
Fantastic Beasts: The Secrets of Dumbledore ဟာ Fantastic Beasts ရုပ်ရှင်တွေရဲ့သုံးကားမြောက်ဖြစ်ပြီးတော့ Wizarding World အတွက်တော့ ၁၁ ကားမြောက်ပါ။ အကြောင်းအမျိုးမျိုးကြောင့် နှစ်နှစ်ကျော်နောက်ဆုတ်သွားခဲ့ရာကအခုမှပဲရုံတင်ဖြစ်တော့တာပါ။
ဂရင်ဒါဝဲဟာ မှော်လောကကြီးကိုအုပ်စိုးပြီးတော့ မက်ဂယ်တွေကိုရန်ရှာဖို့၊ မက်ဂယ်-မှော်လောက စစ်ပွဲကြီးဖန်တီးဖို့ ကြံစည်ကြိုးပမ်းနေတာကို ဒမ်ဘယ်ဒိုးကတားဆီးရမှာဖြစ်ပါတယ်။ ဂရင်ဒါဝဲဘက်မှာ နောက်လိုက်အင်အားတောင့်သလို မသမာတဲ့နည်းလမ်းတွေလဲသုံးလာမှာဖြစ်တဲ့အတွက် နျု့နဲ့တကွ မှော်ဆရာအုပ်စုတွေရဲ့အကူအညီကိုပါ ရယူရမှာပါ။
ဂရင်ဒါဝဲအဖြစ် Johnny Depp နေရာကိုအစားထိုးဝင်လာတဲ့ Mads Mikkelsen အပေါ်အငြင်းပွားချက်တွေရှိပေမယ့်လဲ သရုပ်ဆောင်ကောင်းဝါရင့်တစ်ယောက်ပီပီ တာဝန်ကျေခဲ့တာကို ငြင်းမရသလို Wizarding World franchise ပရိသတ်တွေလဲ အလွမ်းပြေစေရဦးမှာပါပဲ။