What's happening?

Video Sources 5722 Views Report Error

  • YouTube Trailer
Dog Gone (2023)

Dog Gone (2023)

To find what's lost, a father and son will do the impossible.Jan. 13, 2023USA95 Min.TV-PG
Your rating: 0
5 1 vote

Synopsis

ဒီဇာတ်ကားလေးကတော့ Biography, Drama, Family အမျိုးအစားဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ဦးဦးဖျားဖျားထွက်ရှိလာတဲ့ တိရိစ္ဆာန်ကားလေးပါ။

ဇာတ်လမ်းအကျဉ်းကတော့ ဖီးလ်ဒင်ဟာ တက္ကသိုလ်တက်ရင်း ကောင်မလေးတစ်ယောက်ရဲ့အသည်းခွဲတာကိုခံလိုက်ရတဲ့အတွက် သူ့အချစ်ကိုတန်ဖိုးထားမယ့် ခွေးလေးတစ်ကောင်မွေးမယ်လို့ အကြံရသွားပါတယ်။ သူ့သူငယ်ချင်းနဲ့အတူ ထိန်းသိမ်းရေးစခန်းတစ်ခုမှာ ဂွန်းကာဆိုတဲ့ခွေးလေးကို ခေါ်ယူမွေးစားခဲ့ပါတယ်။

ကျောင်းပြီးတော့ သူငယ်ချင်းတွေအားလုံးမှာ အလုပ်ကိုယ်စီနဲ့ပေါ့။ ဒါပေမဲ့ ဖီးလ်ဒင်ကတော့ သူလျှောက်ချင်တဲ့ဘဝလမ်းကိုရွေးချယ်နေရင်း အလုပ်လက်မဲ့ဖြစ်နေဆဲပါပဲ။ ဖီးလ်ဒင်ရဲ့မိဘတွေကတော့ သူ့သားလေးကို အလုပ်တစ်ခုကိုအာရုံစိုက်လုပ်စေချင်တာပေါ့။ ဒီလိုနဲ့ပဲ ဖီးလ်ဒင်က သူ့မိဘတွေနဲ့ ကတောက်တဆတွေဖြစ်ခဲ့တာပေါ့။

တစ်နေ့မှာတော့ ဖီးလ်ဒင်ဟာ သူ့ခွေးလေးကိုခေါ်ပြီး သူ့ငယ်ချင်းနဲ့အတူ စိတ်ပြေလက်ပျောက်တောထဲမှာ လမ်းလျှောက်ထွက်ရင်းတစ်နေရာမှာ မြေခွေးကိုတွေ့တော့ ဂွန်းကာကို လိုက်ကိုက်ခိုင်းပါတယ်။ အဲဒီလိုနဲ့ ခွေးလေးဂွန်းကာဟာ မြေခွေးနောက်ကိုလိုက်သွားရင်းပြန်ရောက်မလာခဲ့ပါဘူး။ အဲဒီတော့ ဖီးလ်ဒင်တစ်ယောက် ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီးအသည်းအသန်လိုက်ရှာပါတော့တယ်။ ခွေးလေးဂွန်ကာမှာ အက်ဒီဆင်ဆိုတဲ့ရောဂါရှိနေပြီးအသက်ရှင်သန်နိုင်ဖို့ တစ်လတစ်ခါဆေးထိုးနေရတာပါ။

အဲဒီတော့ ဖီးလ်ဒင်တစ်ယောက် သူ့ရဲ့ခွေးလေးကို တစ်လအတွင်း အချိန်မီပြန်ရှာတွေ့နိုင်ပါ့မလား။ သူ့မိသားစုကရော သူရွေးချယ်မယ့်ဘဝခရီးလမ်းကို နားလည်ပေးနိုင်မှာလားဆိုတာကို စိတ်ပါဝင်စားစွာကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

Format……….: .mp4 & .mkv
Quality………..: WEB-DL
Resolution….: 1080p 5.1CH, 720p, 480p
Duration……..: 1h 35m
Translator…..: MCEC
Encoder………: MZM

Original title Dog Gone
IMDb Rating 6 3,901 votes
TMDb Rating 6.4 101 votes

Director

Cast

Johnny Berchtold isFielding Marshall
Fielding Marshall
Rob Lowe isJohn Marshall
John Marshall
Savannah Bruffey isPeyton Marshall
Peyton Marshall
Brian Brightman isGinny's Dad
Ginny's Dad
Holly Morris isGinny's Mom
Ginny's Mom
Caroline Skye isYoung Ginny
Young Ginny

Similar titles

Hard Hit (2021)
Fantastic Beasts: The Secrets of Dumbledore (2022)
Luther: The Fallen Sun (2023)
Doctor Strange in the Multiverse of Madness (2022)
Kingsman: The Golden Circle (2017)
Iratta (2023)
Out of Exile (2023)
Strange World (2022)
Three Wishes for Cinderella (2021)
Encanto (2021)
A Man Called Otto (2022)
Furies (2022)