
လောကကြီးမှာပိုက်ဆံရှိတိုင်းလဲပျော်ရွှင်သာယာတဲ့ဘဝကိုပိုင်ဆိုင်ရမယ်လို့ထင်နေတဲ့လူတွေရှိပါသလား…….အဲ့ဒါဆိုရင်တော့ သင်ဒီကားကိုကြည့်ဖို့လိုပါပြီ။ ဒီဇာတ်ကားမှာအဓိကဇာတ်ဆောင်တွေကတော့ ပွာရိုးလို့ခေါ်တဲ့အရမ်းတော်ပြီးနာမည်ကြီးတဲ့စုံထောက်တစ်ယောက်ရယ် ကျိကျိတက်ချမ်းသာတဲ့လင်နက်လို့ခေါ်တဲ့သူဌေးသမီးတစ်ယောက်ရယ်သူ့ခင်ပွန်းနဲ့သူ့သူငယ်ချင်းတစ်ယောက်ပဲဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ လင်နက်ကသူမရဲ့ဟန်းနီးမွန်းကိုအီဂျစ်ကနိုင်းမြစ်မှာလုပ်ခဲ့ပြီးသူတို့စီးနင်းနေတဲ့လှေပေါ်မှာပဲထူးဆန်းစွာအသတ်ခံလိုက်ရပါတယ်။ သူမဘာကြောင့်အသတ်ခံရတာလဲဘယ်သူသတ်ခဲ့တာလဲဆိုတာကိုစုံထောက်ကြီးကစုံစမ်းတဲ့အခါမှာတော့မထင်မှတ်ထားတဲ့သူဖြစ်နေခဲ့ပါတယ်။
စုံထောက်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်ပြီးလူ့သဘောသဘာဝတွေကိုကြည့်ရှုရတာကြိုက်နှစ်သက်တယ်ဆိုရင်တော့ဒီကားလေးကရွှေပါပဲ။