
၂၀၁၉ က ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ Knives Out ဇာတ်ကားထဲက ကမ္ဘာကျော်စုံထောက်ကြီးရဲ့ နောက်ထပ် murder mystery အမှုတစ်မှုဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ နည်းပညာဘီလျံနာကြီးတစ်ယောက်ဟာ ကိုဗစ်ကြောင့် လော့ဒေါင်းချထားတဲ့ကာလမှာ သူ့ရဲ့လူရင်းမိတ်ဆွေတွေကို သူ့ကိုယ်ပိုင်ကျွန်းဆီအလည်ခေါ်ပြီး ပထမဆုံးညမှာပဲ လူသတ်မှုတစ်ခုဖြစ်သွားတဲ့အခါ အလွှာအထပ်ထပ်နဲ့ ရှုပ်ထွေးပွေလီတဲ့ ဒီအမှုကို စုံထောက်ကြီးဘလောင့်တစ်ယောက် ဘယ်လိုဖြေရှင်းသွားဦးမလဲဆိုတာ စိတ်ဝင်တစားနဲ့ ရယ်ရယ်မောမောကြည့်ရှုရမှာပါ။