွေနဲ့ပူးပေါင်းပြီး Superman ကိုဘယ်လိုကယ်တင်မလဲဆိုတာကိုကြည့်ရှုရမဲ့ကာတွန်းကားလေးပဲဖြစ်ပါတယ်။