
မကြာတော့တဲ့အနာဂတ်မှာ လူမှုစီးပွား၊ သဘာ၀ ဝန်းကျင်တွေပျက်စီးနေတဲ့ ခေတ်ပျက်လောကကြီးမှာ အမည်မသိလူနှစ်ယောက်ဟာကန္တာရထဲကို ခရီးသွားရင်း ရွှေတုံးအကြီးကြီးကို ရှာတွေ့ခဲ့ပါတယ်။ သူတို့ပါလာတဲ့ ပစ္စည်းကိရိယာနဲ့ ထရပ်ကားလေးကိုသုံးပြီးဆွဲတင်ဖို့မရနိုင်တဲ့အတွက် တစ်ယောက်က ရွှေတုံးကိုစောင့်ကျန်ခဲ့ပြီး နောက်တစ်ယောက်က ငါးရက်လောက်ခရီးကိုသွားပြီး မြေတူးစက်သွားရှာဖို့ဖြစ်လာပါတော့တယ်။ ကျန်ခဲ့တဲ့တစ်ယောက်ဟာ ကန္တာရမှာအတွေ့အကြုံမရှိတဲ့လူငယ်ပါ။ သူ့အတွက် စားနပ်ရိက္ခာ၊ သောက်ရေ အစရှိတာတွေအကန့်အသတ်နဲ့ကျန်ခဲ့တာဖြစ်တဲ့အတွက် ဒါတွေလျော့ပါးစပြုလာတဲ့အချိန်မှာအရာရာခြောက်ခြားစရာဖြစ်လာပါတော့တယ်၊ အုပ်စုဖွဲ့အန္တရာယ်ပြုတတ်တဲ့ခွေးအတွေ၊ သားရဲတွေ၊ ကန္တာရမုန်တိုင်းတွေ ရွှေကိုမြင်လို့ လောဘတက်လာမယ့် ခရီးသွားတွေရဲ့ရန်စွယ်တွေကို သူ ဘယ်လိုရင်ဆိုင်တောင့်ခံမလဲ။
High School Musical မင်းသားချော Zac Efron ကိုအဓိက ဇာတ်ကောင်အဖြစ်မမှတ်မိနိုင်စရာဇာတ်ရုပ်နဲ့တွေ့မြင်ရမယ့် Survival thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။