
ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်ဇာတ်ကားကောင်းတစ်ကောင်းထပ်ထွက်လာခဲ့ပါပြီ။ ဒီဇာတ်ကားထဲမှာတော့နာမည်ကြီးသရုပ်ဆောင်တွေအဖြစ်နဲ့ Wonder Woman ထဲကသရုပ်ဆောင် Chris Pine နဲ့ Fast And Furious ရဲ့ပင်တိုင်မင်းသမီးဖြစ်တဲ့ Michelle Rodriguez တို့ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်ကားထွက်ရှိပြီးတဲ့အချိန်မှာ Rating ကောင်းကောင်းတွေလဲရထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ခေါင်းဆောင်မင်းသားမင်းသမီးနှစ်ယောက်ကကြီးမားတဲ့ဖောက်ထွင်းမှုကြီးတစ်ခုကိုကျူးလွန်ခဲ့တဲ့အတွက်အကျဉ်းကျနေခဲ့ပါတယ်။အက်ဒ်ဂင်ကလဲသူ့ရဲ့သမီးလေးအိမ်မှာကျန်နေခဲ့တဲ့အတွက်နှစ်နှစ်ကြာပြီးနောက်မှာထောင်ကနေဖောက်ထွင်းထွက်ပြေးလာခဲ့ပါတော့တယ်။ အဲ့ဒီနောက်မှာသိလိုက်ရတာကသူရဲ့သမီးလေးကိုသူကိုယ်တိုင်အပ်ထားခဲ့တဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်တဲ့သူကလူကောင်းတစ်ယောက်မဟုတ်ပဲအာဏာအတွက်အနီရောင်စုန်းရဲ့လက်အောက်မှာယစ်မူးနေတဲ့သူဖြစ်နေတဲ့အခါသူ့သမီးလေးကိုကယ်တင်ပြီးအာဏာရူးလုပ်ဖော်ကိုင်ဖက်ဟောင်းကိုဖြုတ်ချဖို့အတွက်အဖွဲ့သစ်တစ်ခုထပ်ဖွဲ့ပြီးကြိုးစားကြပုံကိုဟာသလေးတွေေနှောပြီးစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။