
ဒီဇာတ်ကားလေးက Action, Crime, Drama အမျိုးအစားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိကေဒီဟာ ရာဇဝတ်သားတွေကို လုံးဝအထင်မကြီးပဲအခင်းဖြစ်တာနဲ့ တရားခံကို ၅မိနစ်အတွင်းဖမ်းပြနိုင်လို့ သတင်းသမားတွေကြားမှာနာမည်ကြီးနေတဲ့ရဲအရာရှိတစ်ယောက်ပေါ့။ သူ့ဘဝကို သူအရမ်းချစ်ရတဲ့ချစ်သူအာယာနဲ့ပျော်ရွှင်စွာဖြတ်သန်းနေခဲ့ပါတယ်။
တစ်နေ့မှာတော့ အရက်ဆိုင်က မိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရတဲ့အတွက် ကေဒီဟာ အခင်းဖြစ်ပွားရာနေရာကို သွားကြည့်ခဲ့ပါတယ်။ အသတ်ခံလိုက်ရတဲ့မိန်းကလေးဟာ ခန္ဓာကိုယ်ကိုအပိုင်းပိုင်းခုတ်ဖြတ်ခံထားရပြီး မူခင်းဆေးအဖွဲ့ကခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စစ်ဆေးကြည့်လိုက်တဲ့အခါ လူတစ်ယောက်တည်းရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေမဟုတ်ပဲ မိန်းကလေးလေးယောက်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေလို့သိလိုက်ရတဲ့အခါ ရာဇဝတ်သားတွေအထင်မကြီးတဲ့ ကေဒီတစ်ယောက် ဘယ်လိုလူသတ်သမားမျိုးနဲ့ကြုံတွေ့ရမလဲ။ တရားခံကိုရောဖော်ထုတ်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမယ့်မှုခင်းဇာတ်ကားလေးဖြစ်လို့ လက်လွှတ်မခံပဲ ကြည့်ရှုခံစားလိုက်ပါ။
(ရင်ထိတ်စရာသတ်ဖြတ်တဲ့အခန်းတွေပါတဲ့အတွက် ကလေးသူငယ်နဲ့အသည်းငယ်တတ်သူများ ကြည့်ရှုရန်မသင့်တော်ပါ)